ကမ္ဘာ့မြေရှား ၄၅ ရာခိုင်နှုန်း တည်ရှိနေသည့် မြန်မာ့မဟာဗျူဟာမြောက်အခွင့်အရေးနှင့် တရုတ်-အိန္ဒိယပြိုင်ဆိုင်မှုအခြေအနေ

890

Htay Oung (NP News) - ဇွန် ၂၉
တရုတ်ဟာ သူ့ရဲ့ကိုယ်စားပြုစစ်သွေးကြွများကို လက်ကိုင်ဒုတ်လုပ်ပြီး ဓါတ်သတ္တုပေါကြွယ်လှတဲ့ မြန်မာနိုင်ငံ မြောက်ဘက်ခြမ်းကို အသံတိတ် သိမ်းပိုက်နေပါတယ်။ အိန္ဒိယကတော့ သူ့ရဲ့အိမ်နောက်ဖက်မှာ မြေရှားသတ္ထု ဇီးသီးဗန်း မှောက်နေတာကို ဒီအတိုင်း လက်ပိုက်ကြည့်နေတယ်လို့ နယူးဒေလီအခြေစိုက် “ဘစ်ဇင်းနက်စ် တူ ဒေး မဂ္ဂဇင်း” ၂ဝ၂၅ ခုနှစ် ဇွန်လ ၂၅ ရက်က ရေးသားပါတယ်။
ကမ္ဘာ့ရှားပါးတွင်းထွက်သတ္တုပစ္စည်းထောက်ပံ့မှုရဲ့ ၄၅ ရာခိုင်နှုန်း နီးပါးခန့် တည်ရှိနေတဲ့ အိမ်နီးချင်းမြန်မာနိုင်ငံ ကချင်ပြည်နယ်မှာ အိန္ဒိယနိုင်ငံအတွက် မဟာဗျူဟာမြောက်အခွင့်အရေးကို ဆုံးရှုံးနေကြောင်း၊ အင်အားကြီး သောင်းကျန်းသူအဖွဲ့ဖြစ်တဲ့ “ကချင်လွတ်လပ်ရေးတပ် (KIA)” က အဆိုပါ အရေးပါတဲ့သတ္တုတွင်းများကို တူးဖော်ပြီး တရုတ်နိုင်ငံသို့ တင်ပို့နေကြောင်း၊ ဒီအကြောင်းကို နယူးဒေလီနိုင်ငံရေးသမားတွေရော ဘာဘူ ပညာတတ်တွေသာ ဂရုတစိုက်ရှိခဲ့ရင် ယနေ့ တရုတ်ဘက်ကို ထွက်ခွာနေတဲ့ မြန်မာ့မြေရှားသတ္တု ထက်ဝက် လောက် အိန္ဒိယကို ရောက်ရှိလာနိုင်တယ်လို့ အလုပ်အကိုင်အခွင့်အလမ်းများ၊ လုပ်ငန်းဆက်သွယ်မှုများ၊ စီးပွားရေး ချဲ့ထွင်မှုများအတွက် LinkedIn လူမှုကွန်ရက် ထင်ရှားသူ ဂျေယန့် မန္ဒြာက ပြောပါတယ်။
မန္ဒြာရဲ့အဆိုအရ တရုတ်ရဲ့ မြန်မာ့ မြေရှားတူးဖော်တင်ပို့ရေးလုပ်ငန်းစဉ်ဟာ KIA ရဲ့ သြဇာလွှမ်းမိုးမှုကို တားဆီးရန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရက ပို့ကုန်များ ပိတ်ပင်ထားချိန် ၂၀၁၈ ခုနှစ်ကတည်းက အရှိန်အဟုန်ဖြင့် စတင်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။ လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်ဟာ စစ်တပ်အာဏာထိန်းမှုကို ထောက်ခံ ခဲ့ပြီး မြန်မာစစ်တပ်ကို အမည်ခံသဘော ထိန်းချုပ်မှုပေးခဲ့ပါတယ်။ ဒါပေမယ့် KIA ဟာ ကချင်ပြည်နယ်မှာ သူ့သဘောနဲ့သူ လုပ်ချင်ရာဆက်လုပ်နေပြီး ပေကျင်းနဲ့ တိုက်ရိုက်သဘောတူညီမှုများ ပြုလုပ်နေပါတယ်။
“KIA ဟာ ပေကျင်းနဲ့ တရုတ်စစ်တပ်ရဲ့ တိုးချဲ့လက်ရုံးဖြစ်လာနေတယ်” လို့ မန္ဒြာက ဆိုပါတယ်။
တရုတ်ဟာ သံတမန်ရေးနည်းလမ်းနဲ့ အဖျက်အမှောက်ကိစ္စများကိုရောနှောပြီး အရေးပါတဲ့ထောက်ပံ့ရေး ကွင်းဆက်များကို လုံခြုံအောင်လုပ်နေချိန် အိန္ဒိယက ဘေးထိုင်ငေးကြည့်နေကြောင်း၊ အိန္ဒိယနယ်နိမိတ်နဲ့ ကပ်လျက်တည်ရှိတဲ့နေရာမှာ မြေရှားတွင်းထွက်သတ္တု ကမ္ဘာ့အများဆုံးနေရာတစ်ခုရှိနေကြောင်း၊ သို့တိုင် နယူးဒေလီဟာ ရန်ဘက်အရှိဆုံးအိမ်နီးချင်းက အဲဒါတွေအားလုံးကို သိမ်းကြုံးထုတ်ယူခွင့်ပေးသလို လုပ်နေတုန်းပဲ လို့ ပြောပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့အစိုးရ မဟုတ်တဲ့လက်နက်ကိုင်တွေနဲ့ထိတွေ့ဆက်ဆံရာ ရောက်လိမ့်မယ်လို့ ဝေဖန်သူတွေ အနေနဲ့ ကန့်ကွက်ကောင်း ကန့်ကွက်နိုင်ပါတယ်။ ဒါပေမယ့် မကြာသေးမီက အိန္ဒိယရဲ့တာလီဘန်များနဲ့ လက်တွေ့ ကျကျ အကျိုးရှိရှိဆက်ဆံပုံကို မန္ဒြာက ထောက်ပြပြီး တစ်တက်စားလဲ ကြက်သွန်ပါပဲ ဘာထူးမှာလဲလို့ ဆိုပါတယ်။ “ကေအိုင်အေနဲ့ သဘောတူညီချက်ရှာဖွေရေးကို မဖြစ်မနေ ကြိုးစားသင့်တယ်။ ဒါမှမဟုတ်ရင်တော့ ကေအိုင်အေ ကို ချေမှုန်းဖို့ မြန်မာအစိုးရနဲ့ ပူးပေါင်းကူညီသင့်တယ်” လို့ လူမှုကွန်ရက် ထင်ရှားသူ ဂျေယန့် မန္ဒြာက ရေးပါတယ်
(အိန္ဒိယသတင်းစာရဲ့ ယခုဝေဖန်ရေးသားချက်ကို ဖတ်ရှု့ပြီးလျှင် KIA က ဗန်းမော်ကို၎င်း၊ AA က ကျောက်ဖြူကို၎င်း အချိန်ယူ အကျအဆုံးခံကာ သဲကြီးမဲကြီးတိုက်ခိုက်နေရခြင်းရဲ့နောက်ကွယ်လက်မည်းကြီးကို ခန့်မှန်းနိုင်လောက်ပါ တယ်။ ။ သတင်းဘာသာပြန်သူ)
#HtayOung #Oungmarine

Zawgyi Version:
ကမာၻ႔ေျမရွား ၄၅ ရာခိုင္ႏႈန္း တည္ရွိေနသည့္ ျမန္မာ့မဟာဗ်ဴဟာေျမာက္အခြင့္အေရးႏွင့္ တ႐ုတ္-အိႏၵိယၿပိဳင္ဆိုင္မႈ အေျခအေန
Htay Oung (NP News) - ဇြန္ ၂၉
တ႐ုတ္ဟာ သူ႔ရဲ႕ကိုယ္စားျပဳစစ္ေသြးႂကြမ်ားကို လက္ကိုင္ဒုတ္လုပ္ၿပီး ဓါတ္သတၱဳေပါႂကြယ္လွတဲ့ ျမန္မာႏိုင္ငံ ေျမာက္ဘက္ျခမ္းကို အသံတိတ္ သိမ္းပိုက္ေနပါတယ္။ အိႏၵိယကေတာ့ သူ႔ရဲ႕အိမ္ေနာက္ဖက္မွာ ေျမရွားသတၳဳ ဇီးသီးဗန္း ေမွာက္ေနတာကို ဒီအတိုင္း လက္ပိုက္ၾကည့္ေနတယ္လို႔ နယူးေဒလီအေျခစိုက္ “ဘစ္ဇင္းနက္စ္ တူ ေဒး မဂၢဇင္း” ၂ဝ၂၅ ခုႏွစ္ ဇြန္လ ၂၅ ရက္က ေရးသားပါတယ္။
ကမာၻ႔ရွားပါးတြင္းထြက္သတၱဳပစၥည္းေထာက္ပံ့မႈရဲ႕ ၄၅ ရာခိုင္ႏႈန္း နီးပါးခန႔္ တည္ရွိေနတဲ့ အိမ္နီးခ်င္းျမန္မာႏိုင္ငံ ကခ်င္ျပည္နယ္မွာ အိႏၵိယႏိုင္ငံအတြက္ မဟာဗ်ဴဟာေျမာက္အခြင့္အေရးကို ဆုံးရႈံးေနေၾကာင္း၊ အင္အားႀကီး ေသာင္းက်န္းသူအဖြဲ႕ျဖစ္တဲ့ “ကခ်င္လြတ္လပ္ေရးတပ္ (KIA)” က အဆိုပါ အေရးပါတဲ့သတၱဳတြင္းမ်ားကို တူးေဖာ္ၿပီး တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔ေနေၾကာင္း၊ ဒီအေၾကာင္းကို နယူးေဒလီႏိုင္ငံေရးသမားေတြေရာ ဘာဘူ ပညာတတ္ေတြသာ ဂ႐ုတစိုက္ရွိခဲ့ရင္ ယေန႔ တ႐ုတ္ဘက္ကို ထြက္ခြာေနတဲ့ ျမန္မာ့ေျမရွားသတၱဳ ထက္ဝက္ ေလာက္ အိႏၵိယကို ေရာက္ရွိလာႏိုင္တယ္လို႔ အလုပ္အကိုင္အခြင့္အလမ္းမ်ား၊ လုပ္ငန္းဆက္သြယ္မႈမ်ား၊ စီးပြားေရး ခ်ဲ႕ထြင္မႈမ်ားအတြက္ LinkedIn လူမႈကြန္ရက္ ထင္ရွားသူ ေဂ်ယန႔္ မျႏၵာက ေျပာပါတယ္။
မျႏၵာရဲ႕အဆိုအရ တ႐ုတ္ရဲ႕ ျမန္မာ့ ေျမရွားတူးေဖာ္တင္ပို႔ေရးလုပ္ငန္းစဥ္ဟာ KIA ရဲ႕ ၾသဇာလႊမ္းမိုးမႈကို တားဆီးရန္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ NLD အစိုးရက ပို႔ကုန္မ်ား ပိတ္ပင္ထားခ်ိန္ ၂၀၁၈ ခုႏွစ္ကတည္းက အရွိန္အဟုန္ျဖင့္ စတင္ေနၿပီျဖစ္ေၾကာင္း သိရွိရပါတယ္။ လက္တုံ႔ျပန္တဲ့အေနနဲ႔ တ႐ုတ္ဟာ စစ္တပ္အာဏာထိန္းမႈကို ေထာက္ခံ ခဲ့ၿပီး ျမန္မာစစ္တပ္ကို အမည္ခံသေဘာ ထိန္းခ်ဳပ္မႈေပးခဲ့ပါတယ္။ ဒါေပမယ့္ KIA ဟာ ကခ်င္ျပည္နယ္မွာ သူ႔သေဘာနဲ႔သူ လုပ္ခ်င္ရာဆက္လုပ္ေနၿပီး ေပက်င္းနဲ႔ တိုက္႐ိုက္သေဘာတူညီမႈမ်ား ျပဳလုပ္ေနပါတယ္။
“KIA ဟာ ေပက်င္းနဲ႔ တ႐ုတ္စစ္တပ္ရဲ႕ တိုးခ်ဲ႕လက္႐ုံးျဖစ္လာေနတယ္” လို႔ မျႏၵာက ဆိုပါတယ္။
တ႐ုတ္ဟာ သံတမန္ေရးနည္းလမ္းနဲ႔ အဖ်က္အေမွာက္ကိစၥမ်ားကိုေရာေႏွာၿပီး အေရးပါတဲ့ေထာက္ပံ့ေရး ကြင္းဆက္မ်ားကို လုံၿခဳံေအာင္လုပ္ေနခ်ိန္ အိႏၵိယက ေဘးထိုင္ေငးၾကည့္ေနေၾကာင္း၊ အိႏၵိယနယ္နိမိတ္နဲ႔ ကပ္လ်က္တည္ရွိတဲ့ေနရာမွာ ေျမရွားတြင္းထြက္သတၱဳ ကမာၻ႔အမ်ားဆုံးေနရာတစ္ခုရွိေနေၾကာင္း၊ သို႔တိုင္ နယူးေဒလီဟာ ရန္ဘက္အရွိဆုံးအိမ္နီးခ်င္းက အဲဒါေတြအားလုံးကို သိမ္းႀကဳံးထုတ္ယူခြင့္ေပးသလို လုပ္ေနတုန္းပဲ လို႔ ေျပာပါတယ္။
ႏိုင္ငံတစ္ႏိုင္ငံရဲ႕အစိုးရ မဟုတ္တဲ့လက္နက္ကိုင္ေတြနဲ႔ထိေတြ႕ဆက္ဆံရာ ေရာက္လိမ့္မယ္လို႔ ေဝဖန္သူေတြ အေနနဲ႔ ကန႔္ကြက္ေကာင္း ကန႔္ကြက္ႏိုင္ပါတယ္။ ဒါေပမယ့္ မၾကာေသးမီက အိႏၵိယရဲ႕တာလီဘန္မ်ားနဲ႔ လက္ေတြ႕ က်က် အက်ိဳးရွိရွိဆက္ဆံပုံကို မျႏၵာက ေထာက္ျပၿပီး တစ္တက္စားလဲ ၾကက္သြန္ပါပဲ ဘာထူးမွာလဲလို႔ ဆိုပါတယ္။ “ေကအိုင္ေအနဲ႔ သေဘာတူညီခ်က္ရွာေဖြေရးကို မျဖစ္မေန ႀကိဳးစားသင့္တယ္။ ဒါမွမဟုတ္ရင္ေတာ့ ေကအိုင္ေအ ကို ေခ်မႈန္းဖို႔ ျမန္မာအစိုးရနဲ႔ ပူးေပါင္းကူညီသင့္တယ္” လို႔ လူမႈကြန္ရက္ ထင္ရွားသူ ေဂ်ယန႔္ မျႏၵာက ေရးပါတယ္
(အိႏၵိယသတင္းစာရဲ႕ ယခုေဝဖန္ေရးသားခ်က္ကို ဖတ္ရႈ႕ၿပီးလွ်င္ KIA က ဗန္းေမာ္ကို၎၊ AA က ေက်ာက္ျဖဴကို၎ အခ်ိန္ယူ အက်အဆုံးခံကာ သဲႀကီးမဲႀကီးတိုက္ခိုက္ေနရျခင္းရဲ႕ေနာက္ကြယ္လက္မည္းႀကီးကို ခန႔္မွန္းႏိုင္ေလာက္ပါ တယ္။ ။ သတင္းဘာသာျပန္သူ)
#HtayOung #Oungmarine