ဒေါ်လာ ၃၈ သန်း လာဘ်စားမှုဖြင့် တရုတ်၌ စိုက်ပျိုးရေးဝန်ကြီးဟောင်းကို သေဒဏ်ချမှတ်၊ ပိုင်ဆိုင်မှုအားလုံးကို နိုင်ငံပိုင် သိမ်းယူ

380

HtayOung #OungMarine(NP News)-စက်တင်ဘာ-၃၀
တရုတ်နိုင်ငံမှာ ဒေါ်လာ ၃၈ သန်းနီးပါး လာဘ်ငွေ တောင်းယူမှုအတွက် “တန်ရန်ကျန်း” အမည်ရှိ စိုက်ပျိုးရေးနဲ့ ကျေးလက်ရေးရာဝန်ကြီးဟောင်းကို ၂-နှစ်ကြာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သေဒဏ်ချမှတ်လိုက်ကြောင်း နိုင်ငံ ပိုင် “ဆင်ဟွာသတင်းအေဂျင်စီ” ကို ကိုးကားပြီး “တီအာရ်တီအာဖရိက” ဒစ်ဂျစ်တယ်မီဒီယာ (28 September 2025) က ဖော်ပြပါတယ်။
တန်ရဲ့ နိုင်ငံရေးဆိုင်ရာ ခံစားခွင့်အားလုံးကို အပြီးအပိုင် ဖယ်ရှားလိုက်ကြောင်း၊ ကိုယ်ရေးကိုယ်တာ ပိုင်ဆိုင်မှု အားလုံးနဲ့ တရားမဝင်ငွေကြေးတို့ကိုလည်း သိမ်းယူပြီး ပြည်နယ်ပိုင်အဖြစ် လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း ဂျီလင်ပြည်နယ်၊ ချန်ချွန်းဒေသ ဥပစာတရားရုံးရဲ့ စီရင်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၀၇-ခုနှစ်မှ ၂၀၂၄-ခုနှစ်အတွင်း တန်ဟာ အခြားစီးပွားရေးဆိုင်ရာ သဘောတူညီချက်များ ရရှိစေရန်၊ ပရော ဂျက်လေလံများ အောင်မြင်စေရန်နှင့် ရာထူးတိုး အခွင့်အရေးများရယူရန်အတွက် ဗဟိုနဲ့ ဒေသဆိုင်ရာ အဆင့် များမှာ အကြီးတန်း ရာထူးအခွင့်အာဏာကို အလွဲသုံးစားခဲ့ကြောင်း၊ အပြန်အလှန်အားဖြင့် ယွမ် ၂၆၈ သန်း (ဒေါ်လာ ၃၈ သန်းခန့်) ကို လက်ခံခဲ့ကြောင်း တွေ့ရှိရတယ်လို့ တရားရုံးတော်က ဆိုပါတယ်။
ဒီအတွက် နိုင်ငံတော်နဲ့ အများပြည်သူတို့ရဲ့ အကျိုးစီးပွားကို ဆိုးရွားစွာ ထိခိုက်နစ်နာစေခဲ့ကြောင်း တရားသူ ကြီးများက ဆုံးဖြတ်ပြီး ကျူးလွန်မှုအတွက် သေဒဏ်ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် တန်ဟာ ကျူးလွန်ကြောင်း ဝန်ခံပြီး စုံစမ်းစစ်ဆေးရာမှာ ပူးပေါင်းကူညီခဲ့ကြောင်း၊ တရားမဝင် ရရှိခဲ့သမျှကိုလည်း ပြန်လည်ပေးအပ်ကာ နောင်တရမိပါကြောင်းနဲ့ တရားရုံးတော်က သက်ညှာပါရန် လျှောက်ထားခဲ့တယ်လို့ သိရှိရပါတယ်။
တန်ရဲ့ ရုံးချိန်းကို ဇူလိုင် ၂၅ ရက်က ပြုလုပ်ခဲ့ပြီး အစိုးရရှေ့နေများ၊ တရားခံများနဲ့ ရှေ့နေများက သက်သေအ ထောက်အထားများကို စစ်ဆေးပြီး အပြန်အလှန် လျှောက်လဲချက် ပေးခဲ့ကြပါတယ်။ တန်ရဲ့အပြီးသတ် လျှောက်လဲချက်မှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး အသနားခံစာ တင်သွင်းခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ နှစ်နှစ်ကြာ လွတ်ငြိမ်းသက်သာခွင့်ဖြင့် သေဒဏ်ချမှတ်ခြင်းဟာ အကျဉ်းသား အနေနဲ့ သက် သာခွင့်ကာလအတွင်း ကောင်းမွန်စွာနေထိုင်ကြောင်း ပြသပါက ပုံမှန်အားဖြင့် ထောင်ဒဏ်တသက်တစ်ကျွန်းသို့ လျှော့ပေါ့ပေးလေ့ရှိပါတယ်။
.

Zawgyi Version:
ေဒၚလာ ၃၈ သန္း လာဘ္စားမႈျဖင့္ တ႐ုတ္၌ စိုက္ပ်ိဳးေရးဝန္ႀကီးေဟာင္းကို ေသဒဏ္ခ်မွတ္၊ ပိုင္ဆိုင္မႈအားလုံးကို ႏိုင္ငံပိုင္ သိမ္းယူ
HtayOung #OungMarine(NP News)-စက္တင္ဘာ-၃၀
တ႐ုတ္ႏိုင္ငံမွာ ေဒၚလာ ၃၈ သန္းနီးပါး လာဘ္ေငြ ေတာင္းယူမႈအတြက္ “တန္ရန္က်န္း” အမည္ရွိ စိုက္ပ်ိဳးေရးနဲ႔ ေက်းလက္ေရးရာဝန္ႀကီးေဟာင္းကို ၂-ႏွစ္ၾကာ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ေသဒဏ္ခ်မွတ္လိုက္ေၾကာင္း ႏိုင္ငံ ပိုင္ “ဆင္ဟြာသတင္းေအဂ်င္စီ” ကို ကိုးကားၿပီး “တီအာရ္တီအာဖရိက” ဒစ္ဂ်စ္တယ္မီဒီယာ (28 September 2025) က ေဖာ္ျပပါတယ္။
တန္ရဲ႕ ႏိုင္ငံေရးဆိုင္ရာ ခံစားခြင့္အားလုံးကို အၿပီးအပိုင္ ဖယ္ရွားလိုက္ေၾကာင္း၊ ကိုယ္ေရးကိုယ္တာ ပိုင္ဆိုင္မႈ အားလုံးနဲ႔ တရားမဝင္ေငြေၾကးတို႔ကိုလည္း သိမ္းယူၿပီး ျပည္နယ္ပိုင္အျဖစ္ လႊဲေျပာင္းေပးရမည္ျဖစ္ေၾကာင္း ဂ်ီလင္ျပည္နယ္၊ ခ်န္ခြၽန္းေဒသ ဥပစာတရား႐ုံးရဲ႕ စီရင္ခ်က္မွာ ေဖာ္ျပထားပါတယ္။
၂၀၀၇-ခုႏွစ္မွ ၂၀၂၄-ခုႏွစ္အတြင္း တန္ဟာ အျခားစီးပြားေရးဆိုင္ရာ သေဘာတူညီခ်က္မ်ား ရရွိေစရန္၊ ပေရာ ဂ်က္ေလလံမ်ား ေအာင္ျမင္ေစရန္ႏွင့္ ရာထူးတိုး အခြင့္အေရးမ်ားရယူရန္အတြက္ ဗဟိုနဲ႔ ေဒသဆိုင္ရာ အဆင့္ မ်ားမွာ အႀကီးတန္း ရာထူးအခြင့္အာဏာကို အလြဲသုံးစားခဲ့ေၾကာင္း၊ အျပန္အလွန္အားျဖင့္ ယြမ္ ၂၆၈ သန္း (ေဒၚလာ ၃၈ သန္းခန႔္) ကို လက္ခံခဲ့ေၾကာင္း ေတြ႕ရွိရတယ္လို႔ တရား႐ုံးေတာ္က ဆိုပါတယ္။
ဒီအတြက္ ႏိုင္ငံေတာ္နဲ႔ အမ်ားျပည္သူတို႔ရဲ႕ အက်ိဳးစီးပြားကို ဆိုး႐ြားစြာ ထိခိုက္နစ္နာေစခဲ့ေၾကာင္း တရားသူ ႀကီးမ်ားက ဆုံးျဖတ္ၿပီး က်ဴးလြန္မႈအတြက္ ေသဒဏ္ခ်မွတ္ခဲ့ပါတယ္။ ဒါေပမယ့္ တန္ဟာ က်ဴးလြန္ေၾကာင္း ဝန္ခံၿပီး စုံစမ္းစစ္ေဆးရာမွာ ပူးေပါင္းကူညီခဲ့ေၾကာင္း၊ တရားမဝင္ ရရွိခဲ့သမွ်ကိုလည္း ျပန္လည္ေပးအပ္ကာ ေနာင္တရမိပါေၾကာင္းနဲ႔ တရား႐ုံးေတာ္က သက္ညႇာပါရန္ ေလွ်ာက္ထားခဲ့တယ္လို႔ သိရွိရပါတယ္။
တန္ရဲ႕ ႐ုံးခ်ိန္းကို ဇူလိုင္ ၂၅ ရက္က ျပဳလုပ္ခဲ့ၿပီး အစိုးရေရွ႕ေနမ်ား၊ တရားခံမ်ားနဲ႔ ေရွ႕ေနမ်ားက သက္ေသအ ေထာက္အထားမ်ားကို စစ္ေဆးၿပီး အျပန္အလွန္ ေလွ်ာက္လဲခ်က္ ေပးခဲ့ၾကပါတယ္။ တန္ရဲ႕အၿပီးသတ္ ေလွ်ာက္လဲခ်က္မွာ အျပစ္ရွိေၾကာင္း ဝန္ခံခဲ့ၿပီး အသနားခံစာ တင္သြင္းခဲ့ပါတယ္။
တ႐ုတ္ႏိုင္ငံမွာ ႏွစ္ႏွစ္ၾကာ လြတ္ၿငိမ္းသက္သာခြင့္ျဖင့္ ေသဒဏ္ခ်မွတ္ျခင္းဟာ အက်ဥ္းသား အေနနဲ႔ သက္ သာခြင့္ကာလအတြင္း ေကာင္းမြန္စြာေနထိုင္ေၾကာင္း ျပသပါက ပုံမွန္အားျဖင့္ ေထာင္ဒဏ္တသက္တစ္ကြၽန္းသို႔ ေလွ်ာ့ေပါ့ေပးေလ့ရွိပါတယ္။
.
===