TNLA ဘက်က မည်မျှပင်အကြောက်အကန် ငြင်းနေစေကာမူ ဂုတ်ထိပ်တံတားကို မိုင်းခွဲသူများမှာ TNLA ဖြစ်ကြောင်း ဖော်ပြနေ

 898

သန့်ဇင်(NP News)-ဩဂုတ် ၂၅
TNLA ဘက်က မည်မျှပင်အကြောက်အကန် ငြင်းနေစေကာမူ ဂုတ်ထိပ်တံတားကို မိုင်းခွဲသူများမှာ TNLA ဖြစ်ကြောင်း ဖော်ပြနေကြောင်း NP News က မေးမြန်းထားသော အချက်အလက်များအရ သိရသည်။
ယမန်နေ့ (သြဂုတ်လ ၂၄ ရက်) ၊ နံနက် (၉) နာရီ အချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ နောင်ချိုမြို့အနီးရှိ ဂုတ်ထိပ်တံတားကို TNLA အဖွဲ့က မိုင်းခွဲဖျက်ဆီးသွားခဲ့သဖြင့် အလျားပေ (၃၀)ခန့် ပျက်စီးသွားခဲ့ကြောင်း သိရသည်။
အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ TNLA ပြောခွင့်ရ လွေးယွေဦးက ဂုတ်ထိပ်တံတားအား ၎င်းတို့အဖွဲ့က ဖျက်ဆီးခဲ့ခြင်းမဟုတ် ကြောင်းနှင့် တပ်မတော်မှ ဒရုန်းဖြင့်ဗုံးချမှုကြောင့် ကျိုးကျခဲ့ခြင်းဖြစ်ကြောင်း ပြည်ပရောက်မီဒီယာများထံ ပြောဆိုထားသည်။
ဂုတ်ထိပ်တံတားကျိုးကျခဲ့ရခြင်းသည် Drop Bomb ကျ၍ကျိုးကျခဲ့ခြင်းမဟုတ်ပဲ တံတားအားမိုင်းကပ် ဖောက်ခွဲခြင်းကြောင့် ကျိုးကျခဲ့သည့် ပုံစံမျိုးဖြစ်ကြောင်း သေနင်္ဂမဟာ ဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာဦးသိန်းထွန်းဦးက ဆိုသည်။
“နံပါတ်တစ်ကတော့ ပျက်စီးမှုပေါ်လာတဲ့ဓာတ်ပုံပေါ့။ ပျက်စီးမှုနဲ့ထွက်လာတဲ့ဓာတ်ပုံကို အရင်ဆုံးသုံးသပ်ချက် ပေးရမယ်ဆိုရင် Drop Bomb နဲ့ချလို့ ကျိုးတဲ့ပုံစံမျိုးမရှိနေဘူး။ Drop Bombချတယ်ဆိုရင် တံတားအဲဒီလိုမျိုး အက်ပြီး ကျိုးသွားနိုင်လောက်အောင် အကြီးကြီး သွာချမှရမှာ။ ဒါမျိုးမဖြစ်နိုင်ဘူး။ အဲဒါက စစ်ရဲ့နည်းဗျူဟာတွေနဲ့ ချိတ်ဆက်ပြီးစဉ်းစားတဲ့အပိုင်းပေါ့။ ဖြစ်နိုင်တာတစ်ခုက ဒီတံတားကို မိုင်းကပ်ပြီးသွား ခွဲတာ့မှ သံဘောင်အနားသားတွေစုပ်ပြတ်ပြီးတော့ ကျိုးကျသွားတဲ့ပုံစံမျိုးဖြစ်ဖို့က ပိုများပါတယ်။ ဒါက လက်ရှိ ထွက် လာတဲ့ပုံရဲ့သုံးသပ်ချက်ပါ။ နောက်တစ်ချက်က အဲဒီတံတားက ကျောက်မဲဘက်ခြမ်းကပ်နေတာလား နောင်ချိုဘက်ခြမ်း ကပ်နေတာလား ဆိုတဲ့အပိုင်းရှိတယ်။ ကျောက်မဲဘက်ခြမ်းကပ်နေတဲ့တံတားဘက်ခြမ်း ကျိုးတယ်ဆိုရင်တော့ရှင်းပါတယ်။ ကျောက်မဲဘက်ခြမ်းမှာ အခုလောလောဆယ်ဆယ်ဘယ်သူတွေရှိနေလဲ ဘယ်သူတွေလုပ်လည်းဆိုတာ တွေးတောတက်တဲ့လူတွေ အကုန်စဉ်းစားလို့ရပါတယ်” ဟု ဦးသိန်းထွန်းဦးက ပြောသည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၁၄ရက်ကလည်း နောင်ချိုမြို့အနီး မန္တလေး-လားရှိုးလမ်းပေါ်ရှိ ဂုတ်တွင်းတံတားကို TNLAက မိုင်းခွဲဖျက် ဆီး ခဲ့ဖူးကြောင်း သိရသည်။
ထို့ပြင် မိုင်ခွဲဖျက်ဆီးခံခဲ့ရသည့် ဂုတ်ထိပ်တံတားကို တပ်မတော်က အသုံးပြုကာ စစ်ကူများလာနိုင်ကြောင်း ကြံမိကြံရာဖြင့် မိုင်းခွဲဖျက် ဆီးခဲ့ခြင်း ဖြစ်နိုင်ကြောင်းလည်း ဦးသိန်းထွန်းဦးက သုံးသပ်သည်။
“နောက်ဆုံးကတော့ ဘာမှကြံရာမရတော့တဲ့အချိန်မှာ ဒီလိုတံတားပေါ်ကနေစစ်ကူလာမှာလားဆိုပြီး ကြံမိကြံရာမျိုးနဲ့ကြံပြီး ဒါမျိုးလုပ်တာ လည်း ဖြစ်နိုင်ပါတယ်။ တကယ်တမ်းကျွန်တော်တို့နားလည်ထားသလောက်တော့ အဲဒီတံတားက ခရီးသွားလေ့လာဖို့နဲ့ သမိုင်းတံတား အဖြစ် အမှတ်တရထားတယ်။ အပေါ်မှာတော့ ဖြတ်သန်းမှုတော်တော်လေးနည်းနေပြီလို့တော့ ကျွန်တော်တို့ သိထားပြီပေါ့နော်။ အဲဒီတော့ တပ်မတော်အနေနဲ့သွားမယ်ဆို အခြားလမ်းကြောင်းတွေကနေအများကြီးသွားလို့ရတယ်။ ဒီတံတားကြီးကို ခဲခဲရင်းရင်းကြီးဘာမှ သိမ်းနေ စရာအကြောင်းမရှိတော့ဘူး။ အဲဒါကြောင့်သေချာတာကတော့ ဒီတံတားကို TNLA ဘက်က သူတို့ဘက်ခြမ်းမှာကပ်လျှက် ပဲကျိုးသွားတာ ဖြစ်တဲ့အတွက် သေချာတာကတော့ သူတို့ကိုယ်တိုင်ပဲ လုပ်တယ်”ဟု ဦးသိန်းထွန်းဦးက ဆိုသည်။
မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ဂုတ်ထိပ်တံတားသည် နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်အစပ်တွင်ရှိသော နှစ်ပေါင်း( ၁၂၅) နှစ်သတ်တမ်းရှိ ကမ္ဘာအမွှေအနှစ်တံတားကြီးဖြစ်သည်။
ဆိုပါ တံတားကြီးကို (၁၈၉၉)ခုနှစ်က စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မန္တလေးမြို့နှင့် လားရှိုးမြို့ကို ဆက်သွယ်ထားသည့် မီးရထား သံလမ်းတံတားတစ်ခုဖြစ်ကာ ကမ္ဘာ့အမြင့်ဆုံးတံတားများအတွင်း စာရင်းဝင်တံတားတစ်စင်းလည်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
TNLA ဘက္က မည္မွ်ပင္အေၾကာက္အကန္ ျငင္းေနေစကာမူ ဂုတ္ထိပ္တံတားကို မိုင္းခြဲသူမ်ားမွာ TNLA ျဖစ္ေၾကာင္း ေဖာ္ျပေန
သန႔္ဇင္(NP News)-ဩဂုတ္ ၂၅
TNLA ဘက္က မည္မွ်ပင္အေၾကာက္အကန္ ျငင္းေနေစကာမူ ဂုတ္ထိပ္တံတားကို မိုင္းခြဲသူမ်ားမွာ TNLA ျဖစ္ေၾကာင္း ေဖာ္ျပေနေၾကာင္း NP News က ေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
ယမန္ေန႔ (ၾသဂုတ္လ ၂၄ ရက္) ၊ နံနက္ (၉) နာရီ အခ်ိန္က ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ၊ ေနာင္ခ်ိဳၿမိဳ႕အနီးရွိ ဂုတ္ထိပ္တံတားကို TNLA အဖြဲ႕က မိုင္းခြဲဖ်က္ဆီးသြားခဲ့သျဖင့္ အလ်ားေပ (၃၀)ခန႔္ ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။
အဆိုပါအေၾကာင္းအရာႏွင့္ပတ္သက္၍ TNLA ေျပာခြင့္ရ ေလြးေယြဦးက ဂုတ္ထိပ္တံတားအား ၎တို႔အဖြဲ႕က ဖ်က္ဆီးခဲ့ျခင္းမဟုတ္ ေၾကာင္းႏွင့္ တပ္မေတာ္မွ ဒ႐ုန္းျဖင့္ဗုံးခ်မႈေၾကာင့္ က်ိဳးက်ခဲ့ျခင္းျဖစ္ေၾကာင္း ျပည္ပေရာက္မီဒီယာမ်ားထံ ေျပာဆိုထားသည္။
ဂုတ္ထိပ္တံတားက်ိဳးက်ခဲ့ရျခင္းသည္ Drop Bomb က်၍က်ိဳးက်ခဲ့ျခင္းမဟုတ္ပဲ တံတားအားမိုင္းကပ္ ေဖာက္ခြဲျခင္းေၾကာင့္ က်ိဳးက်ခဲ့သည့္ ပုံစံမ်ိဳးျဖစ္ေၾကာင္း ေသနဂၤမဟာ ဗ်ဴဟာေလ့လာေရးအဖြဲ႕မွ အမႈေဆာင္ဒါ႐ိုက္တာဦးသိန္းထြန္းဦးက ဆိုသည္။
“နံပါတ္တစ္ကေတာ့ ပ်က္စီးမႈေပၚလာတဲ့ဓာတ္ပုံေပါ့။ ပ်က္စီးမႈနဲ႔ထြက္လာတဲ့ဓာတ္ပုံကို အရင္ဆုံးသုံးသပ္ခ်က္ ေပးရမယ္ဆိုရင္ Drop Bomb နဲ႔ခ်လို႔ က်ိဳးတဲ့ပုံစံမ်ိဳးမရွိေနဘူး။ Drop Bombခ်တယ္ဆိုရင္ တံတားအဲဒီလိုမ်ိဳး အက္ၿပီး က်ိဳးသြားႏိုင္ေလာက္ေအာင္ အႀကီးႀကီး သြာခ်မွရမွာ။ ဒါမ်ိဳးမျဖစ္ႏိုင္ဘူး။ အဲဒါက စစ္ရဲ႕နည္းဗ်ဴဟာေတြနဲ႔ ခ်ိတ္ဆက္ၿပီးစဥ္းစားတဲ့အပိုင္းေပါ့။ ျဖစ္ႏိုင္တာတစ္ခုက ဒီတံတားကို မိုင္းကပ္ၿပီးသြား ခြဲတာ့မွ သံေဘာင္အနားသားေတြစုပ္ျပတ္ၿပီးေတာ့ က်ိဳးက်သြားတဲ့ပုံစံမ်ိဳးျဖစ္ဖို႔က ပိုမ်ားပါတယ္။ ဒါက လက္ရွိ ထြက္ လာတဲ့ပုံရဲ႕သုံးသပ္ခ်က္ပါ။ ေနာက္တစ္ခ်က္က အဲဒီတံတားက ေက်ာက္မဲဘက္ျခမ္းကပ္ေနတာလား ေနာင္ခ်ိဳဘက္ျခမ္း ကပ္ေနတာလား ဆိုတဲ့အပိုင္းရွိတယ္။ ေက်ာက္မဲဘက္ျခမ္းကပ္ေနတဲ့တံတားဘက္ျခမ္း က်ိဳးတယ္ဆိုရင္ေတာ့ရွင္းပါတယ္။ ေက်ာက္မဲဘက္ျခမ္းမွာ အခုေလာေလာဆယ္ဆယ္ဘယ္သူေတြရွိေနလဲ ဘယ္သူေတြလုပ္လည္းဆိုတာ ေတြးေတာတက္တဲ့လူေတြ အကုန္စဥ္းစားလို႔ရပါတယ္” ဟု ဦးသိန္းထြန္းဦးက ေျပာသည္။
အလားတူ ၿပီးခဲ့သည့္ ဇူလိုင္လ ၁၄ရက္ကလည္း ေနာင္ခ်ိဳၿမိဳ႕အနီး မႏၲေလး-လားရႈိးလမ္းေပၚရွိ ဂုတ္တြင္းတံတားကို TNLAက မိုင္းခြဲဖ်က္ ဆီး ခဲ့ဖူးေၾကာင္း သိရသည္။
ထို႔ျပင္ မိုင္ခြဲဖ်က္ဆီးခံခဲ့ရသည့္ ဂုတ္ထိပ္တံတားကို တပ္မေတာ္က အသုံးျပဳကာ စစ္ကူမ်ားလာႏိုင္ေၾကာင္း ႀကံမိႀကံရာျဖင့္ မိုင္းခြဲဖ်က္ ဆီးခဲ့ျခင္း ျဖစ္ႏိုင္ေၾကာင္းလည္း ဦးသိန္းထြန္းဦးက သုံးသပ္သည္။
“ေနာက္ဆုံးကေတာ့ ဘာမွႀကံရာမရေတာ့တဲ့အခ်ိန္မွာ ဒီလိုတံတားေပၚကေနစစ္ကူလာမွာလားဆိုၿပီး ႀကံမိႀကံရာမ်ိဳးနဲ႔ႀကံၿပီး ဒါမ်ိဳးလုပ္တာ လည္း ျဖစ္ႏိုင္ပါတယ္။ တကယ္တမ္းကြၽန္ေတာ္တို႔နားလည္ထားသေလာက္ေတာ့ အဲဒီတံတားက ခရီးသြားေလ့လာဖို႔နဲ႔ သမိုင္းတံတား အျဖစ္ အမွတ္တရထားတယ္။ အေပၚမွာေတာ့ ျဖတ္သန္းမႈေတာ္ေတာ္ေလးနည္းေနၿပီလို႔ေတာ့ ကြၽန္ေတာ္တို႔ သိထားၿပီေပါ့ေနာ္။ အဲဒီေတာ့ တပ္မေတာ္အေနနဲ႔သြားမယ္ဆို အျခားလမ္းေၾကာင္းေတြကေနအမ်ားႀကီးသြားလို႔ရတယ္။ ဒီတံတားႀကီးကို ခဲခဲရင္းရင္းႀကီးဘာမွ သိမ္းေန စရာအေၾကာင္းမရွိေတာ့ဘူး။ အဲဒါေၾကာင့္ေသခ်ာတာကေတာ့ ဒီတံတားကို TNLA ဘက္က သူတို႔ဘက္ျခမ္းမွာကပ္လွ်က္ ပဲက်ိဳးသြားတာ ျဖစ္တဲ့အတြက္ ေသခ်ာတာကေတာ့ သူတို႔ကိုယ္တိုင္ပဲ လုပ္တယ္”ဟု ဦးသိန္းထြန္းဦးက ဆိုသည္။
မိုင္းခြဲဖ်က္ဆီးခံခဲ့ရသည့္ ဂုတ္ထိပ္တံတားသည္ ေနာင္ခ်ိဳၿမိဳ႕နယ္ႏွင့္ ေက်ာက္မဲၿမိဳ႕နယ္အစပ္တြင္ရွိေသာ ႏွစ္ေပါင္း( ၁၂၅) ႏွစ္သတ္တမ္းရွိ ကမာၻအေမႊအႏွစ္တံတားႀကီးျဖစ္သည္။
ဆိုပါ တံတားႀကီးကို (၁၈၉၉)ခုႏွစ္က စတင္ တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး မႏၲေလးၿမိဳ႕ႏွင့္ လားရႈိးၿမိဳ႕ကို ဆက္သြယ္ထားသည့္ မီးရထား သံလမ္းတံတားတစ္ခုျဖစ္ကာ ကမာၻ႔အျမင့္ဆုံးတံတားမ်ားအတြင္း စာရင္းဝင္တံတားတစ္စင္းလည္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.