အီကွေဒေါနိုင်ငံတွင် နိုင်ငံရေးသမားတစ်ဦး ထပ်မံလုပ်ကြံသတ်ဖြတ်ခံရ

 803

Pika (NP News) - ဩဂုတ် ၁၆

အီကွေဒေါနိုင်ငံရှိ နိုင်ငံရေး ပါတီခေါင်းဆောင်တစ်ဦးဖြစ်သော Pedro Briones သည် ဩဂုတ်လ(၁၄)ရက်က Esmeraldas ပြည်နယ်ရှိ ၎င်း၏နေအိမ်တွင် သေနတ်သမားများ၏ ပစ်ခတ်လုပ်ကြံခြင်းကို ခံခဲ့ရကြောင်း သိရ သည်။

အဆိုပါလုပ်ကြံမှုသည် အီကွေဒေါနိုင်ငံတွင် နိုင်ငံရေးအရ လှုံ့ဆော်သည့် လုပ်ကြံသတ်ဖြတ်မှုများတွင် နောက်ဆုံး ဖြစ်ပွားသည့် အကြိမ်ဖြစ်ကြောင်းလည်း သိရသည်။ ဩဂုတ်လ(၉)ရက်က Quito မြို့တွင် သမ္မတလောင်း Fernando Villavicencio လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ငါးရက်အကြာတွင် ယခုကဲ့သို့ လုပ်ကြံမှုထပ်မံဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

Citizen Revolution ပါတီအဖွဲ့ဝင်လူးဝစ်ဂွန်ဆာလက်က "အီကွေဒေါနိုင်ငံဟာ သွေးထွက်သံယိုဖြစ်မှုတွေ အများဆုံးခေတ်ကို ရောက်ရှိနေပါပြီ။ Pedro Briones ဟာ အကြမ်းဖက်အဖွဲ့တွေရဲ့လုပ်ကြံမှုကို ခံခဲ့ရပါတယ်" ဟု ပြောခဲ့သည်။ Pedro Briones လုပ်ကြံခံရပြီးနောက် သမ္မတလောင်းဖြစ်သူ လူးဝစ်ဂွန်ဆာလက် သည် လုံခြုံရေးများ ကို တိုးမြှင့်ခဲ့သော်လည်း ကျည်ကာအင်္ကျီကိုဝတ်ဆင်ရန် ငြင်းဆန်ခဲ့ကြောင်းသိရသည်။

၎င်းက "ကျွန်မ ဘုရားသခင်ကို ယုံကြည်ပါတယ်။ ဘုရားသခင်က ကျွန်မတို့ကို အမြဲကြည့်ရှုစောင့်ရှောက်ပါတယ်" ဟု ပြောခဲ့သည်။ Citizen Revolution ပါတီကို တည်ထောင်သူ အီကွေဒေါသမ္မတဟောင်း Rafael Correa က "လုပ်ကြံသတ်ဖြတ်သူတွေဟာ ကျွန်တော်တို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို Esmeraldas ပြည်နယ်မှာ သတ်ပစ်ခဲ့ပါ တယ်။ ဒါက ရပ်တန့်သင့်ပါပြီ" ဟု ပြောခဲ့သည်။

အာဏာပိုင်များသည် Pedro Briones အသတ်ခံရမှုနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ပြောကြားခြင်းမျိုးမရှိသော်လည်း သေနတ်သမားများသည် လုပ်ကြံသတ်ဖြတ်ပြီးနောက် မော်တော် ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားသည်ဆိုသည့်အချက်ကိုသာ ပြောကြားခဲ့ကြောင်း သိရသည်။ ကိုလံဘီယာနိုင်ငံနှင့် အီကွေဒေါနယ်စပ်တွင် တည်ရှိသော Esmeralas ပြည်နယ်သည် အမေရိကန် နှင့် ဥရောပသို့ မူးယစ်ဆေးဝါးများ အထူးသဖြင့် ကိုကင်း အများအပြားတင်ပို့နေသည့် နေရာတစ်ခုဖြစ်ပြီး အကြမ်းဖက်မှုများကြောင့် အဆိုးရွားဆုံး ထိခိုက်မှုများရှိသည့်ဒေသတစ်ခုဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version;
အီေကြေဒါႏိုင္ငံတြင္ ႏိုင္ငံေရးသမားတစ္ဦး ထပ္မံလုပ္ႀကံသတ္ျဖတ္ခံရ
Pika (NP News) - ဩဂုတ္ ၁၆

အီေကြေဒါႏိုင္ငံရွိ ႏိုင္ငံေရး ပါတီေခါင္းေဆာင္တစ္ဦးျဖစ္ေသာ Pedro Briones သည္ ဩဂုတ္လ(၁၄)ရက္က Esmeraldas ျပည္နယ္ရွိ ၎၏ေနအိမ္တြင္ ေသနတ္သမားမ်ား၏ ပစ္ခတ္လုပ္ႀကံျခင္းကို ခံခဲ့ရေၾကာင္း သိရ သည္။

အဆိုပါလုပ္ႀကံမႈသည္ အီေကြေဒါႏိုင္ငံတြင္ ႏိုင္ငံေရးအရ လႈံ႕ေဆာ္သည့္ လုပ္ႀကံသတ္ျဖတ္မႈမ်ားတြင္ ေနာက္ဆုံး ျဖစ္ပြားသည့္ အႀကိမ္ျဖစ္ေၾကာင္းလည္း သိရသည္။ ဩဂုတ္လ(၉)ရက္က Quito ၿမိဳ႕တြင္ သမၼတေလာင္း Fernando Villavicencio လုပ္ႀကံသတ္ျဖတ္ခံရၿပီးေနာက္ ငါးရက္အၾကာတြင္ ယခုကဲ့သို႔ လုပ္ႀကံမႈထပ္မံျဖစ္ပြားခဲ့ ျခင္းျဖစ္သည္။

Citizen Revolution ပါတီအဖြဲ႕ဝင္လူးဝစ္ဂြန္ဆာလက္က "အီေကြေဒါႏိုင္ငံဟာ ေသြးထြက္သံယိုျဖစ္မႈေတြ အမ်ားဆုံးေခတ္ကို ေရာက္ရွိေနပါၿပီ။ Pedro Briones ဟာ အၾကမ္းဖက္အဖြဲ႕ေတြရဲ႕လုပ္ႀကံမႈကို ခံခဲ့ရပါတယ္" ဟု ေျပာခဲ့သည္။ Pedro Briones လုပ္ႀကံခံရၿပီးေနာက္ သမၼတေလာင္းျဖစ္သူ လူးဝစ္ဂြန္ဆာလက္ သည္ လုံၿခဳံေရးမ်ား ကို တိုးျမႇင့္ခဲ့ေသာ္လည္း က်ည္ကာအက်ႌကိုဝတ္ဆင္ရန္ ျငင္းဆန္ခဲ့ေၾကာင္းသိရသည္။

၎က "ကြၽန္မ ဘုရားသခင္ကို ယုံၾကည္ပါတယ္။ ဘုရားသခင္က ကြၽန္မတို႔ကို အၿမဲၾကည့္ရႈေစာင့္ေရွာက္ပါတယ္" ဟု ေျပာခဲ့သည္။ Citizen Revolution ပါတီကို တည္ေထာင္သူ အီေကြေဒါသမၼတေဟာင္း Rafael Correa က "လုပ္ႀကံသတ္ျဖတ္သူေတြဟာ ကြၽန္ေတာ္တို႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြကို Esmeraldas ျပည္နယ္မွာ သတ္ပစ္ခဲ့ပါ တယ္။ ဒါက ရပ္တန႔္သင့္ပါၿပီ" ဟု ေျပာခဲ့သည္။

အာဏာပိုင္မ်ားသည္ Pedro Briones အသတ္ခံရမႈႏွင့္ပတ္သက္သည့္ အေသးစိတ္အခ်က္အလက္မ်ားကို ထုတ္ျပန္ေျပာၾကားျခင္းမ်ိဳးမရွိေသာ္လည္း ေသနတ္သမားမ်ားသည္ လုပ္ႀကံသတ္ျဖတ္ၿပီးေနာက္ ေမာ္ေတာ္ ဆိုင္ကယ္ျဖင့္ ထြက္ေျပးသြားသည္ဆိုသည့္အခ်က္ကိုသာ ေျပာၾကားခဲ့ေၾကာင္း သိရသည္။ ကိုလံဘီယာႏိုင္ငံႏွင့္ အီေကြေဒါနယ္စပ္တြင္ တည္ရွိေသာ Esmeralas ျပည္နယ္သည္ အေမရိကန္ ႏွင့္ ဥေရာပသို႔ မူးယစ္ေဆးဝါးမ်ား အထူးသျဖင့္ ကိုကင္း အမ်ားအျပားတင္ပို႔ေနသည့္ ေနရာတစ္ခုျဖစ္ၿပီး အၾကမ္းဖက္မႈမ်ားေၾကာင့္ အဆိုး႐ြားဆုံး ထိခိုက္မႈမ်ားရွိသည့္ေဒသတစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.