ခရစ်ယာန်ဘုရားကျောင်းတွေကို မီးရှို့ဖျက်ဆီးမှု အပါအဝင် တိုက်ခိုက်ဖျက်ဆီးခံရမှုနဲ့ပတ်သက်ပြီး လူပေါင်း ၁ဝဝ ကျော်ကို ဖမ်းဆီးထားဟု ပါကစ္စတန်ရဲတပ်ဖွဲ့ပြော

808

ဂျန်ဇက် (NP News) - သြဂုတ် ၁၈
ပါကစ္စတန်ရဲတပ်ဖွဲ့ဟာ နိုင်ငံအရှေ့ဘက်ပိုင်းရှိ ခရစ်ယာန်ဘုရားကျောင်းများ တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး လူပေါင်း ၁ဝဝ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရပါတယ်။
ပါကစ္စတန်အရှေ့ဘက်ပိုင်း Faisalabad ပြည်နယ်ရှိ Jaranwala မြို့ရဲစခန်းအကြီးအကဲဖြစ်သူ ရစ်ဝမ်ခန်းက ဘုရားကျောင်းတွေတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ လူပေါင်း ၁၂၉ ဦးကို ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။
ခရစ်ယာန်ဘာသာဝင်နှစ်ဦးဟာ ကိုရမ်ကျမ်းစာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့ပြီးနောက် Jaranwala မြို့ရှိ ခရစ်ယာန်ဘုရားကျောင်း ငါးခုကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုးတွေဖြစ်လာခဲ့ကြောင်း သိရပါတယ်။ ကိုရမ်ကျမ်းစာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စွပ်စွဲခံရသူ ခရစ်ယာန်နှစ်ဦးကို လက်ရှိအချိန်မှာ ဖမ်းဆီးထားခြင်းမရှိသေးပေမယ့် သေဒဏ်အထိ အပြစ်ပေးလို့ရနိုင်တဲ့ ဘာသာရေးစော်ကားမှုနဲ့ စွဲချက်တင်ထားကြောင်း သိရပါတယ်။
Jaranwala မြို့ရဲတပ်ဖွဲ့က ထိခိုက်ဒဏ်ရာရတာမျိုးတွေတော့ မရှိသေးကြောင်း၊ မြို့အတွင်းရှိ မြေပြင်အခြေအနေတွေက တင်းမာနေဆဲဖြစ်ကြောင်း ပြောပါတယ်။ မြို့အတွင်းမှာ အကြောင်းမဲ့ လူစုလူဝေးပြုလုပ်ခြင်းမျိုးမလုပ်ဖို့ ပုဒ်မ ၁၄၄ ကို ၇ ရက်ကြာ ထုတ်ပြန်ထားကြောင်း၊ မြို့အတွင်းရှိ ခရစ်ယာန်ဘာသာဝင်တွေဟာ အိမ်ကိုပြန်လာဖို့ နဲ့ မြို့ကိုပုံမှန်အခြေအနေအတိုင်း ပြန်ဖြစ်အောင်လုပ်ဖို့ ရုန်းကန်နေရဆဲဖြစ်ကြောင်း ပါကစ္စတန်အာဏာပိုင်တွေက ပြောပါတယ်။
ပါကစ္စတန်မီဒီယာတွေကတော့ သြဂုတ် ၁၇ ရက်က Jaranwala မြို့မှာ အနည်းဆုံး ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း မီးရှို့ဖျက်ဆီးခံလိုက်ရပြီး လူ ၄ ဦး ဒဏ်ရာရသွားခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် မြို့အတွင်းရှိ ခရစ်ယာန်မိသားစုတွေပိုင်ဆိုင်တဲ့ အိမ်ပေါင်းဒါဇင်ချီ ဖျက်ဆီးခံရပြီး ပျက်စီးသွားခဲ့ကြောင်း ပါကစ္စတန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ဥရောပတိုက်မှာ ကိုရမ်ကျမ်းကို မီးရှို့ဖျက်ဆီးမှုများ စတင်ဖြစ်ပွားလာခဲ့ပြီးနောက် အာရှတိုက်အတွင်းရှိ အစ္စလာမ်ဘာသာဝင်တွေ စိတ်ဆိုးဒေါသဖြစ်နေခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
ခရစ္ယာန္ဘုရားေက်ာင္းေတြကို မီးရႈိ႕ဖ်က္ဆီးမႈ အပါအဝင္ တိုက္ခိုက္ဖ်က္ဆီးခံရမႈနဲ႔ပတ္သက္ၿပီး လူေပါင္း ၁ဝဝ ေက်ာ္ကို ဖမ္းဆီးထားဟု ပါကစၥတန္ရဲတပ္ဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၁၈
ပါကစၥတန္ရဲတပ္ဖြဲ႕ဟာ ႏိုင္ငံအေရွ႕ဘက္ပိုင္းရွိ ခရစ္ယာန္ဘုရားေက်ာင္းမ်ား တိုက္ခိုက္ခံရမႈနဲ႔ပတ္သက္ၿပီး လူေပါင္း ၁ဝဝ ေက်ာ္ကို ဖမ္းဆီးထိန္းသိမ္းခဲ့ေၾကာင္း သိရပါတယ္။
ပါကစၥတန္အေရွ႕ဘက္ပိုင္း Faisalabad ျပည္နယ္ရွိ Jaranwala ၿမိဳ႕ရဲစခန္းအႀကီးအကဲျဖစ္သူ ရစ္ဝမ္ခန္းက ဘုရားေက်ာင္းေတြတိုက္ခိုက္ခံရမႈနဲ႔ပတ္သက္ၿပီး လက္ရွိအခ်ိန္အထိ လူေပါင္း ၁၂၉ ဦးကို ဖမ္းဆီးထားတယ္လို႔ ေျပာပါတယ္။
ခရစ္ယာန္ဘာသာဝင္ႏွစ္ဦးဟာ ကိုရမ္က်မ္းစာကို မီးရႈိ႕ဖ်က္ဆီးခဲ့တယ္လို႔ စြပ္စြဲမႈမ်ား ထြက္ေပၚလာခဲ့ၿပီးေနာက္ Jaranwala ၿမိဳ႕ရွိ ခရစ္ယာန္ဘုရားေက်ာင္း ငါးခုကို ပစ္မွတ္ထားတိုက္ခိုက္တာမ်ိဳးေတြျဖစ္လာခဲ့ေၾကာင္း သိရပါတယ္။ ကိုရမ္က်မ္းစာကို မီးရႈိ႕ဖ်က္ဆီးခဲ့တယ္လို႔ စြပ္စြဲခံရသူ ခရစ္ယာန္ႏွစ္ဦးကို လက္ရွိအခ်ိန္မွာ ဖမ္းဆီးထားျခင္းမရွိေသးေပမယ့္ ေသဒဏ္အထိ အျပစ္ေပးလို႔ရႏိုင္တဲ့ ဘာသာေရးေစာ္ကားမႈနဲ႔ စြဲခ်က္တင္ထားေၾကာင္း သိရပါတယ္။
Jaranwala ၿမိဳ႕ရဲတပ္ဖြဲ႕က ထိခိုက္ဒဏ္ရာရတာမ်ိဳးေတြေတာ့ မရွိေသးေၾကာင္း၊ ၿမိဳ႕အတြင္းရွိ ေျမျပင္အေျခအေနေတြက တင္းမာေနဆဲျဖစ္ေၾကာင္း ေျပာပါတယ္။ ၿမိဳ႕အတြင္းမွာ အေၾကာင္းမဲ့ လူစုလူေဝးျပဳလုပ္ျခင္းမ်ိဳးမလုပ္ဖို႔ ပုဒ္မ ၁၄၄ ကို ၇ ရက္ၾကာ ထုတ္ျပန္ထားေၾကာင္း၊ ၿမိဳ႕အတြင္းရွိ ခရစ္ယာန္ဘာသာဝင္ေတြဟာ အိမ္ကိုျပန္လာဖို႔ နဲ႔ ၿမိဳ႕ကိုပုံမွန္အေျခအေနအတိုင္း ျပန္ျဖစ္ေအာင္လုပ္ဖို႔ ႐ုန္းကန္ေနရဆဲျဖစ္ေၾကာင္း ပါကစၥတန္အာဏာပိုင္ေတြက ေျပာပါတယ္။
ပါကစၥတန္မီဒီယာေတြကေတာ့ ၾသဂုတ္ ၁၇ ရက္က Jaranwala ၿမိဳ႕မွာ အနည္းဆုံး ခရစ္ယာန္ဘုရားေက်ာင္းတစ္ေက်ာင္း မီးရႈိ႕ဖ်က္ဆီးခံလိုက္ရၿပီး လူ ၄ ဦး ဒဏ္ရာရသြားခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။
ဒါ့အျပင္ ၿမိဳ႕အတြင္းရွိ ခရစ္ယာန္မိသားစုေတြပိုင္ဆိုင္တဲ့ အိမ္ေပါင္းဒါဇင္ခ်ီ ဖ်က္ဆီးခံရၿပီး ပ်က္စီးသြားခဲ့ေၾကာင္း ပါကစၥတန္မီဒီယာေတြက ေဖာ္ျပထားပါတယ္။
ဥေရာပတိုက္မွာ ကိုရမ္က်မ္းကို မီးရႈိ႕ဖ်က္ဆီးမႈမ်ား စတင္ျဖစ္ပြားလာခဲ့ၿပီးေနာက္ အာရွတိုက္အတြင္းရွိ အစၥလာမ္ဘာသာဝင္ေတြ စိတ္ဆိုးေဒါသျဖစ္ေနခဲ့ေၾကာင္း သိရပါတယ္။