မိုင်းရယ်မှ ကလေးသို့ Water Cooler များဖြင့် မူးယစ်ဆေးဝါး တစ်ဘီလျံကျော် သယ်ဆောင်လာသူ(၇)ဦး ဖမ်းဆီရမိ

 490

ချယ်ရီ (NP News) - ဩဂုတ် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်သို့ Water Cooler များဖြင့် ငွေကျပ်(၁ ဒသမ ၇) ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်သူ (၇)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၇) ရက်၊ ည(၈)နာရီခွဲအချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ တောင်ကြီးမြို့၊ အေးသာယာကားကြီးဝင်းတွင် သိန်းထွန်းဦး(ခ)ဘိုဘို မှ မန္တလေးသို့ လူမဲ့တန်ဆာဖြင့်တင်ပို့မည့် WATER COOLER (၈) လုံးအတွင်းမှ ကျပ် (၁,၀၅၃) သိန်းတန်ဖိုးရှိ ဘိန်းဖြူ (၇ ဒသမ ၀၂) ကီလိုကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်း၏ပြောဆိုချက်အရ အလားတူ WATER COOLER များအအတွင်း ဘိန်းဖြူများထည့်သွင်း၍ ကားဂိတ်များမှတစ်ဆင့် လူမဲ့တန်ဆာဖြင့် ကလေးမြို့သို့ တင်ပို့ထားကြောင်းသိရ၍ ဩဂုတ်လ (၈) ရက်၊ နံနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်၊ မြို့ပတ်လမ်းရှိ ကုန်စည်ဂိတ်၌ ဇင်ကိုအောင်(ခ)အောင်သူကို WATER COOLER (၁၃) လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတည်းခိုနေထိုင်သည့် အောင်မြေသာစံမြို့နယ်၊ သီရိမန္တလာကားဝင်းအနီးရှိ တည်းခိုခန်း၌လည်း မင်းမင်းဇော်(ခ)ကိုဇော်နှင့်အတူ WATER COOLER (၁၀) လုံးကို ထပ်မံဖမ်းဆီးရမိ ကြောင်း သိရသည်။
ထို့ပြင် သီရိမင်္ဂလာကားဝင်းရှိ ကားဂိတ်သို့ လူမဲ့တန်ဆာဖြင့် ပေးပို့ထားသော WATER COOLER (၁၁) လုံးနှင့် ချမ်းမြရွှေပြည်ကားဝင်းရှိ ကားဂိတ်မှ WATER COOLER (၅) လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မန္တလေးမြို့တွင် ကလေးမြို့သို့ ဆက်လက်ပို့ဆောင်မည့် WATER COOLER စုစုပေါင်း (၃၉) လုံးအတွင်းမှ ကျပ်သိန်း (၈,၆၆၀) တန်ဖိုးရှိ ဘိန်းဖြူ (၃၄ ဒသမ ၆၄)ကီလိုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ၎င်းတို့ (၂) ဦးမှာ မန္တလေးမှကလေးမြို့သို့ လူမဲ့တန်ဆာဖြင့် အထက်ပါအတိုင်းတင်ပို့ထားသည့် WATER COOLER (၂) လုံးကို မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်ရှိ ကားဂိတ်၌ လည်းကောင်း၊ ထို့ပြင် ၎င်းတို့ငှားရမ်းနေထိုင်သော မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိနေအိမ်မှ WATER COOLER (၁၄) လုံး စုစုပေါင်း WATER COOLER (၁၆) လုံးအတွင်းမှ ကျပ်သိန်း (၇,၃၅၀)တန်ဖိုးရှိ ဘိန်းဖြူအလေးချိန် (၁၄ ဒသမ ၇) ကီလို သိမ်းဆည်းရမိခဲ့ရာ စုစုပေါင်း ကျပ်သိန်း (၁ ဒသမ ၇,၀၆၃) ဘီလျံတန်ဖိုးရှိသည့် ဘိန်းဖြူ အလေးချိန် (၅၆ ဒသမ ၃၆) ကီလိုရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဩဂုတ်လ (၈) ရက်၊ နံနက်ပိုင်းက ဘိန်းဖြူများအား လားရှိုးမှ ကလေးသို့ တာဝန်ခံသယ်ဆောင်သူ ဘောက်လာ(ခ)ဂျိမ်းဖောကို မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်ရှိ နေအိမ်၌လည်းကောင်း၊ ယင်းနေ့ မွန်းလွဲပိုင်းတွင် ဘိန်းဖြူများကို ဝယ်ယူ၍ ကလေးမြို့သို့ သယ်ဆောင်ခိုင်းသူ စိန်းလျံထန် နှင့် အာကာလင်း တို့ကို ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်ရှိ နေအိမ်၌လည်းကောင်း၊ ဩဂုတ်လ (၁၂) ရက်၊ မွန်းလွဲပိုင်းတွင် မန္တလေးမှကလေးသို့ ဘိန်းဖြူများ တာဝန်ခံသယ်ဆောင်သူ ချစ်မင်းဟန် (ခ)အစွယ်ကို အောင်မြေသာစံမြို့နယ်၊ သီရိမာလာ(အရှေ့)ရပ်ကွက်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဘိန်းဖြူများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ ဝမ်စန့်ကျေးရွာတွင်နေထိုင်သည့် အိုက်ငင်းဦး(ခ)အိုက်ကျန်ဦး (ဖမ်းမမိ)ထံမှ ကလေးမြို့နေ လာလ်ပဲက်စိုင်း(ဖမ်းမမိ)နှင့် ဝူလ်မွှေး(ဖမ်းမမိ)တို့မှ ဝယ်ယူ၍ ကလေးမြို့သို့ အဆင့်ဆင့်သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်၍ ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version:
မိုင္းရယ္မွ ကေလးသို႔ Water Cooler မ်ားျဖင့္ မူးယစ္ေဆးဝါး တစ္ဘီလ်ံေက်ာ္ သယ္ေဆာင္လာသူ(၇)ဦး ဖမ္းဆီရမိ
ခ်ယ္ရီ (NP News) - ဩဂုတ္ ၂၅
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မိုင္းရယ္ၿမိဳ႕နယ္မွ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕နယ္သို႔ Water Cooler မ်ားျဖင့္ ေငြက်ပ္(၁ ဒသမ ၇) ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္သူ (၇)ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ဩဂုတ္လ (၇) ရက္၊ ည(၈)နာရီခြဲအခ်ိန္ခန႔္က မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သတင္းအရ ေတာင္ႀကီးၿမိဳ႕၊ ေအးသာယာကားႀကီးဝင္းတြင္ သိန္းထြန္းဦး(ခ)ဘိုဘို မွ မႏၲေလးသို႔ လူမဲ့တန္ဆာျဖင့္တင္ပို႔မည့္ WATER COOLER (၈) လုံးအတြင္းမွ က်ပ္ (၁,၀၅၃) သိန္းတန္ဖိုးရွိ ဘိန္းျဖဴ (၇ ဒသမ ၀၂) ကီလိုကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
၎၏ေျပာဆိုခ်က္အရ အလားတူ WATER COOLER မ်ားအအတြင္း ဘိန္းျဖဴမ်ားထည့္သြင္း၍ ကားဂိတ္မ်ားမွတစ္ဆင့္ လူမဲ့တန္ဆာျဖင့္ ကေလးၿမိဳ႕သို႔ တင္ပို႔ထားေၾကာင္းသိရ၍ ဩဂုတ္လ (၈) ရက္၊ နံနက္ပိုင္းက ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ၿမိဳ႕ပတ္လမ္းရွိ ကုန္စည္ဂိတ္၌ ဇင္ကိုေအာင္(ခ)ေအာင္သူကို WATER COOLER (၁၃) လုံးႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီး ၎တည္းခိုေနထိုင္သည့္ ေအာင္ေျမသာစံၿမိဳ႕နယ္၊ သီရိမႏၲလာကားဝင္းအနီးရွိ တည္းခိုခန္း၌လည္း မင္းမင္းေဇာ္(ခ)ကိုေဇာ္ႏွင့္အတူ WATER COOLER (၁၀) လုံးကို ထပ္မံဖမ္းဆီးရမိ ေၾကာင္း သိရသည္။
ထို႔ျပင္ သီရိမဂၤလာကားဝင္းရွိ ကားဂိတ္သို႔ လူမဲ့တန္ဆာျဖင့္ ေပးပို႔ထားေသာ WATER COOLER (၁၁) လုံးႏွင့္ ခ်မ္းျမေ႐ႊျပည္ကားဝင္းရွိ ကားဂိတ္မွ WATER COOLER (၅) လုံးတို႔ကို သိမ္းဆည္းရမိခဲ့သျဖင့္ မႏၲေလးၿမိဳ႕တြင္ ကေလးၿမိဳ႕သို႔ ဆက္လက္ပို႔ေဆာင္မည့္ WATER COOLER စုစုေပါင္း (၃၉) လုံးအတြင္းမွ က်ပ္သိန္း (၈,၆၆၀) တန္ဖိုးရွိ ဘိန္းျဖဴ (၃၄ ဒသမ ၆၄)ကီလိုကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ဆက္လက္၍ ၎တို႔ (၂) ဦးမွာ မႏၲေလးမွကေလးၿမိဳ႕သို႔ လူမဲ့တန္ဆာျဖင့္ အထက္ပါအတိုင္းတင္ပို႔ထားသည့္ WATER COOLER (၂) လုံးကို မုံ႐ြာၿမိဳ႕၊ မုံ႐ြာေတာင္ရပ္ကြက္ရွိ ကားဂိတ္၌ လည္းေကာင္း၊ ထို႔ျပင္ ၎တို႔ငွားရမ္းေနထိုင္ေသာ မုံ႐ြာၿမိဳ႕၊ သလႅာရပ္ကြက္ရွိေနအိမ္မွ WATER COOLER (၁၄) လုံး စုစုေပါင္း WATER COOLER (၁၆) လုံးအတြင္းမွ က်ပ္သိန္း (၇,၃၅၀)တန္ဖိုးရွိ ဘိန္းျဖဴအေလးခ်ိန္ (၁၄ ဒသမ ၇) ကီလို သိမ္းဆည္းရမိခဲ့ရာ စုစုေပါင္း က်ပ္သိန္း (၁ ဒသမ ၇,၀၆၃) ဘီလ်ံတန္ဖိုးရွိသည့္ ဘိန္းျဖဴ အေလးခ်ိန္ (၅၆ ဒသမ ၃၆) ကီလိုရွိခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ ဩဂုတ္လ (၈) ရက္၊ နံနက္ပိုင္းက ဘိန္းျဖဴမ်ားအား လားရႈိးမွ ကေလးသို႔ တာဝန္ခံသယ္ေဆာင္သူ ေဘာက္လာ(ခ)ဂ်ိမ္းေဖာကို မူဆယ္ၿမိဳ႕၊ ေကာင္းမႈတုံရပ္ကြက္ရွိ ေနအိမ္၌လည္းေကာင္း၊ ယင္းေန႔ မြန္းလြဲပိုင္းတြင္ ဘိန္းျဖဴမ်ားကို ဝယ္ယူ၍ ကေလးၿမိဳ႕သို႔ သယ္ေဆာင္ခိုင္းသူ စိန္းလ်ံထန္ ႏွင့္ အာကာလင္း တို႔ကို ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ေအာင္သာယာရပ္ကြက္ရွိ ေနအိမ္၌လည္းေကာင္း၊ ဩဂုတ္လ (၁၂) ရက္၊ မြန္းလြဲပိုင္းတြင္ မႏၲေလးမွကေလးသို႔ ဘိန္းျဖဴမ်ား တာဝန္ခံသယ္ေဆာင္သူ ခ်စ္မင္းဟန္ (ခ)အစြယ္ကို ေအာင္ေျမသာစံၿမိဳ႕နယ္၊ သီရိမာလာ(အေရွ႕)ရပ္ကြက္၌လည္းေကာင္း အသီးသီးဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

အဆိုပါဘိန္းျဖဴမ်ားကို ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မိုင္းရယ္ၿမိဳ႕နယ္၊ ဝမ္စန႔္ေက်း႐ြာတြင္ေနထိုင္သည့္ အိုက္ငင္းဦး(ခ)အိုက္က်န္ဦး (ဖမ္းမမိ)ထံမွ ကေလးၿမိဳ႕ေန လာလ္ပဲက္စိုင္း(ဖမ္းမမိ)ႏွင့္ ဝူလ္ေမႊး(ဖမ္းမမိ)တို႔မွ ဝယ္ယူ၍ ကေလးၿမိဳ႕သို႔ အဆင့္ဆင့္သယ္ေဆာင္ ေရာင္းဝယ္ျခင္းျဖစ္၍ ၎တို႔ကို ဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.