အရန်ဆန်များထုတ်ရောင်းနေသော်လည်း ဆန်ဈေး မကျဆင်း

 945

NP News - ဩဂုတ် ၁ဝ

မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အရန်ဆန်များကို ဩဂုတ်လ ၇ ရက်မှစတင်ရောင်းချပေးနေသော်လည်း ပြည်တွင်းဆန်ဈေး သိသိသာသာ ကျဆင်းသွားခြင်းမရှိကြောင်း လက်လီဆန်အရောင်းဆိုင်များမှ သိရသည်။

“ဆန်တွေရောင်းပေးနေပေမယ့် တကယ်သွားဝယ်နိုင်တဲ့သူကနည်းတယ်။ ဝါးတန်းနဲ့ဘုရင့်နောင်ဆန်ဒိုင်တွေကိုသွားဝယ်ရမယ့် စရိတ်နဲ့ ဆန်ဖိုးနဲ့ပေါင်းလိုက်ရင် ရပ်ကွက်ထဲကဆန်ဆိုင်နဲ့သိပ်မကွာဘူးလေ။ ဆန်ဈေးကလည်း အတက်ဈေးနဲ့ပဲငြိမ်နေတာ ပြန်မကျဘူး။ လက်ကားဈေးနဲ့ အရန်ဆန်ဈေးက တစ်အိတ်ကို နှစ်ထောင်ကနေ ငါးထောင်လောက်ပဲကွာတော့ ဆန်ဈေးလဲမကျဘူးပေါ့” ဟု တောင်ဒဂုံမြို့နယ်မှလက် လီဆန်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ရန်ကုန်ရှိ အခြေခံလူတန်းစားများပြားသည် မြို့နယ်များတွင် ဆန်အိတ်လိုက်ဝယ်ယူမှုနည်းပါးပြီး ဆန်ကိုပြည်အလိုက်ဝယ်ယူမှုကြောင့် ဆန်ဈေးကျဆင်းမှု အားနည်းနေကြောင်းသိရသည်။

ဆန်စပါးအသင်းချုပ်အနေဖြင့် လက်လီဈေးကားများဖြင့် ရောင်းချရန်စီစဉ်နေရာ လက်လီအရောင်းဆိုင်များကဲ့သို့ ပြည်ဝင်အိတ်များဖြင့်ရောင်းချသင့်ကြောင်း ဆန်ရောင်းချသူများက ပြောသည်။

“တချို့ရပ်ကွက်တွေဆို တစ်ပြည်၊ နှစ်ပြည် ဝယ်စား နေကြတာလေ။ ဆန်အိတ်လိုက်ဈေးနဲ့ရောင်းပေးနေပေမယ့် လူတိုင်းမစားနိုင်တော့ ဆန်ဈေးလည်းဘယ်ကျမလဲ”ဟု လက်လီဆန်ဆိုင်ပိုင်ရှင်တစ်ဦးကပြော သည်။

ဆန်စပါးအသင်းချုပ်သည် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် တစ်သိန်းနှစ်သောင်း၊ ဧည်မထ တစ်အိတ်လျှင် ခြောက်သောင်းဖြင့်ရောင်း ချပေးနေသော်လည်း ပြင်ပဆန်ဈေးကွက်အတွင်း၌ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် တစ်သိန်းသုံးသောင်းခွဲ၊ ဧည့်မထတစ်အိတ်လျှင် ခြောက်သောင်းခုနှစ်ထောင်ဝန်းကျင်ပေါက်ဈေးရှိကြောင်းသိရသည်။

zawgyi version
အရန္ဆန္မ်ားထုတ္ေရာင္းေနေသာ္လည္း ဆန္ေဈး မက်ဆင္း
NP News - ဩဂုတ္ ၁ဝ

ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္က ကုန္ေဈးႏႈန္းတည္ၿငိမ္ေစေရးအတြက္ အရန္ဆန္မ်ားကို ဩဂုတ္လ ၇ ရက္မွစတင္ေရာင္းခ်ေပးေနေသာ္လည္း ျပည္တြင္းဆန္ေဈး သိသိသာသာ က်ဆင္းသြားျခင္းမရွိေၾကာင္း လက္လီဆန္အေရာင္းဆိုင္မ်ားမွ သိရသည္။

“ဆန္ေတြေရာင္းေပးေနေပမယ့္ တကယ္သြားဝယ္ႏိုင္တဲ့သူကနည္းတယ္။ ဝါးတန္းနဲ႔ဘုရင့္ေနာင္ဆန္ဒိုင္ေတြကိုသြားဝယ္ရမယ့္ စရိတ္နဲ႔ ဆန္ဖိုးနဲ႔ေပါင္းလိုက္ရင္ ရပ္ကြက္ထဲကဆန္ဆိုင္နဲ႔သိပ္မကြာဘူးေလ။ ဆန္ေဈးကလည္း အတက္ေဈးနဲ႔ပဲၿငိမ္ေနတာ ျပန္မက်ဘူး။ လက္ကားေဈးနဲ႔ အရန္ဆန္ေဈးက တစ္အိတ္ကို ႏွစ္ေထာင္ကေန ငါးေထာင္ေလာက္ပဲကြာေတာ့ ဆန္ေဈးလဲမက်ဘူးေပါ့” ဟု ေတာင္ဒဂုံၿမိဳ႕နယ္မွလက္ လီဆန္ဆိုင္ပိုင္ရွင္တစ္ဦးက ေျပာသည္။

ရန္ကုန္ရွိ အေျခခံလူတန္းစားမ်ားျပားသည္ ၿမိဳ႕နယ္မ်ားတြင္ ဆန္အိတ္လိုက္ဝယ္ယူမႈနည္းပါးၿပီး ဆန္ကိုျပည္အလိုက္ဝယ္ယူမႈေၾကာင့္ ဆန္ေဈးက်ဆင္းမႈ အားနည္းေနေၾကာင္းသိရသည္။

ဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ လက္လီေဈးကားမ်ားျဖင့္ ေရာင္းခ်ရန္စီစဥ္ေနရာ လက္လီအေရာင္းဆိုင္မ်ားကဲ့သို႔ ျပည္ဝင္အိတ္မ်ားျဖင့္ေရာင္းခ်သင့္ေၾကာင္း ဆန္ေရာင္းခ်သူမ်ားက ေျပာသည္။

“တခ်ိဳ႕ရပ္ကြက္ေတြဆို တစ္ျပည္၊ ႏွစ္ျပည္ ဝယ္စား ေနၾကတာေလ။ ဆန္အိတ္လိုက္ေဈးနဲ႔ေရာင္းေပးေနေပမယ့္ လူတိုင္းမစားႏိုင္ေတာ့ ဆန္ေဈးလည္းဘယ္က်မလဲ”ဟု လက္လီဆန္ဆိုင္ပိုင္ရွင္တစ္ဦးကေျပာ သည္။

ဆန္စပါးအသင္းခ်ဳပ္သည္ ေ႐ႊဘိုေပၚဆန္းတစ္အိတ္လွ်င္ တစ္သိန္းႏွစ္ေသာင္း၊ ဧည္မထ တစ္အိတ္လွ်င္ ေျခာက္ေသာင္းျဖင့္ေရာင္း ခ်ေပးေနေသာ္လည္း ျပင္ပဆန္ေဈးကြက္အတြင္း၌ ေ႐ႊဘိုေပၚဆန္းတစ္အိတ္လွ်င္ တစ္သိန္းသုံးေသာင္းခြဲ၊ ဧည့္မထတစ္အိတ္လွ်င္ ေျခာက္ေသာင္းခုႏွစ္ေထာင္ဝန္းက်င္ေပါက္ေဈးရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.