သီးခြားဖြစ်မှုတွေအတွက် ပြင်ဆင်ထားရမယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော

 195

Pika (NP News) - စက်တင်ဘာ ၁၇

ကြီးမားတဲ့ပိတ်ဆို့အရေးယူမှုဒဏ်တွေကို ခံနိုင်ရည်ရှိစေဖို့အတွက် အစ္စရေးနိုင်ငံဟာ ၎င်းရဲ့စီးပွားရေးကို ပြန်လည် ပုံဖော်ရလိမ့်မယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ဖိအားပေးမှုတွေဟာ အစ္စရေးနိုင်ငံကို ကိုယ်ပိုင်စီးပွားရေးဖူလုံမှုဆီကို ဦးတည်သွားစေဖို့ တွန်းအားပေး နေတယ်လို့ နေတန်ရာဟုက ပြောကြားခဲ့ပါတယ်။
နေတန်ရာဟုက “ပိတ်ဆို့အရေးယူမှုတွေကို ခံနိုင်ရည်ရှိစေဖို့အတွက် ကျွန်တော်တို့ရဲ့စီးပွားရေးကိုပြန်လည်ပုံဖော် ရပါမယ်။ လွတ်လပ်တဲ့ဈေးကွက်ကို ကျွန်တော် လုံးဝယုံကြည်ပါတယ်။ အစ္စရေးကို လွတ်လပ်တဲ့ဈေးကွက်ဖြစ် အောင် ကျွန်တော်ကြိုးပမ်းခဲ့တာပါ” လို့ ပြောဆိုခဲ့ပါတယ်။
အစ္စ‌ရေး-ဟားမက်စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတည်းက ပေါ်ပေါက်လာခဲ့တဲ့ ပါလက်စတိုင်းလိုလားရေး တက်ကြွ လှုပ်ရှားမှုတွေဟာ အစ္စရေးနဲ့ဆက်ဆံ‌ရေးတွေကို ဖြတ်တောက်ဖို့အတွက် နိုင်ငံခြားကုမ္ပဏီတွေကို ဖိအားပေး လျက်ရှိတယ်လို့လည်း သိရပါတယ်။ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလီယန်ဟာ အစ္စရေးနဲ့ ဥရောပရဲ့လွတ်လပ်တဲ့ကုန်သွယ်မှု သဘောတူညီချက်ကို ဆိုင်းငံ့ထားဖို့ တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
သီးျခားျဖစ္မႈေတြအတြက္ ျပင္ဆင္ထားရမယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေျပာ
Pika (NP News) - စက္တင္ဘာ ၁၇
ႀကီးမားတဲ့ပိတ္ဆို႔အေရးယူမႈဒဏ္ေတြကို ခံႏိုင္ရည္ရွိေစဖို႔အတြက္ အစၥေရးႏိုင္ငံဟာ ၎ရဲ႕စီးပြားေရးကို ျပန္လည္ ပုံေဖာ္ရလိမ့္မယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ဂါဇာစစ္ပြဲနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာရဲ႕ဖိအားေပးမႈေတြဟာ အစၥေရးႏိုင္ငံကို ကိုယ္ပိုင္စီးပြားေရးဖူလုံမႈဆီကို ဦးတည္သြားေစဖို႔ တြန္းအားေပး ေနတယ္လို႔ ေနတန္ရာဟုက ေျပာၾကားခဲ့ပါတယ္။
ေနတန္ရာဟုက “ပိတ္ဆို႔အေရးယူမႈေတြကို ခံႏိုင္ရည္ရွိေစဖို႔အတြက္ ကြၽန္ေတာ္တို႔ရဲ႕စီးပြားေရးကိုျပန္လည္ပုံေဖာ္ ရပါမယ္။ လြတ္လပ္တဲ့ေဈးကြက္ကို ကြၽန္ေတာ္ လုံးဝယုံၾကည္ပါတယ္။ အစၥေရးကို လြတ္လပ္တဲ့ေဈးကြက္ျဖစ္ ေအာင္ ကြၽန္ေတာ္ႀကိဳးပမ္းခဲ့တာပါ” လို႔ ေျပာဆိုခဲ့ပါတယ္။
အစၥ‌ေရး-ဟားမက္စစ္ပြဲျဖစ္ပြားၿပီးေနာက္ပိုင္းတည္းက ေပၚေပါက္လာခဲ့တဲ့ ပါလက္စတိုင္းလိုလားေရး တက္ႂကြ လႈပ္ရွားမႈေတြဟာ အစၥေရးနဲ႔ဆက္ဆံ‌ေရးေတြကို ျဖတ္ေတာက္ဖို႔အတြက္ ႏိုင္ငံျခားကုမၸဏီေတြကို ဖိအားေပး လ်က္ရွိတယ္လို႔လည္း သိရပါတယ္။ၿပီးခဲ့တဲ့သီတင္းပတ္တုန္းက ဥေရာပေကာ္မရွင္ဥကၠ႒ ဗြန္ဒါလီယန္ဟာ အစၥေရးနဲ႔ ဥေရာပရဲ႕လြတ္လပ္တဲ့ကုန္သြယ္မႈ သေဘာတူညီခ်က္ကို ဆိုင္းငံ့ထားဖို႔ ေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.