တောင်ဒဂုံမြို့နယ်ရှိ ငမိုးရိပ်တံတားပေါ်မှ လူငယ်အမျိုးသားတစ်ဦး ခုန်ချမှုဖြစ်ပွား

 3787

သန့်ဇင်(NP News) - စက်တင်ဘာ ၂

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်ရှိ ငမိုးရိပ်တံတားပေါ်မှ အသက်(၂၃)နှစ်အရွယ် အမျိုးသားတစ်ဦး ငမိုးရိပ်ချောင်းအတွင်းသို့ ခုန်ချသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၂ရက်)၊ နံနက် ၁၁နာရီအချိန်တွင် တောင်ဒဂုံမြို့နယ်ရှိ ငမိုးရိပ်တံတား၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ရှင်သန်ခွင့်လူမှုကူညီရေးအသင်းထံမှ သိရသည်။

“ငမိုးရိပ်တံတားအလယ်လောက်ကနေ ငမိုးရိပ်ချောင်းထဲကိုခုန်ချသွားတာပါ။ အကြောင်း ရင်းကတော့မသိရသေးပါဘူး”ဟု ရှင်သန်ခွင့်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ အမျိုသားသည် အသက်(၂၃)နှစ်အရွယ်ဖြစ်ပြီး အရှေ့ဒဂုံမြို့နယ်တွင်နေထိုင်သူဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းအား ရှင်သန်ခွင့်လူမှုကူညီရေးအသင်းအပြင် အခြားလူမှုကူညီရေးအသင်းများမှ ရှာဖွေကယ်ဆယ်မှုများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

zawgyi version
ေတာင္ဒဂုံၿမိဳ႕နယ္ရွိ ငမိုးရိပ္တံတားေပၚမွ လူငယ္အမ်ိဳးသားတစ္ဦး ခုန္ခ်မႈျဖစ္ပြား

သန႔္ဇင္(NP News) - စက္တင္ဘာ ၂

ရန္ကုန္တိုင္း၊ ေတာင္ဒဂုံၿမိဳ႕နယ္ရွိ ငမိုးရိပ္တံတားေပၚမွ အသက္(၂၃)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ငမိုးရိပ္ေခ်ာင္းအတြင္းသို႔ ခုန္ခ်သြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယေန႔(စက္တင္ဘာလ ၂ရက္)၊ နံနက္ ၁၁နာရီအခ်ိန္တြင္ ေတာင္ဒဂုံၿမိဳ႕နယ္ရွိ ငမိုးရိပ္တံတား၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း ရွင္သန္ခြင့္လူမႈကူညီေရးအသင္းထံမွ သိရသည္။

“ငမိုးရိပ္တံတားအလယ္ေလာက္ကေန ငမိုးရိပ္ေခ်ာင္းထဲကိုခုန္ခ်သြားတာပါ။ အေၾကာင္း ရင္းကေတာ့မသိရေသးပါဘူး”ဟု ရွင္သန္ခြင့္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ အမ်ိဳသားသည္ အသက္(၂၃)ႏွစ္အ႐ြယ္ျဖစ္ၿပီး အေရွ႕ဒဂုံၿမိဳ႕နယ္တြင္ေနထိုင္သူျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ၎အား ရွင္သန္ခြင့္လူမႈကူညီေရးအသင္းအျပင္ အျခားလူမႈကူညီေရးအသင္းမ်ားမွ ရွာေဖြကယ္ဆယ္မႈမ်ား ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.