မြဝတီ- ကော့ကရိတ်အာရှကားလမ်းတွင် လမ်းပြိုကျမှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူများရှိနေ

 1107

NP News - သြဂုတ် ၇

သောင်းရင်းမြစ်ရေမြင့်တက်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှကားလမ်းရှိ တောနော်ရေတံခွန်အနီးတွင် ကားလမ်းပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါကားလမ်းမှာ ယနေ့(သြဂုတ်လ ၇ ရက်)၊ နံနက် (၁၁)နာရီအချိန်ခန့်တွင် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ပုလဲဖြူလူမှုကူညီရေးအသင်းထံမှ သိရသည်။

သောင်းရင်းမြစ်ရေမြင့်တက်ပြီး ကားလမ်းရေကျော်မှုများ ဖြစ်ပွားခဲ့သည့်အပြင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းမှုကြောင့် မြဝတီ- ကော့ကရိတ် အာရှကားလမ်းသည် အထက်ပါကဲ့သို့ ပြိုကျမှုခဲ့ကြောင်း သိရသည်။

“ကားလမ်းပြိုသွားပါပြီ။ ပြိုတာမှနည်းနည်းလေး ပြိုတာမဟုတ်ဘူး ပေ(၁၀၀)ကျော်လောက်ကို လုံးဝလမ်းမရှိတော့ဘူး။ လုံးဝကို ရေမြောင်းကြီးဖြစ်သွားပါပြီ။ ဆိုင်ကယ်တွေ လူတွေဖြတ်ဖို့မပြောနဲ့ ဘာမှကိုလုပ်လို့မရဘူး။ ကျွန်တော်ထင်တာတော့ ပြန်ပြင်ဖို့တော့ တစ်လ၊ နှစ်လတောင် အသည်းအသန်လုပ်ရမယ်။ ဖို့တယ်ဆိုတာကတော့ မြန်တယ်လေ။ အခုက လုံးဝကိုပြတ်ထွက်သွားပြီး ‌ချောက်ကြီးဖြစ်သွား တာ” ဟု ပုလဲဖြူလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ထို့ပြင် အထက်ပါဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိနေကြောင်းသိရပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။

“မြေပြိုသွားတဲ့အထဲမှာ ကားအသေးတစ်စီးပါတယ်၊ အကြီးတစ်စီးပါသွားတယ်။ ဒဏ်ရာရတဲ့သူတွေတော့ရှိပါတယ်။ သွားပြီးကယ်နေတုန်းဆိုတော့ သေချာမသိရသေးဘူး အခုကယ်တာတော့ နှစ်ယောက်ကယ်ပြီးပါပြီ။ ဘယ်လောက်ကျန်သေးလဲတော့မသိရသေးဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကြည့်ရှုစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် သြဂုတ်လ(၆)ရက်ကလည်း အဆိုပါ အာရှလမ်းမပေါ်ရှိ တောနော်ရေတံခွန်အနီးတွင် တောင်မြေနံရံပြိုကျမှုဖြစ်ပွားခဲ့ရာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။

zawgyi version
ျမဝတီ- ေကာ့ကရိတ္အာရွကားလမ္းတြင္ လမ္းၿပိဳက်မႈျဖစ္ပြားခဲ့ရာ ထိခိုက္ဒဏ္ရာရရွိသူမ်ားရွိေန

NP News - ၾသဂုတ္ ၇

ေသာင္းရင္းျမစ္ေရျမင့္တက္ၿပီး မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ကရင္ျပည္နယ္၊ ျမဝတီ-ေကာ့ကရိတ္ အာရွကားလမ္းရွိ ေတာေနာ္ေရတံခြန္အနီးတြင္ ကားလမ္းၿပိဳက်မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

အဆိုပါကားလမ္းမွာ ယေန႔(ၾသဂုတ္လ ၇ ရက္)၊ နံနက္ (၁၁)နာရီအခ်ိန္ခန႔္တြင္ ၿပိဳက်ခဲ့ျခင္းျဖစ္ေၾကာင္း ပုလဲျဖဴလူမႈကူညီေရးအသင္းထံမွ သိရသည္။

ေသာင္းရင္းျမစ္ေရျမင့္တက္ၿပီး ကားလမ္းေရေက်ာ္မႈမ်ား ျဖစ္ပြားခဲ့သည့္အျပင္ မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေတာင္က်ေခ်ာင္းေရမ်ား စီးဆင္းမႈေၾကာင့္ ျမဝတီ- ေကာ့ကရိတ္ အာရွကားလမ္းသည္ အထက္ပါကဲ့သို႔ ၿပိဳက်မႈခဲ့ေၾကာင္း သိရသည္။

“ကားလမ္းၿပိဳသြားပါၿပီ။ ၿပိဳတာမွနည္းနည္းေလး ၿပိဳတာမဟုတ္ဘူး ေပ(၁၀၀)ေက်ာ္ေလာက္ကို လုံးဝလမ္းမရွိေတာ့ဘူး။ လုံးဝကို ေရေျမာင္းႀကီးျဖစ္သြားပါၿပီ။ ဆိုင္ကယ္ေတြ လူေတြျဖတ္ဖို႔မေျပာနဲ႔ ဘာမွကိုလုပ္လို႔မရဘူး။ ကြၽန္ေတာ္ထင္တာေတာ့ ျပန္ျပင္ဖို႔ေတာ့ တစ္လ၊ ႏွစ္လေတာင္ အသည္းအသန္လုပ္ရမယ္။ ဖို႔တယ္ဆိုတာကေတာ့ ျမန္တယ္ေလ။ အခုက လုံးဝကိုျပတ္ထြက္သြားၿပီး ‌ေခ်ာက္ႀကီးျဖစ္သြား တာ” ဟု ပုလဲျဖဴလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ထို႔ျပင္ အထက္ပါျဖစ္စဥ္ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားလည္းရွိေနေၾကာင္းသိရၿပီး ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနေၾကာင္း ၎မွ ဆက္လက္ေျပာၾကားခဲ့သည္။

“ေျမၿပိဳသြားတဲ့အထဲမွာ ကားအေသးတစ္စီးပါတယ္၊ အႀကီးတစ္စီးပါသြားတယ္။ ဒဏ္ရာရတဲ့သူေတြေတာ့ရွိပါတယ္။ သြားၿပီးကယ္ေနတုန္းဆိုေတာ့ ေသခ်ာမသိရေသးဘူး အခုကယ္တာေတာ့ ႏွစ္ေယာက္ကယ္ၿပီးပါၿပီ။ ဘယ္ေလာက္က်န္ေသးလဲေတာ့မသိရေသးဘူး” ဟု ၎က ေျပာသည္။

လက္ရွိတြင္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားအေနျဖင့္ ၾကည့္ရႈစစ္ေဆးမႈမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ၿပီးခဲ့သည့္ ၾသဂုတ္လ(၆)ရက္ကလည္း အဆိုပါ အာရွလမ္းမေပၚရွိ ေတာေနာ္ေရတံခြန္အနီးတြင္ ေတာင္ေျမနံရံၿပိဳက်မႈျဖစ္ပြားခဲ့ရာ ယာဥ္ေၾကာပိတ္ဆို႔မႈမ်ား ျဖစ္ေပၚခဲ့သည္။

Related news

© 2021. All rights reserved.