ဆန္ဒပြပွဲများဖြစ်လာခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ်ပီတွန်တန်ရှင်နာဝါထရာ နဲ့ ဖြူထိုင်းပါတီအပေါ် လူထုထောက်ခံမှု ပိုမိုကျဆင်းလာ

290

ဂျန်ဇက် (NP News) - ဇွန် ၂၉
ထိုင်းနိုင်ငံမှာ ဇွန်လ ၂၈ ရက်က ဆန္ဒပြပွဲများဖြစ်လာခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ် ပီတွန်တန်ရှင်နာဝါထရာအပေါ် လူထု ထောက်ခံမှုကျဆင်းသွားခဲ့တယ်လို့ Nida Poll ရဲ့နောက်ဆုံးစစ်တမ်းအရသိရပါတယ်။ ပီတွန်တန် ရှင်နာဝါထရာနဲ့ အာဏာရညွန့်ပေါင်းပါတီဖြစ်တဲ့ ဖြူထိုင်းပါတီအပေါ် လူထုထောက်ခံမှုက ၉ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။
Nida Poll ဟာ ထိုင်းဝန်ကြီးချုပ်နဲ့ ဖြူထိုင်းပါတီနဲ့ပတ်သက်ပြီး ဇွန်လ ၁၉ ရက်ကနေ ၂၅ ရက်အထိ စစ်တမ်း ကောက်ယူခဲ့ပြီးနောက် သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ လက်ရှိအချိန်မှာ ကမ္ဘောဒီးယားနိုင်ငံနဲ့ နယ်စပ်ဒေသမှာ ပိုင်နက်နယ်မြေအငြင်းပွားနေခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံရေး မှာ အလှုပ်ခတ်များစွာဖြစ်လာခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ် နဲ့ ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်တို့ ဖုန်းဆက် ဆွေးနွေးတဲ့အသံဖိုင်ဟာ အပြင်ကို ပေါက်ကြားလာခဲ့ပြီးနောက် ထိုင်းပြည်သူများဟာ ဝန်ကြီးချုပ်ပီတွန်တန် ရှင်နာဝါထရာရဲ့တုံ့ပြန်ဆွေးနွေးမှုတွေကို မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထိုင်းပြည်သူတွေဟာ ဝန်ကြီးချုပ်ရှင်နာဝါထရာကို ရာထူးက နုတ်ထွက်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဇွန်လ ၂၈ ရက်က ပြုလုပ်ခဲ့တဲ့ ထိုင်းဆန္ဒပြပွဲမှာ ဆန္ဒပြပွဲခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Victory Monument က ဝန်ကြီးချုပ်ပီတွန်တန်ရှင်နာဝါထရာကို ရာထူးကနုတ်ထွက်ဖို့ နဲ့ ထိုင်းညွန့်ပေါင်းအစိုးရအဖွဲ့မှာ ပါဝင်နေတဲ့ပါတီ တွေကိုလည်း နုတ်ထွက်ဖို့ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
ဆန္ဒပြပွဲမှာပါဝင်သူများဟာ မိုးထဲရေထဲမှာ ဆန္ဒပြခဲ့တာဖြစ်ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ ဆွေးနွေးချိန်အတွင်း ထိုင်းဝန်ကြီးချုပ်ရဲ့ပြောဆိုချက်တွေကအလျော့ပေးသလိုမျိုးဖြစ်နေခဲ့တယ်လို့ ဝေဖန်စွပ်စွဲမှုတွေလည်း ရှိနေပါ တယ်။ ထိုင်းအစိုးရဟာ ကမ္ဘောဒီးယားနိုင်ငံနဲ့ဖြစ်ပွားနေတဲ့ ပိုင်နက်နယ်မြေအငြင်းပွားမှုများကို ကြားဝင်ဖြေရှင်း ပေးဖို့ ပြင်သစ်နိုင်ငံကို အကူညီတောင်းခံခဲ့ပြီး ပြင်သစ်ဝန်ကြီးချုပ် မက်ခရွန်ကလည်း ကူညီပေးဖို့ လိုလားနေတယ် လို့ သတင်းများထွက်ပေါ်နေပါတယ်။

Zawgyi Version:
ဆႏၵျပပြဲမ်ားျဖစ္လာခဲ့ၿပီးေနာက္ ထိုင္းဝန္ႀကီးခ်ဳပ္ပီတြန္တန္ရွင္နာဝါထရာ နဲ႔ ျဖဴထိုင္းပါတီအေပၚ လူထုေထာက္ခံမႈ ပိုမိုက်ဆင္းလာ
ဂ်န္ဇက္ (NP News) - ဇြန္ ၂၉
ထိုင္းႏိုင္ငံမွာ ဇြန္လ ၂၈ ရက္က ဆႏၵျပပြဲမ်ားျဖစ္လာခဲ့ၿပီးေနာက္ ထိုင္းဝန္ႀကီးခ်ဳပ္ ပီတြန္တန္ရွင္နာဝါထရာအေပၚ လူထုေထာက္ခံမႈက်ဆင္းသြားခဲ့တယ္လို႔ Nida Poll ရဲ႕ေနာက္ဆုံးစစ္တမ္းအရ သိရပါတယ္။ ပီတြန္တန္ ရွင္နာဝါထရာနဲ႔ အာဏာရၫြန္႔ေပါင္းပါတီျဖစ္တဲ့ ျဖဴထိုင္းပါတီအေပၚ လူထုေထာက္ခံမႈက ၉ ဒသမ ၂ ရာခိုင္ႏႈန္း က်ဆင္းသြားခဲ့တယ္လို႔ သိရပါတယ္။
Nida Poll ဟာ ထိုင္းဝန္ႀကီးခ်ဳပ္နဲ႔ ျဖဴထိုင္းပါတီနဲ႔ပတ္သက္ၿပီး ဇြန္လ ၁၉ ရက္ကေန ၂၅ ရက္အထိ စစ္တမ္း ေကာက္ယူခဲ့ၿပီးေနာက္ သတင္းထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ ထိုင္းႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ ကေမာၻဒီးယားႏိုင္ငံနဲ႔ နယ္စပ္ေဒသမွာ ပိုင္နက္နယ္ေျမအျငင္းပြားေနခဲ့ၿပီး အျပန္အလွန္ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ ထိုင္းႏိုင္ငံေရး မွာ အလႈပ္ခတ္မ်ားစြာျဖစ္လာခဲ့ပါတယ္။ ထိုင္းဝန္ႀကီးခ်ဳပ္ နဲ႔ ကေမာၻဒီးယားလႊတ္ေတာ္ဥကၠ႒ဟြန္ဆန္တို႔ ဖုန္းဆက္ ေဆြးေႏြးတဲ့အသံဖိုင္ဟာ အျပင္ကို ေပါက္ၾကားလာခဲ့ၿပီးေနာက္ ထိုင္းျပည္သူမ်ားဟာ ဝန္ႀကီးခ်ဳပ္ပီတြန္တန္ ရွင္နာဝါထရာရဲ႕တုံ႔ျပန္ေဆြးေႏြးမႈေတြကို မေက်မနပ္ျဖစ္ခဲ့ၾကပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထိုင္းျပည္သူေတြဟာ ဝန္ႀကီးခ်ဳပ္ရွင္နာဝါထရာကို ရာထူးက ႏုတ္ထြက္ဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ဇြန္လ ၂၈ ရက္က ျပဳလုပ္ခဲ့တဲ့ ထိုင္းဆႏၵျပပြဲမွာ ဆႏၵျပပြဲေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ Victory Monument က ဝန္ႀကီးခ်ဳပ္ပီတြန္တန္ရွင္နာဝါထရာကို ရာထူးကႏုတ္ထြက္ဖို႔ နဲ႔ ထိုင္းၫြန္႔ေပါင္းအစိုးရအဖြဲ႕မွာ ပါဝင္ေနတဲ့ပါတီေတြကိုလည္း ႏုတ္ထြက္ဖို႔ တိုက္တြန္း ေတာင္းဆိုလိုက္ပါတယ္။
ဆႏၵျပပြဲမွာပါဝင္သူမ်ားဟာ မိုးထဲေရထဲမွာ ဆႏၵျပခဲ့တာျဖစ္ၿပီး ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္နဲ႔ ေဆြးေႏြးခ်ိန္အတြင္း ထိုင္းဝန္ႀကီးခ်ဳပ္ရဲ႕ေျပာဆိုခ်က္ေတြကအေလ်ာ့ေပးသလိုမ်ိဳးျဖစ္ေနခဲ့တယ္လို႔ ေဝဖန္စြပ္စြဲမႈေတြလည္း ရွိေနပါတယ္။ ထိုင္းအစိုးရဟာ ကေမာၻဒီးယားႏိုင္ငံနဲ႔ျဖစ္ပြားေနတဲ့ ပိုင္နက္နယ္ေျမအျငင္းပြားမႈမ်ားကို ၾကားဝင္ေျဖရွင္းေပးဖို႔ ျပင္သစ္ႏိုင္ငံကို အကူညီေတာင္းခံခဲ့ၿပီး ျပင္သစ္ဝန္ႀကီးခ်ဳပ္ မက္ခ႐ြန္ကလည္း ကူညီေပးဖို႔ လိုလားေနတယ္ လို႔ သတင္းမ်ားထြက္ေပၚေနပါတယ္။