အုတ်တွင်းမြို့နယ်တွင် KNU၊ PDF ပူးပေါင်းအဖွဲ့က ဆီဘောက်ဆာယာဉ် တစ်စီးအား မီးရထားလမ်းပေါ်တွင် ကန့်လန့်ဖြတ်ပိတ်ရပ်၍ မီးရှို့ဖျက်ဆီး

916

Pearl (NP News) - သြဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်တွင် KNU၊ PDF ပူးပေါင်းအဖွဲ့က ဆီဘောက်ဆာယာဉ် တစ်စီးအား မီးရထားလမ်းပေါ်တွင် ကန့်လန့်ဖြတ်ပိတ်ရပ်၍ မီးရှို့ဖျက်ဆီးသွား ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ် ၂၃ ရက် နံနက် ၃ နာရီတွင် အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးရထားလမ်းကြေးနန်းမိုင်တိုင်အမှတ်(၁၄၅/၁၁ -၁၂)ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ဂဲကြီးကျေးရွာနေ ဦးဇေယျာကိုကိုဝင်း(၃၉)နှစ် မောင်းနှင်ပြီး နေပြည်တော်၊ ဇေယျာသီရိမြို့နယ်နေ ကိုရဲရင့်နိုင်(၂၂) နှစ်လိုက်ပါလာသည့် NPW-2 3F/XXXX ဆီဘောက်ဆာယာဉ်သည် ရန်ကုန်-မန္တလေးကားလမ်း(ဟောင်း)မိုင်တိုင်အမှတ် ၁၃၈ မိုင်၊ ၂ ဖာလုံနှင့် ၃ ဖာလုံကြားလမ်းဘေး၌ ခေတ္တရပ်နားနေစဉ် KNU၊ PDF ပူးပေါင်းအဖွဲ့ရောက်ရှိလာပြီး ဆီဘောက်ဆာယာဉ်အား အဆိုပါမီးရထားလမ်းပေါ်သို့ မောင်းနှင်ရပ်တန့်ခိုင်းကာ ၎င်းတို့နှစ်ဦးအား ယာဉ်ပေါ်မှဆင်းခိုင်း၍ မော်တော်ယာဉ်အား မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
ထို့ပြင် အဆိုပါနေရာအနီး “ဒီဇင်ဘာ” ထမင်းဆိုင်ရှေ့ကားလမ်းပေါ်၌ ကုန်တင်ယာဉ် နှစ်စီးအား လမ်းပိတ်ရပ်တန့်ထားခိုင်းခဲ့ကာ ၎င်းအကြမ်းဖက်အဖွဲ့သည် ဂုံမင်းတာကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
ထို့နောက် ဂုံမင်းတာကျေးရွာနေ ရာအိမ်မှူး ဦးချစ်အောင်(ခ) မျိုးကိုကို(၄၃)နှစ်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သောကြောင့် ဦးချစ်အောင်(ခ)မျိုးကိုကိုတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
အုတ္တြင္းၿမိဳ႕နယ္တြင္ KNU၊ PDF ပူးေပါင္းအဖြဲ႕က ဆီေဘာက္ဆာယာဥ္ တစ္စီးအား မီးရထားလမ္းေပၚတြင္ ကန႔္လန႔္ျဖတ္ပိတ္ရပ္၍ မီးရႈိ႕ဖ်က္ဆီး
Pearl (NP News) - ၾသဂုတ္ ၂၅
ပဲခူးတိုင္းေဒသႀကီး၊ အုတ္တြင္းၿမိဳ႕နယ္တြင္ KNU၊ PDF ပူးေပါင္းအဖြဲ႕က ဆီေဘာက္ဆာယာဥ္ တစ္စီးအား မီးရထားလမ္းေပၚတြင္ ကန႔္လန႔္ျဖတ္ပိတ္ရပ္၍ မီးရႈိ႕ဖ်က္ဆီးသြား ခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဩဂုတ္ ၂၃ ရက္ နံနက္ ၃ နာရီတြင္ အုတ္တြင္းၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးရထားလမ္းေၾကးနန္းမိုင္တိုင္အမွတ္(၁၄၅/၁၁ -၁၂)ၾကားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
မႏၲေလးတိုင္းေဒသႀကီး၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ ဂဲႀကီးေက်း႐ြာေန ဦးေဇယ်ာကိုကိုဝင္း(၃၉)ႏွစ္ ေမာင္းႏွင္ၿပီး ေနျပည္ေတာ္၊ ေဇယ်ာသီရိၿမိဳ႕နယ္ေန ကိုရဲရင့္ႏိုင္(၂၂) ႏွစ္လိုက္ပါလာသည့္ NPW-2 3F/XXXX ဆီေဘာက္ဆာယာဥ္သည္ ရန္ကုန္-မႏၲေလးကားလမ္း(ေဟာင္း)မိုင္တိုင္အမွတ္ ၁၃၈ မိုင္၊ ၂ ဖာလုံႏွင့္ ၃ ဖာလုံၾကားလမ္းေဘး၌ ေခတၱရပ္နားေနစဥ္ KNU၊ PDF ပူးေပါင္းအဖြဲ႕ေရာက္ရွိလာၿပီး ဆီေဘာက္ဆာယာဥ္အား အဆိုပါမီးရထားလမ္းေပၚသို႔ ေမာင္းႏွင္ရပ္တန႔္ခိုင္းကာ ၎တို႔ႏွစ္ဦးအား ယာဥ္ေပၚမွဆင္းခိုင္း၍ ေမာ္ေတာ္ယာဥ္အား မီးရႈိ႕ဖ်က္ဆီးသြားေၾကာင္း သိရသည္။
ထို႔ျပင္ အဆိုပါေနရာအနီး “ဒီဇင္ဘာ” ထမင္းဆိုင္ေရွ႕ကားလမ္းေပၚ၌ ကုန္တင္ယာဥ္ ႏွစ္စီးအား လမ္းပိတ္ရပ္တန႔္ထားခိုင္းခဲ့ကာ ၎အၾကမ္းဖက္အဖြဲ႕သည္ ဂုံမင္းတာေက်း႐ြာဘက္သို႔ ျပန္လည္ဆုတ္ခြာသြားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဂုံမင္းတာေက်း႐ြာေန ရာအိမ္မႉး ဦးခ်စ္ေအာင္(ခ) မ်ိဳးကိုကို(၄၃)ႏွစ္အား ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့ေသာေၾကာင့္ ဦးခ်စ္ေအာင္(ခ)မ်ိဳးကိုကိုတြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ က်ဴးလြန္ခဲ့သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။