အာဖရိကသမဂ္ဂကို G20 အဖွဲ့ဝင်အဖြစ် လက်ခံရန် G20 အဖွဲ့ခေါင်းဆောင်များ သဘောတူညီ

 728

Pika (NP News) - စက်တင်ဘာ ၇

G20 အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များသည် ယခုသီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးပွဲတွင် အာဖရိကသမဂ္ဂကို အမြဲတမ်းအဖွဲ့ဝင်အဖြစ် ခွင့်ပြုရန် သဘောတူညီခဲ့ကြကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

အာဖရိကနိုင်ငံပေါင်း(၅၅)နိုင်ငံပါဝင်သည့် အာဖရိကသမဂ္ဂသည် G20 အဖွဲ့အတွင်းတွင် ဥရောပသမဂ္ဂကဲ့သို့ အနေအထား အခြေအနေများကို ရရှိမည်ဖြစ်ကြောင်း သိရသည်။

G20 အဖွဲ့အလှည့်ကျဥက္ကဋ္ဌရာထူးကို ရယူထားသော အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ်မိုဒီသည် အာဖရိကသမဂ္ဂကို အဖွဲ့ထဲသို့လက်ခံရန်အတွက် အခြားအဖွဲ့ဝင်ခေါင်းဆောင်များကို ပြီးခဲ့သည့်ဇွန်လက စာတစ်စောင်ပေးပို့ကာ တိုက်တွန်းခဲ့ကြောင်း သိရသည်။

အဆိုပါစာထဲတွင် "ဒါဟာ တရားမျှတပြီး မှန်ကန်တဲ့ခြေလှမ်းတစ်ခုဖြစ်လာမှာပါ။ အိန္ဒိယဝန်ကြီးချုပ်ဟာ အာဖရိကနိုင်ငံတွေရဲ့လုပ်ဆောင်မှုတွေကိုလည်း ယုံကြည်ပါတယ်" ဟု ဖော်ပြထားသည်။

လက်ရှိအချိန်တွင် တောင်အာဖရိကသည် အာဖရိကတိုက်ကို ကိုယ်စားပြုသည့် G20 အဖွဲ့၏ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းလည်း သိရသည်။ အာဖရိကသမဂ္ဂ၏ G20 အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ဝင်ရောက်မည့် အချက်ကို The Times of India သတင်းစာ၊ Bloomberg သတင်းအေဂျင်စီ နှင့် ရုရှား၏ Vedomosti သတင်းစာ တို့က အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် နယူးဒေလီမြို့တွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးကို ရုရှားသမ္မတပူတင် နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့က လူကိုယ်တိုင်တက်ရောက်မည် မဟုတ်ကြောင်းလည်း သိရသည်။

Zawgyi Version;
အာဖရိကသမဂၢကို G20 အဖြဲ႕ဝင္အျဖစ္ လက္ခံရန္ G20 အဖြဲ႕ေခါင္းေဆာင္မ်ား သေဘာတူညီ
Pika (NP News) - စက္တင္ဘာ ၇

G20 အဖြဲ႕ဝင္ႏိုင္ငံေခါင္းေဆာင္မ်ားသည္ ယခုသီတင္းပတ္အတြင္း အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕တြင္ က်င္းပမည့္ ထိပ္သီးအစည္းအေဝးပြဲတြင္ အာဖရိကသမဂၢကို အၿမဲတမ္းအဖြဲ႕ဝင္အျဖစ္ ခြင့္ျပဳရန္ သေဘာတူညီခဲ့ၾကေၾကာင္း မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။

အာဖရိကႏိုင္ငံေပါင္း(၅၅)ႏိုင္ငံပါဝင္သည့္ အာဖရိကသမဂၢသည္ G20 အဖြဲ႕အတြင္းတြင္ ဥေရာပသမဂၢကဲ့သို႔ အေနအထား အေျခအေနမ်ားကို ရရွိမည္ျဖစ္ေၾကာင္း သိရသည္။

G20 အဖြဲ႕အလွည့္က်ဥကၠ႒ရာထူးကို ရယူထားေသာ အိႏၵိယႏိုင္ငံ၏ ဝန္ႀကီးခ်ဳပ္မိုဒီသည္ အာဖရိကသမဂၢကို အဖြဲ႕ထဲသို႔လက္ခံရန္အတြက္ အျခားအဖြဲ႕ဝင္ေခါင္းေဆာင္မ်ားကို ၿပီးခဲ့သည့္ဇြန္လက စာတစ္ေစာင္ေပးပို႔ကာ တိုက္တြန္းခဲ့ေၾကာင္း သိရသည္။

အဆိုပါစာထဲတြင္ "ဒါဟာ တရားမွ်တၿပီး မွန္ကန္တဲ့ေျခလွမ္းတစ္ခုျဖစ္လာမွာပါ။ အိႏၵိယဝန္ႀကီးခ်ဳပ္ဟာ အာဖရိကႏိုင္ငံေတြရဲ႕လုပ္ေဆာင္မႈေတြကိုလည္း ယုံၾကည္ပါတယ္" ဟု ေဖာ္ျပထားသည္။

လက္ရွိအခ်ိန္တြင္ ေတာင္အာဖရိကသည္ အာဖရိကတိုက္ကို ကိုယ္စားျပဳသည့္ G20 အဖြဲ႕၏ အၿမဲတမ္းအဖြဲ႕ဝင္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေၾကာင္းလည္း သိရသည္။ အာဖရိကသမဂၢ၏ G20 အဖြဲ႕ အၿမဲတမ္းအဖြဲ႕ဝင္အျဖစ္ ဝင္ေရာက္မည့္ အခ်က္ကို The Times of India သတင္းစာ၊ Bloomberg သတင္းေအဂ်င္စီ ႏွင့္ ႐ုရွား၏ Vedomosti သတင္းစာ တို႔က အတည္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔အျပင္ နယူးေဒလီၿမိဳ႕တြင္ က်င္းပမည့္ G20 ထိပ္သီးအစည္းအေဝးကို ႐ုရွားသမၼတပူတင္ ႏွင့္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္တို႔က လူကိုယ္တိုင္တက္ေရာက္မည္ မဟုတ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.