အစ္စရေးက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်

 264

Pika (NP News) - ဇွန် ၂၉
လက်ဘနွန်နိုင်ငံတောင်ပိုင်းကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တာကြောင့် အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး အခြားလူ(၂၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အစ္စရေးနဲ့လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ထား ပေမယ့်လည်း အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက “အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံတောင်ပိုင်းကို လေကြောင်း တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး အခြားလူ(၂၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါ တယ်” လို့ ပြောခဲ့ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုဟာ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့မြေအောက်ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အစ္စရေးလေတပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အစ္စရေးစစ်တပ်ဟာ လက်ဘနွန် နိုင်ငံတောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်လုပ်ဆောင်ခဲ့ပြီး ဘန်ကာဖောက်ဗုံးတွေကို အသုံးပြုခဲ့တယ် လို့ လက်ဘနွန်နိုင်ငံပိုင်သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အမေရိကန် ရဲ့ကြားဝင်စေ့စပ်ပေးမှုနဲ့အတူ အစ္စရေးနဲ့ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေး ရရှိခဲ့ပြီးနောက် လအနည်းငယ်အကြာမှာ အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version:
အစၥေရးက လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းကို ေလေၾကာင္းတိုက္ခိုက္မႈေတြျပဳလုပ္
Pika (NP News) - ဇြန္ ၂၉
လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းကို အစၥေရးက ေလေၾကာင္းတိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့တာေၾကာင့္ အမ်ိဳးသမီး တစ္ဦးေသဆုံးခဲ့ၿပီး အျခားလူ(၂၀)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ လက္ဘႏြန္က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အစၥေရးနဲ႔လက္ဘႏြန္အေျခစိုက္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ၾကား အပစ္အခတ္ရပ္စဲေရးလုပ္ေဆာင္ထား ေပမယ့္လည္း အစၥေရးဘက္က ေလေၾကာင္းတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ လက္ဘႏြန္က်န္းမာေရးဝန္ႀကီးဌာနက “အစၥေရးစစ္တပ္က လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းကို ေလေၾကာင္း တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့တာေၾကာင့္ အမ်ိဳးသမီးတစ္ဦးေသဆုံးၿပီး အျခားလူ(၂၀)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ပါ တယ္” လို႔ ေျပာခဲ့ပါတယ္။
အဲဒီေလေၾကာင္းတိုက္ခိုက္မႈဟာ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕ေျမေအာက္ပိုင္ဆိုင္မႈေတြကို ပစ္မွတ္ထား တိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔ အစၥေရးေလတပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အစၥေရးစစ္တပ္ဟာ လက္ဘႏြန္ ႏိုင္ငံေတာင္ပိုင္းကို ေလေၾကာင္းတိုက္ခိုက္မႈ ႏွစ္ႀကိမ္လုပ္ေဆာင္ခဲ့ၿပီး ဘန္ကာေဖာက္ဗုံးေတြကို အသုံးျပဳခဲ့တယ္ လို႔ လက္ဘႏြန္ႏိုင္ငံပိုင္သတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလမွာ အေမရိကန္ ရဲ႕ၾကားဝင္ေစ့စပ္ေပးမႈနဲ႔အတူ အစၥေရးနဲ႔ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ၾကား အပစ္အခတ္ရပ္စဲေရး ရရွိခဲ့ၿပီးေနာက္ လအနည္းငယ္အၾကာမွာ အစၥေရးက ေလေၾကာင္းတိုက္ခိုက္မႈေတြ ထပ္မံလုပ္ေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.