ထိုင်းစစ်တပ်အနေနဲ့ နိုင်ငံ နဲ့ ပြည်သူကို ကာကွယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဦးဆောင်မှာဖြစ်ကြောင်း ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ ပြော

778

ဂျန်ဇက် (NP News) - သြဂုတ် ၆
ထိုင်းစစ်တပ်အနေနဲ့ နိုင်ငံ နဲ့ ပြည်သူတွေကို ကာကွယ်သွားမှာဖြစ်ကြောင်း၊ ထိုင်းအိမ်စောင့်အစိုးရအဖွဲ့ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ မေလ ၁၄ ရက်က ရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက် အစိုးရအသစ်ဖွဲ့စည်းနိုင်ရေး၊ ဝန်ကြီးချုပ် ရွေးချယ်နိုင်ရေးတို့နဲ့ပတ်သက်ပြီး အငြင်းပွားမှုများ၊ တင်းမာမှုများ ရှိနေချိန်မှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ က အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။
ထိုင်းစစ်တပ်ဟာ နိုင်ငံကာကွယ်ခြင်းလုပ်ငန်းတွေကို ဦးဆောင်မှုတွေ ဆက်လက်လုပ်ကိုင်ပေးသွားမှာဖြစ်ကြောင်း ထိုင်းဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ ချန်အိုချာ က ပြောပါတယ်။ ပရာယွတ်ချန်အိုချာဟာ လက်ရှိအချိန်မှာ အစိုးရအသစ်နဲ့ ဝန်ကြီးချုပ်အသစ်တို့ကို အာဏာလွှဲပြောင်းပေးဖို့ စောင့်ဆိုင်းလျက်ရှိနေကြောင်း သိရပါတယ်။
ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက "ထိုင်းစစ်တပ်ရဲ့ရာထူးအဆင့်အတန်း အမျိုးမျိုးမှာ လူငယ်တွေ ရှိနေဆဲ ဖြစ်ပါတယ်။ ထိုင်းစစ်တပ်အတွက် အဓိကအရေးကြီးတဲ့ဥပဒေတွေလည်း ရှိနေဆဲဖြစ်တယ်။ အဲဒီအတွက်ကြောင့် ထိုင်းစစ်တပ် အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ်စရာမလိုပါဘူး။ ထိုင်းတပ်မတော်က တစ်ဦးတစ်ယောက်တည်း လုပ်လို့ရတာ မဟုတ်ဘူး" လို့ ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ Chulachomklao Royal Military Academy ရဲ့ ၁၃၆ နှစ် မြောက်အခမ်းနားကို တက်ရောက်လာပြီးနောက် အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။ ၎င်းအနေနဲ့ လာမယ့်အစိုးရ အဖွဲ့အသစ်နဲ့ ဝန်ကြီးချုပ်အသစ်ထံ အာဏာမလွှဲပြောင်းပေးခင် အချိန်အထိ ထိုင်းဝန်ကြီးချုပ် နဲ့ ကာကွယ်ရေး ဝန်ကြီးတာဝန်များကို အကောင်းဆုံးထမ်းဆောင်သွားမှာဖြစ်ကြောင်း ပရာယွတ်ချန်အိုချာက ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟာ ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Narongpan Jittkaewtae နဲ့ မိနစ် ၃ဝ ကြာ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကို အသေးစိတ်ဖော်ပြတာမျိုးမရှိခဲ့ကြောင်း သိရပါ တယ်။
ထိုင်းစစ်တပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်အပြင် ကြည်းတပ်၊ ရေတပ်၊ လေတပ်အကြီးအကဲသုံးဦးတို့ဟာလည်း စက်တင်ဘာလအကုန်မှာ စစ်မှုထမ်းခွင့် သက်တမ်းကုန်ဆုံးပြီး အနားယူရဖွယ်ရှိနေကြောင်း သိရပါတယ်။

Zawgyi Version;
ထိုင္းစစ္တပ္အေနနဲ႔ ႏိုင္ငံ နဲ႔ ျပည္သူကို ကာကြယ္ေရးလုပ္ငန္းေတြကို ဆက္လက္ဦးေဆာင္မွာျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ပရာယြတ္ခ်န္အိုခ်ာ ေျပာ
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၆
ထိုင္းစစ္တပ္အေနနဲ႔ ႏိုင္ငံ နဲ႔ ျပည္သူေတြကို ကာကြယ္သြားမွာျဖစ္ေၾကာင္း၊ ထိုင္းအိမ္ေစာင့္အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာက ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
ထိုင္းႏိုင္ငံမွာ ေမလ ၁၄ ရက္က ေ႐ြးေကာက္ပြဲက်င္းပခဲ့ၿပီးေနာက္ အစိုးရအသစ္ဖြဲ႕စည္းႏိုင္ေရး၊ ဝန္ႀကီးခ်ဳပ္ ေ႐ြးခ်ယ္ႏိုင္ေရးတို႔နဲ႔ပတ္သက္ၿပီး အျငင္းပြားမႈမ်ား၊ တင္းမာမႈမ်ား ရွိေနခ်ိန္မွာ ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ ခ်န္အိုခ်ာ က အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။
ထိုင္းစစ္တပ္ဟာ ႏိုင္ငံကာကြယ္ျခင္းလုပ္ငန္းေတြကို ဦးေဆာင္မႈေတြ ဆက္လက္လုပ္ကိုင္ေပးသြားမွာျဖစ္ေၾကာင္း ထိုင္းဗိုလ္ခ်ဳပ္ႀကီးေဟာင္းတစ္ဦးျဖစ္တဲ့ ခ်န္အိုခ်ာ က ေျပာပါတယ္။ ပရာယြတ္ခ်န္အိုခ်ာဟာ လက္ရွိအခ်ိန္မွာ အစိုးရအသစ္နဲ႔ ဝန္ႀကီးခ်ဳပ္အသစ္တို႔ကို အာဏာလႊဲေျပာင္းေပးဖို႔ ေစာင့္ဆိုင္းလ်က္ရွိေနေၾကာင္း သိရပါတယ္။
ဝန္ႀကီးခ်ဳပ္ပရာယြတ္ခ်န္အိုခ်ာက "ထိုင္းစစ္တပ္ရဲ႕ရာထူးအဆင့္အတန္း အမ်ိဳးမ်ိဳးမွာ လူငယ္ေတြ ရွိေနဆဲ ျဖစ္ပါတယ္။ ထိုင္းစစ္တပ္အတြက္ အဓိကအေရးႀကီးတဲ့ဥပေဒေတြလည္း ရွိေနဆဲျဖစ္တယ္။ အဲဒီအတြက္ေၾကာင့္ ထိုင္းစစ္တပ္ အနာဂတ္နဲ႔ပတ္သက္ၿပီး စိုးရိမ္စရာမလိုပါဘူး။ ထိုင္းတပ္မေတာ္က တစ္ဦးတစ္ေယာက္တည္း လုပ္လို႔ရတာ မဟုတ္ဘူး" လို႔ ေျပာပါတယ္။
ထိုင္းဝန္ႀကီးခ်ဳပ္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက က်င္းပခဲ့တဲ့ Chulachomklao Royal Military Academy ရဲ႕ ၁၃၆ ႏွစ္ ေျမာက္အခမ္းနားကို တက္ေရာက္လာၿပီးေနာက္ အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။ ၎အေနနဲ႔ လာမယ့္အစိုးရ အဖြဲ႕အသစ္နဲ႔ ဝန္ႀကီးခ်ဳပ္အသစ္ထံ အာဏာမလႊဲေျပာင္းေပးခင္ အခ်ိန္အထိ ထိုင္းဝန္ႀကီးခ်ဳပ္ နဲ႔ ကာကြယ္ေရး ဝန္ႀကီးတာဝန္မ်ားကို အေကာင္းဆုံးထမ္းေဆာင္သြားမွာျဖစ္ေၾကာင္း ပရာယြတ္ခ်န္အိုခ်ာက ေျပာပါတယ္။
ထိုင္းဝန္ႀကီးခ်ဳပ္ဟာ ထိုင္းစစ္တပ္အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီး Narongpan Jittkaewtae နဲ႔ မိနစ္ ၃ဝ ၾကာ ေတြ႕ဆုံေဆြးေႏြးခဲ့ေပမယ့္ ေဆြးေႏြးခဲ့တဲ့အေၾကာင္းအရာေတြကို အေသးစိတ္ေဖာ္ျပတာမ်ိဳးမရွိခဲ့ေၾကာင္း သိရပါ တယ္။
ထိုင္းစစ္တပ္ရဲ႕ကာကြယ္ေရးဦးစီးခ်ဳပ္အျပင္ ၾကည္းတပ္၊ ေရတပ္၊ ေလတပ္အႀကီးအကဲသုံးဦးတို႔ဟာလည္း စက္တင္ဘာလအကုန္မွာ စစ္မႈထမ္းခြင့္ သက္တမ္းကုန္ဆုံးၿပီး အနားယူရဖြယ္ရွိေနေၾကာင္း သိရပါတယ္။