ပြည်တွင်းပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသူဦးရေ (၃ ဒသမ ၅)သန်းရှိလာကြောင်း UNOCHA Myanmar ဆို

 110

စော(NP News) - ဇွန် ၂၉
ပြည်တွင်းပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသူဦးရေ (၃ ဒသမ ၅) သန်းရှိလာကြောင်း ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA Myanmar)၏ ယမန်နေ့ (ဇွန် ၂၇ ရက်) က အသိပေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်း၌ ပြည်တွင်းနေရပ်စွန့်ခွာသူ လူဦးရေမှာ ခန့်မှန်းခြေအားဖြင့် (၃ ဒသမ ၅) သန်း ခန့်ရှိပြီး ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိကာ အရပ်သား ကာကွယ်စောင့်ရှောက်ပေးရ မည့်အခြေအနေများ ပိုမိုမြင့်တက်လာလျက်ရှိကြောင်း UNOCHA Myanmar က ဆိုသည်။
ထို့ပြင်မေလနှောင်းပိုင်းမှစ၍ ပြင်းထန်လာသော တိုက်ပွဲများကြောင့် ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် လူဦးရေ (၁၁၀,၀၀၀) ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ၏ သွားလာမှုများသည် အတိအကျမရှိသဖြင့် အခြေအနေ အလိုက်ပြောင်းလဲနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ မုတ်သုံရာသီကာလအတွင်း ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများကို ပိုမိုဆိုးရွားစေလျက်ရှိပြီး ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် လူဦးရေ အနည်းဆုံး (၃၅,၅၀၀) ခန့် ထိခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ၂၀၂၅ ခုနှစ်၊ ပထမ သုံးလပတ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများသည် အကူအညီ ပေးရန် လျာထားသောလူဦးရေ၏ ၂၇ ရာခိုင်နှုန်းဖြစ်သည့် လူဦးရေ (၁ ဒသမ ၅) သန်းအား အရေးကြီးသော အကူအညီများပေးခဲ့ကြောင်း UNOCHA Myanmar ကဆိုသည်။
လက်ရှိအချိန်ထိ ၂၀၂၅ ခုနှစ်၊ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေး အစီအစဉ်အတွက် လိုအပ် သောရန်ပုံငွေ ၏ (၁၂) ရာခိုင်နှုန်းသာ ရရှိထားပြီး ငလျင်အတွက် နောက်ဆက်တွဲ ရန်ပုံငွေတောင်းခံလွှာအတွက် (၃၆ ဒသမ ၅) ရာခိုင်နှုန်းသာ ရရှိထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
ျပည္တြင္းပဋိပကၡမ်ားေၾကာင့္ ေနရပ္စြန႔္ခြာသူဦးေရ (၃ ဒသမ ၅)သန္းရွိလာေၾကာင္း UNOCHA Myanmar ဆို
ေစာ(NP News) - ဇြန္ ၂၉
ျပည္တြင္းပဋိပကၡမ်ားေၾကာင့္ ေနရပ္စြန႔္ခြာသူဦးေရ (၃ ဒသမ ၅) သန္းရွိလာေၾကာင္း ကုလသမဂၢလူသားခ်င္း စာနာမႈဆိုင္ရာညႇိႏႈိင္း‌ေရး႐ုံး (UNOCHA Myanmar)၏ ယမန္ေန႔ (ဇြန္ ၂၇ ရက္) က အသိေပး ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ႏိုင္ငံတစ္ဝန္း၌ ျပည္တြင္းေနရပ္စြန႔္ခြာသူ လူဦးေရမွာ ခန႔္မွန္းေျခအားျဖင့္ (၃ ဒသမ ၅) သန္း ခန႔္ရွိၿပီး ပဋိပကၡမ်ားေၾကာင့္ ေနရပ္စြန႔္ခြာမႈမ်ား ဆက္လက္ျဖစ္ေပၚလ်က္ရွိကာ အရပ္သား ကာကြယ္ေစာင့္ေရွာက္ေပးရ မည့္အေျခအေနမ်ား ပိုမိုျမင့္တက္လာလ်က္ရွိေၾကာင္း UNOCHA Myanmar က ဆိုသည္။
ထို႔ျပင္ေမလေႏွာင္းပိုင္းမွစ၍ ျပင္းထန္လာေသာ တိုက္ပြဲမ်ားေၾကာင့္ ပဲခူးတိုင္း၊ မေကြးတိုင္း၊ စစ္ကိုင္းတိုင္း၊ တနသၤာရီတိုင္းေဒသႀကီးမ်ားႏွင့္ ရွမ္းျပည္နယ္ေတာင္ပိုင္းတြင္ လူဦးေရ (၁၁၀,၀၀၀) ေက်ာ္ ေနရပ္စြန႔္ခြာ ထြက္ေျပးခဲ့ရၿပီး အိုးအိမ္စြန႔္ခြာထြက္ေျပးေနရသူမ်ား၏ သြားလာမႈမ်ားသည္ အတိအက်မရွိသျဖင့္ အေျခအေန အလိုက္ေျပာင္းလဲေနေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အလားတူ မုတ္သုံရာသီကာလအတြင္း ေရႀကီးေရလွ်ံျခင္းႏွင့္ ေျမၿပိဳျခင္းမ်ားေၾကာင့္ လူသားခ်င္းစာနာမႈဆိုင္ရာ အေျခအေနမ်ားကို ပိုမိုဆိုး႐ြားေစလ်က္ရွိၿပီး ကခ်င္ျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ (ေတာင္ပိုင္း)တို႔တြင္ လူဦးေရ အနည္းဆုံး (၃၅,၅၀၀) ခန႔္ ထိခိုက္ခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ၂၀၂၅ ခုႏွစ္၊ ပထမ သုံးလပတ္အတြင္း လူသားခ်င္းစာနာမႈဆိုင္ရာ အဖြဲ႕အစည္းမ်ားသည္ အကူအညီ ေပးရန္ လ်ာထားေသာလူဦးေရ၏ ၂၇ ရာခိုင္ႏႈန္းျဖစ္သည့္ လူဦးေရ (၁ ဒသမ ၅) သန္းအား အေရးႀကီးေသာ အကူအညီမ်ားေပးခဲ့ေၾကာင္း UNOCHA Myanmar ကဆိုသည္။
လက္ရွိအခ်ိန္ထိ ၂၀၂၅ ခုႏွစ္၊ လူသားခ်င္းစာနာမႈဆိုင္ရာ လိုအပ္ခ်က္မ်ားႏွင့္ တုံ႔ျပန္ေရး အစီအစဥ္အတြက္ လိုအပ္ ေသာရန္ပုံေငြ ၏ (၁၂) ရာခိုင္ႏႈန္းသာ ရရွိထားၿပီး ငလ်င္အတြက္ ေနာက္ဆက္တြဲ ရန္ပုံေငြေတာင္းခံလႊာအတြက္ (၃၆ ဒသမ ၅) ရာခိုင္ႏႈန္းသာ ရရွိထားေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

Picture

Marix Naw

29/06/2025 12:47

ကိုယ်တွေလဲ စစ်ရှောင်ပဲ ဘယ်ကပေးတဲ့ ဘာထောက်ပံ့ကြေးမှဘမရတဲ့အဖွဲ့ကပါ။ အစိုးရကပေးတဲ့ ၂၀၀၀၀ လဲ မရဘူး ကိုယ်နေတဲ့ ရပ်ကွက်ရုံးသွားပြောလဲ ခုထိမရဘူး သူများတွေ ၃ ခါရပြီးပြီ

Related news

© 2021. All rights reserved.