ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်ရဲ့ပြောဆိုမှုတွေက ထိုင်းပြည်တွင်းရေးကို စွက်ဖက်နေခြင်းဟု ထိုင်းအစိုးရ ဝေဖန်

 224

ဂျန်ဇက် (NP News) - ဇွန် ၂၉
ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်ရဲ့လူမှုကွန်ရက်မှာ livestream လွှင့်ပြီး ပြောဆိုမှုတွေက ထိုင်းနိုင်ငံရဲ့ ပြည်တွင်းရေးနဲ့ နိုင်ငံတကာလုပ်ထုံးလုပ်နည်းများကိုချိုး ဖောက်လိုက်တာမျိုးဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျာလီချန်ဒရာက ဟွန်ဆန်ရဲ့လူမှုကွန်ရက်မှာ livestream ဟာ ထိုင်းပြည်တွင်းရေး မတည်ငြိမ်အောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သလို အာဆီယံအဖွဲ့စည်းကမ်းများအပြင် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ဟွန်ဆန်ဟာ ထိုင်းနိုင်ငံမှာ အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်စေဖို့ ဆွေးနွေးပြောဆိုခြင်းများရှိခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ဖခင်ဖြစ်သလို ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ရဲ့ပြောဆိုချက်တွေက ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြား ဖြစ်ပွားနေတဲ့အငြင်းပွားမှုများကို ပိုမိုဆိုးရွားလာဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဟွန်ဆန်ဟာ လူမူကွန်ရက်ကနေ livestream လွှင့်ချိန်အတွင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၊ ထိုင်း Bhumjaithai ပါတီ ခေါင်းဆောင် အပါအဝင် ထိုင်းနိုင်ငံရေးခေါင်းဆောင်များ နဲ့ ထိုင်းအစိုးရကို စွပ်စွဲဝေဖန်ပြစ်တင်ခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြားဖြစ်ပွားနေတဲ့ နယ်စပ်အငြင်းပွားမှုများဟာ နှစ်နိုင်ငံစလုံးရဲ့ ပြည်သူများအပေါ် သက်ရောက်မှုရှိနေပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဟာ ထိုင်းနဲ့ဖြစ်ပွားနေတဲ့ နယ်စပ်ဒေသ အငြင်းပွားမှုများကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICJ)မှာ ဖြေရှင်းဖို့လိုလားလျက်ရှိနေပေမယ့် ထိုင်းအစိုးရက လက်ခံခြင်းမရှိပါဘူး။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ထိုင်းဝန်ကြီးချုပ်ပီတွန်တန်ရှင်နာဝါထရက နိုင်ငံအပေါ် သစ္စာဖောက်ခဲ့တယ်လို့ စွပ်စွဲပြစ်တင်ထားပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြား နယ်စပ်ဒေသ အငြင်းပွားမှုများနဲ့ပတ်သက်ပြီး ဆွေးနွေးချိန်တွင်း ထိုင်းဝန်ကြီးချုပ် ပီတွန်တန်ရှင်နာဝါထရာဟာ ထိုင်းဗိုလ်ချုပ်ကြီး ပက်လန်ကိုလည်း ပြင်းထန်တဲ့ ဝေဖန်ပြစ်တင်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဟွန်ဆန်က ပြောပါတယ်။
အစိုးရအဖွဲ့ခေါင်းဆောင်တစ်ဦးဟာ နိုင်ငံခြားတိုင်းပြည်အဖွဲ့အစည်းကို အခွင့်အရေးပေးဖို့ မိမိနိုင်ငံရဲ့စစ်တပ်ကို ဖိနှိပ်ဖို့ကြိုးပမ်းတာက နိုင်ငံကို သစ္စာဖောက်တာမျိုးဖြစ်တယ်လို့ ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်က ပြောပါတယ်။

Zawgyi Version:
ကေမာၻဒီးယားလႊတ္ေတာ္ဥကၠ႒ဟြန္ဆန္ရဲ႕ေျပာဆိုမႈေတြက ထိုင္းျပည္တြင္းေရးကို စြက္ဖက္ေနျခင္းဟု ထိုင္းအစိုးရ ေဝဖန္
ဂ်န္ဇက္ (NP News) - ဇြန္ ၂၉
ကေမာၻဒီးယားလႊတ္ေတာ္ဥကၠ႒ဟြန္ဆန္ရဲ႕လူမႈကြန္ရက္မွာ livestream လႊင့္ၿပီး ေျပာဆိုမႈေတြက ထိုင္းႏိုင္ငံရဲ႕ ျပည္တြင္းေရးနဲ႔ ႏိုင္ငံတကာလုပ္ထုံးလုပ္နည္းမ်ားကိုခ်ိဳး ေဖာက္လိုက္တာမ်ိဳးျဖစ္တယ္လို႔ ထိုင္းႏိုင္ငံျခားေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီးက ေျပာပါတယ္။
ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဂ်ာလီခ်န္ဒရာက ဟြန္ဆန္ရဲ႕လူမႈကြန္ရက္မွာ livestream ဟာ ထိုင္းျပည္တြင္းေရး မတည္ၿငိမ္ေအာင္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္သလို အာဆီယံအဖြဲ႕စည္းကမ္းမ်ားအျပင္ ႏိုင္ငံတကာ ဥပေဒမ်ားကို ခ်ိဳးေဖာက္ျခင္းျဖစ္တယ္လို႔ တုံ႔ျပန္ခဲ့ပါတယ္။ ဟြန္ဆန္ဟာ ထိုင္းႏိုင္ငံမွာ အစိုးရအဖြဲ႕ အေျပာင္းအလဲ ျဖစ္ေစဖို႔ ေဆြးေႏြးေျပာဆိုျခင္းမ်ားရွိခဲ့တယ္လို႔ သိရပါတယ္။
ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ရဲ႕ဖခင္ျဖစ္သလို ဝန္ႀကီးခ်ဳပ္ေဟာင္းဟြန္ဆန္ရဲ႕ေျပာဆိုခ်က္ေတြက ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံၾကား ျဖစ္ပြားေနတဲ့အျငင္းပြားမႈမ်ားကို ပိုမိုဆိုး႐ြားလာဖြယ္ရွိတယ္လို႔ ဆိုပါတယ္။ ဟြန္ဆန္ဟာ လူမူကြန္ရက္ကေန livestream လႊင့္ခ်ိန္အတြင္း ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္၊ ထိုင္း Bhumjaithai ပါတီ ေခါင္းေဆာင္ အပါအဝင္ ထိုင္းႏိုင္ငံေရးေခါင္းေဆာင္မ်ား နဲ႔ ထိုင္းအစိုးရကို စြပ္စြဲေဝဖန္ျပစ္တင္ခဲ့တယ္လို႔ သိရပါတယ္။
ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံၾကားျဖစ္ပြားေနတဲ့ နယ္စပ္အျငင္းပြားမႈမ်ားဟာ ႏွစ္ႏိုင္ငံစလုံးရဲ႕ ျပည္သူမ်ားအေပၚ သက္ေရာက္မႈရွိေနပါတယ္။ ကေမာၻဒီးယားႏိုင္ငံဟာ ထိုင္းနဲ႔ျဖစ္ပြားေနတဲ့ နယ္စပ္ေဒသ အျငင္းပြားမႈမ်ားကို ႏိုင္ငံတကာရာဇဝတ္တရား႐ုံး (ICJ)မွာ ေျဖရွင္းဖို႔လိုလားလ်က္ရွိေနေပမယ့္ ထိုင္းအစိုးရက လက္ခံျခင္းမရွိပါဘူး။ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ေဟာင္း ဟြန္ဆန္က ထိုင္းဝန္ႀကီးခ်ဳပ္ပီတြန္တန္ရွင္နာဝါထရက ႏိုင္ငံအေပၚ သစၥာေဖာက္ခဲ့တယ္လို႔ စြပ္စြဲျပစ္တင္ထားပါတယ္။
ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံၾကား နယ္စပ္ေဒသ အျငင္းပြားမႈမ်ားနဲ႔ပတ္သက္ၿပီး ေဆြးေႏြးခ်ိန္တြင္း ထိုင္းဝန္ႀကီးခ်ဳပ္ ပီတြန္တန္ရွင္နာဝါထရာဟာ ထိုင္းဗိုလ္ခ်ဳပ္ႀကီး ပက္လန္ကိုလည္း ျပင္းထန္တဲ့ ေဝဖန္ျပစ္တင္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ ဟြန္ဆန္က ေျပာပါတယ္။
အစိုးရအဖြဲ႕ေခါင္းေဆာင္တစ္ဦးဟာ ႏိုင္ငံျခားတိုင္းျပည္အဖြဲ႕အစည္းကို အခြင့္အေရးေပးဖို႔ မိမိႏိုင္ငံရဲ႕စစ္တပ္ကို ဖိႏွိပ္ဖို႔ႀကိဳးပမ္းတာက ႏိုင္ငံကို သစၥာေဖာက္တာမ်ိဳးျဖစ္တယ္လို႔ ကေမာၻဒီးယားလႊတ္ေတာ္ဥကၠ႒ဟြန္ဆန္က ေျပာပါတယ္။

Related news

© 2021. All rights reserved.