ဟယ်ရီကိန်းကို ယူရိုသန်း(၁ဝဝ)ဖြင့် မခေါ်ယူရန် ဘိုင်ယန်မြူးနစ်အသင်းကို ဂျာမန်မီဒီယာများ တိုက်တွန်း

 416

Pika(NP News) - သြဂုတ် ၄

ဘိုင်ယန်မြူးနစ်သည် အသက်(၃ဝ)အရွယ်ရှိပြီဖြစ်သော စပါးအသင်းတိုက်စစ်မှူးဟယ်ရီကိန်းကို ခေါ်ယူရန် အတွက် ယူရိုသန်း(၁ဝဝ)မသုံးစွဲသင့်ဟု ဘိုင်ယန်မြူးနစ်အသင်းတာဝန်ရှိသူများကို ဂျာမန်မီဒီယာများက တိုက်တွန်းပြောခဲ့ကြောင်း သိရသည်။

အသက်(၃ဝ)အရွယ် ဟယ်ရီကိန်းကိုခေါ်ယူနိုင်ရန်အတွက် ယူရိုသန်း(၁ဝဝ)သုံးစွဲမည့် ဘိုင်ယန်မြူးနစ်အသင်း၏ အစီအစဉ်သည် ဖြုန်းတီးမှုတစ်ခုသာဖြစ်ကြောင်း BILD သတင်းထောက် Raimund Hinko က ပြောကြားခဲ့သည်။ ၎င်းက "ကျွန်တော်ဒီလိုစာမျိုးကို ဘယ်တုန်းကမှ မရေးခဲ့ရဖူးတဲ့ပုံစံမျိုးပဲဖြစ်ပါစေလို့ ဆုတောင်းတာပါ။ ဟယ်ရီ ကိန်းကိုခေါ်ယူဖို့အတွက် ယူရိုသန်း(၁ဝဝ)သုံးစွဲတာဟာ ဖြုန်းတီးမှုတစ်ခုပါပဲ။ ဘိုင်ယန်မြူးနစ်အသင်းဟာ အသက်(၃ဝ) အရွယ်ကစားသမားကို ခေါ်ယူမယ့်အစားငယ်ရွယ်ပြီး ထိပ်တန်းကစားသမားအဖြစ် စာရင်းဝင်နေတဲ့ ပရော်ဖက်ရှင်နယ်ကစားသမားတွေကိုပဲ ခေါ်ယူသင့်တာပါ။ ပြီးတော့ စပါးအသင်းက လှောင်ပြောင်သလိုပုံစံနဲ့ ဘိုင်ယန်မြူးနစ်လူငယ်ကစားသမား Mathys Tel ကို ခေါ်ယူချင်တယ်ဆိုတဲ့ ကောလဟာလတွေကိုလည်း ဖြန့်နေပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းတာဝန်ရှိသူတွေဟာ စပါးအသင်းရဲ့ဒီလိုလုပ်ရပ်တွေကို ခွင့်မပြုသင့်ပါဘူး" ဟု ပြောခဲ့သည်။

Zawgyi Version;
ဟယ္ရီကိန္းကို ယူ႐ိုသန္း(၁ဝဝ)ျဖင့္ မေခၚယူရန္ ဘိုင္ယန္ျမဴးနစ္အသင္းကို ဂ်ာမန္မီဒီယာမ်ား တိုက္တြန္း
Pika(NP News) - ၾသဂုတ္ ၄

ဘိုင္ယန္ျမဴးနစ္သည္ အသက္(၃ဝ)အ႐ြယ္ရွိၿပီျဖစ္ေသာ စပါးအသင္းတိုက္စစ္မႉးဟယ္ရီကိန္းကို ေခၚယူရန္ အတြက္ ယူ႐ိုသန္း(၁ဝဝ)မသုံးစြဲသင့္ဟု ဘိုင္ယန္ျမဴးနစ္အသင္းတာဝန္ရွိသူမ်ားကို ဂ်ာမန္မီဒီယာမ်ားက တိုက္တြန္းေျပာခဲ့ေၾကာင္း သိရသည္။

အသက္(၃ဝ)အ႐ြယ္ ဟယ္ရီကိန္းကိုေခၚယူႏိုင္ရန္အတြက္ ယူ႐ိုသန္း(၁ဝဝ)သုံးစြဲမည့္ ဘိုင္ယန္ျမဴးနစ္အသင္း၏ အစီအစဥ္သည္ ျဖဳန္းတီးမႈတစ္ခုသာျဖစ္ေၾကာင္း BILD သတင္းေထာက္ Raimund Hinko က ေျပာၾကားခဲ့သည္။ ၎က "ကြၽန္ေတာ္ဒီလိုစာမ်ိဳးကို ဘယ္တုန္းကမွ မေရးခဲ့ရဖူးတဲ့ပုံစံမ်ိဳးပဲျဖစ္ပါေစလို႔ ဆုေတာင္းတာပါ။ ဟယ္ရီ ကိန္းကိုေခၚယူဖို႔အတြက္ ယူ႐ိုသန္း(၁ဝဝ)သုံးစြဲတာဟာ ျဖဳန္းတီးမႈတစ္ခုပါပဲ။ ဘိုင္ယန္ျမဴးနစ္အသင္းဟာ အသက္(၃ဝ) အ႐ြယ္ကစားသမားကို ေခၚယူမယ့္အစားငယ္႐ြယ္ၿပီး ထိပ္တန္းကစားသမားအျဖစ္ စာရင္းဝင္ေနတဲ့ ပေရာ္ဖက္ရွင္နယ္ကစားသမားေတြကိုပဲ ေခၚယူသင့္တာပါ။ ၿပီးေတာ့ စပါးအသင္းက ေလွာင္ေျပာင္သလိုပုံစံနဲ႔ ဘိုင္ယန္ျမဴးနစ္လူငယ္ကစားသမား Mathys Tel ကို ေခၚယူခ်င္တယ္ဆိုတဲ့ ေကာလဟာလေတြကိုလည္း ျဖန႔္ေနပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းတာဝန္ရွိသူေတြဟာ စပါးအသင္းရဲ႕ဒီလိုလုပ္ရပ္ေတြကို ခြင့္မျပဳသင့္ပါဘူး" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.