မြန်မာလုပ်သားများကို ကူညီစောင့်ရှောက်ပေးနိုင်ရန် ကိုရီးယားရှိ နိုင်ငံခြားသား အလုပ်သမားကူညီထောက်ပံ့ရေးစင်တာများ၌ မြန်မာဝန်ထမ်းများ တိုးချဲ့ခန့်ထားရန် စီစဉ်နေ

778
ယွန်း (NP News) - သြဂုတ် ၁၀
ကိုရီးယားနိုင်ငံရှိ နိုင်ငံခြားသား အလုပ်သမားကူညီထောက်ပံ့ရေးစင်တာများ၌ မြန်မာဝန်ထမ်းများ တိုးချဲ့ခန့်ထားပေးရေး မြန်မာသံအမတ် ဦးသန့်စင်က အသိပေးပြောကြားထားသည်။

ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးသန့်စင်က သြဂုတ်လ(၉)ရက်မှစတင်ကာ ဘူဆန်မြို့၌ ကျင်းပလျက်ရှိသည့် ၂၀၂၃ ခုနှစ်၊ EPS ညီလာခံ (2023 EPS Conference) တွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အခမ်းအနားတွင် လုပ်သားများ လုပ်ငန်းခွင်ထိခိုက်မှုများ လျော့ပါးစေရန် အလုပ်ရှင်နှင့် အလုပ် သမားများအတွက် အသိပေးခြင်း အပါအဝင် ကြပ်မတ်စစ်ဆေးခြင်းများကို ပိုမိုအလေးထား ဆောင်ရွက်ရန် မြန်မာသံအမတ်က အသိပေးပြောကြားသည်။
လက်ရှိတွင် ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သားများ ပိုမိုရောက်ရှိလာမှုကြောင့် မြန်မာလုပ်သားများအား ထိရောက်စွာကူညီစောင့်ရှောက်ရန်လိုပြီး ကိုရီးယားနိုင်ငံအနှံ့အပြားရှိ နိုင်ငံခြားသား အလုပ်သမားကူညီထောက်ပံ့ရေး စင်တာများတွင် မြန်မာဝန်ထမ်းများ တိုးချဲ့ခန့်ထားပေးရေးကို ဦးသန့်စင်က ဆွေးနွေးပြောကြားခဲ့သည်။
ထို့ပြင် ကိုရီးယား စိုက်ပျိုးရေးလုပ်ငန်းရှင်အချို့၏ လုပ်ငန်းခွင်ထိခိုက်မှု လျော်ကြေးအားမခံထားရှိမှု မရှိခဲ့ခြင်းကြောင့် မြန်မာလုပ်သားများအနေဖြင့် နစ်နာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် စိုက်ပျိုးရေးကဏ္ဍမှ အလုပ်ရှင်များအား ပို၍ကြပ်မတ်ပေးစေလိုကြောင်း မြန်မာသံအမတ်က အသိပေး ပြောကြားခဲ့သည်။
အလားတူ ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး နှစ်မပြည့်မီ အကြောင်းအမျိုးမျိုးကြောင့် ပြန်သွားခဲ့ရသည့် ပြည်တော်ပြန်လုပ်သားများအတွက် Human Resources Development of Korea (HRDK) မှ အလုပ်ရှင်အသစ် မိတ်ဆက်ပေးရန်လည်း ကြန့်ကြာမှုများရှိနေကြောင်း ၎င်းက ထည့်သွင်းပြေကြးာထားသည်။
EPS စနစ်အား လုပ်သားစေလွှတ်သည့် နိုင်ငံများနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော်ခဲ့မှု နှစ်ပေါင်း (၂၀) ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စီးပွားရေးနှင့် လူမှုရေးအခြေအနေ ပြောင်းလဲလာမှုကြောင့် EPS စနစ်အား ခေတ်ကာလနှင့် အခြေအနေများနှင့်အညီ ပြန်လည်ဖွဲ့စည်းအကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိကြောင်း ကိုရီးယားနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနဝန်ကြီး Mr. Lee Jung-Sik က ဆက်လက်ပြောကြားထားသည်။
အဆိုပါ အခမ်းအနားသို့ သက်ဆိုင်ရာတာဝန်ရှိသူများ အပါအဝင် ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် အလုပ်သမားများစေလွှတ်သည့် (၁၆)နိုင်ငံမှ သံအမတ်ကြီးများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

zawgyi version
ျမန္မာလုပ္သားမ်ားကို ကူညီေစာင့္ေရွာက္ေပးႏိုင္ရန္ ကိုရီးယားရွိ ႏိုင္ငံျခားသား အလုပ္သမားကူညီေထာက္ပံ့ေရးစင္တာမ်ား၌ ျမန္မာဝန္ထမ္းမ်ား တိုးခ်ဲ႕ခန႔္ထားရန္ စီစဥ္ေန
ယြန္း (NP News) - ၾသဂုတ္ ၁၀
ကိုရီးယားႏိုင္ငံရွိ ႏိုင္ငံျခားသား အလုပ္သမားကူညီေထာက္ပံ့ေရးစင္တာမ်ား၌ ျမန္မာဝန္ထမ္းမ်ား တိုးခ်ဲ႕ခန႔္ထားေပးေရး ျမန္မာသံအမတ္ ဦးသန႔္စင္က အသိေပးေျပာၾကားထားသည္။
ကိုရီးယားႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ ဦးသန႔္စင္က ၾသဂုတ္လ(၉)ရက္မွစတင္ကာ ဘူဆန္ၿမိဳ႕၌ က်င္းပလ်က္ရွိသည့္ ၂၀၂၃ ခုႏွစ္၊ EPS ညီလာခံ (2023 EPS Conference) တြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါ အခမ္းအနားတြင္ လုပ္သားမ်ား လုပ္ငန္းခြင္ထိခိုက္မႈမ်ား ေလ်ာ့ပါးေစရန္ အလုပ္ရွင္ႏွင့္ အလုပ္ သမားမ်ားအတြက္ အသိေပးျခင္း အပါအဝင္ ၾကပ္မတ္စစ္ေဆးျခင္းမ်ားကို ပိုမိုအေလးထား ေဆာင္႐ြက္ရန္ ျမန္မာသံအမတ္က အသိေပးေျပာၾကားသည္။
လက္ရွိတြင္ ကိုရီးယားႏိုင္ငံသို႔ ျမန္မာလုပ္သားမ်ား ပိုမိုေရာက္ရွိလာမႈေၾကာင့္ ျမန္မာလုပ္သားမ်ားအား ထိေရာက္စြာကူညီေစာင့္ေရွာက္ရန္လိုၿပီး ကိုရီးယားႏိုင္ငံအႏွံ႔အျပားရွိ ႏိုင္ငံျခားသား အလုပ္သမားကူညီေထာက္ပံ့ေရး စင္တာမ်ားတြင္ ျမန္မာဝန္ထမ္းမ်ား တိုးခ်ဲ႕ခန႔္ထားေပးေရးကို ဦးသန႔္စင္က ေဆြးေႏြးေျပာၾကားခဲ့သည္။
ထို႔ျပင္ ကိုရီးယား စိုက္ပ်ိဳးေရးလုပ္ငန္းရွင္အခ်ိဳ႕၏ လုပ္ငန္းခြင္ထိခိုက္မႈ ေလ်ာ္ေၾကးအားမခံထားရွိမႈ မရွိခဲ့ျခင္းေၾကာင့္ ျမန္မာလုပ္သားမ်ားအေနျဖင့္ နစ္နာမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ စိုက္ပ်ိဳးေရးက႑မွ အလုပ္ရွင္မ်ားအား ပို၍ၾကပ္မတ္ေပးေစလိုေၾကာင္း ျမန္မာသံအမတ္က အသိေပး ေျပာၾကားခဲ့သည္။
အလားတူ ကိုရီးယားႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ခဲ့ၿပီး ႏွစ္မျပည့္မီ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျပန္သြားခဲ့ရသည့္ ျပည္ေတာ္ျပန္လုပ္သားမ်ားအတြက္ Human Resources Development of Korea (HRDK) မွ အလုပ္ရွင္အသစ္ မိတ္ဆက္ေပးရန္လည္း ၾကန႔္ၾကာမႈမ်ားရွိေနေၾကာင္း ၎က ထည့္သြင္းေျပၾကးာထားသည္။
EPS စနစ္အား လုပ္သားေစလႊတ္သည့္ ႏိုင္ငံမ်ားႏွင့္အတူ ပူးေပါင္းအေကာင္အထည္ေဖာ္ခဲ့မႈ ႏွစ္ေပါင္း (၂၀) ခန႔္ရွိၿပီျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ စီးပြားေရးႏွင့္ လူမႈေရးအေျခအေန ေျပာင္းလဲလာမႈေၾကာင့္ EPS စနစ္အား ေခတ္ကာလႏွင့္ အေျခအေနမ်ားႏွင့္အညီ ျပန္လည္ဖြဲ႕စည္းအေကာင္အထည္ေဖာ္ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ကိုရီးယားႏိုင္ငံ၊ အလုပ္သမားဝန္ႀကီးဌာနဝန္ႀကီး Mr. Lee Jung-Sik က ဆက္လက္ေျပာၾကားထားသည္။
အဆိုပါ အခမ္းအနားသို႔ သက္ဆိုင္ရာတာဝန္ရွိသူမ်ား အပါအဝင္ ကိုရီးယားသမၼတႏိုင္ငံသို႔ EPS စနစ္ျဖင့္ အလုပ္သမားမ်ားေစလႊတ္သည့္ (၁၆)ႏိုင္ငံမွ သံအမတ္ႀကီးမ်ား တက္ေရာက္ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။