မြန်မာအရေးကို မဖြေရှင်းနိုင်ဘူးဆိုလျှင် အာဆီယံအဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်မည်မဟုတ်ဟု ခြိမ်းခြောက်ခဲ့သော အရှေ့တီမောနိုင်ငံ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ရရန် ဆက်လက်ကြိုးပမ်းနေ

 1642

ဂျန်ဇက် (NP News) - စက်တင်ဘာ ၈

အရှေ့တီမောအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်းပါဝင်ရေးလမ်းကြောင်းကို ဆက်လက်လုပ်ဆောင် မည်ဖြစ်ကြောင်း အရှေ့တီမောသမ္မတဟော်တာက ထုတ်ဖော်ပြောဆိုလိုက်သည်။ အာဆီယံအနေဖြင့် မြန်မာ အရေးကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိဘူးဆိုလျှင် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ရရေး ကြိုးပမ်းမှုများကို ပြန်လည်ရုတ်သိမ်းမည်ဟု အရှေ့တီမောဝန်ကြီးချုပ်ဇာနာနာ ဂတ်စမိုက ခြိမ်းခြောက်ပြောဆို ခြင်းများရှိခဲ့ပြီးနောက် သမ္မတဟော်တာက တုံ့ပြန်ပြောဆိုခြင်းဖြစ်ကြောင်း သိရသည်။

အရှေ့တီမောသမ္မတ ၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို NUG တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ဖူးရာ မြန်မာအစိုးရက အရှေ့တီမောအစိုးရ၏ ပြုမှုဆောင်ရွက်ချက်များကို လက်မခံသည့်အတွက် မြန်မာနိုင်ငံဆိုင်ရာအရှေ့တီမော သံအမတ်ကြီးကို သြဂုတ်လ ၂၇ ရက်တွင် နှင်ထုတ်ခဲ့ဖူးကြောင်း သိရသည်။

အရှေ့တီမောသမ္မတက "အာဆီယံနဲ့ ပူးပေါင်းမယ့်ကိစ္စကို ပယ်ဖျက်မှာ မဟုတ်ဘူး။ အာဆီယံထဲ ဝင်ရောက်မယ့် လမ်းကြောင်းပေါ်ကို ကျွန်တော်တို့ ဆက်လျှောက်နေဆဲ ဖြစ်သလို အာဆီယံ လက်တွဲဖော်တွေနဲ့ ပူးပေါင်းပြီး ဒီကိစ္စ အကောင်အထည်ဖော်မယ့် လမ်းပြမြေပုံတစ်ခု ပေါ်ထွန်းလာရေး ကြိုးစားနေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ အဓိက ရည်ရွယ်တာက ၂ဝ၂၅ ခုနှစ်မှာ အာဆီယံထဲ ဝင်ရောက်ဖို့ပါပဲ။ ဒီတော့ အာဆီယံခေါင်းဆောင်တွေ သဘောတူထား တဲ့ လမ်းပြမြေပုံ အထမြောက်ရေး ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကို လက်တွေ့ဖော်ဆောင်ဖို့ ၂ နှစ် အချိန်ရပါတယ်" ဟု ပြောသည်။

ထို့အပြင် အရှေ့တီမောသမ္မတ က ၎င်းတို့နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရေးအခက်အခဲများနှင့်ပတ်သက်ပြီး ဖြေရှင်းရာ တွင် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

အရှေ့တီမောသမ္မတ ဟော်တာက "ကျွန်တော်တို့က အာဆီယံခေါင်းဆောင်တွေအပေါ် အရမ်း ကျေးဇူးတင်ပါ တယ်။ ကျွန်တော်တို့ အာဆီယံနဲ့ပူးပေါင်းချင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံရဲ့အကျိုးစီးပွား၊ ရည်မှန်းချက်နဲ့ စိတ်ပိုင်းဖြတ်မှုတွေလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ပြဿနာတွေနဲ့ပတ်သက်လို့ဖြေရှင်းရာမှာ ကျွန်တော်တို့ အာဆီယံလက်တွဲဖော်တွေနဲ့ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။ ဒီလုပ်ဆောင်မှုဟာ အဖွဲ့ကြီးရဲ့အစိတ်အပိုင်း အနေနဲ့ ပဲဖြစ်ပြီး ပြင်ပနိုင်ငံအနေနဲ့ မဟုတ်ပါဘူး" ဟု ပြောသည်။

Zawgyi Version;
ျမန္မာအေရးကို မေျဖရွင္းႏိုင္ဘူးဆိုလွ်င္ အာဆီယံအဖြဲ႕ဝင္အျဖစ္ ပူးေပါင္းပါဝင္မည္မဟုတ္ဟု ၿခိမ္းေျခာက္ခဲ့ေသာ အေရွ႕တီေမာႏိုင္ငံ အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပါဝင္ခြင့္ရရန္ ဆက္လက္ႀကိဳးပမ္းေန
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၈

အေရွ႕တီေမာအေနျဖင့္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပူးေပါင္းပါဝင္ေရးလမ္းေၾကာင္းကို ဆက္လက္လုပ္ေဆာင္ မည္ျဖစ္ေၾကာင္း အေရွ႕တီေမာသမၼတေဟာ္တာက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ အာဆီယံအေနျဖင့္ ျမန္မာ အေရးကို ထိေရာက္စြာကိုင္တြယ္ေျဖရွင္းႏိုင္ျခင္းမရွိဘူးဆိုလွ်င္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပါဝင္ခြင့္ရေရး ႀကိဳးပမ္းမႈမ်ားကို ျပန္လည္႐ုတ္သိမ္းမည္ဟု အေရွ႕တီေမာဝန္ႀကီးခ်ဳပ္ဇာနာနာ ဂတ္စမိုက ၿခိမ္းေျခာက္ေျပာဆို ျခင္းမ်ားရွိခဲ့ၿပီးေနာက္ သမၼတေဟာ္တာက တုံ႔ျပန္ေျပာဆိုျခင္းျဖစ္ေၾကာင္း သိရသည္။

အေရွ႕တီေမာသမၼတ ၏ က်မ္းသစၥာက်ိန္ဆိုပြဲကို NUG တာဝန္ရွိသူမ်ားလည္း တက္ေရာက္ခဲ့ဖူးရာ ျမန္မာအစိုးရက အေရွ႕တီေမာအစိုးရ၏ ျပဳမႈေဆာင္႐ြက္ခ်က္မ်ားကို လက္မခံသည့္အတြက္ ျမန္မာႏိုင္ငံဆိုင္ရာအေရွ႕တီေမာ သံအမတ္ႀကီးကို ၾသဂုတ္လ ၂၇ ရက္တြင္ ႏွင္ထုတ္ခဲ့ဖူးေၾကာင္း သိရသည္။

အေရွ႕တီေမာသမၼတက "အာဆီယံနဲ႔ ပူးေပါင္းမယ့္ကိစၥကို ပယ္ဖ်က္မွာ မဟုတ္ဘူး။ အာဆီယံထဲ ဝင္ေရာက္မယ့္ လမ္းေၾကာင္းေပၚကို ကြၽန္ေတာ္တို႔ ဆက္ေလွ်ာက္ေနဆဲ ျဖစ္သလို အာဆီယံ လက္တြဲေဖာ္ေတြနဲ႔ ပူးေပါင္းၿပီး ဒီကိစၥ အေကာင္အထည္ေဖာ္မယ့္ လမ္းျပေျမပုံတစ္ခု ေပၚထြန္းလာေရး ႀကိဳးစားေနဆဲျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ အဓိက ရည္႐ြယ္တာက ၂ဝ၂၅ ခုႏွစ္မွာ အာဆီယံထဲ ဝင္ေရာက္ဖို႔ပါပဲ။ ဒီေတာ့ အာဆီယံေခါင္းေဆာင္ေတြ သေဘာတူထား တဲ့ လမ္းျပေျမပုံ အထေျမာက္ေရး ကြၽန္ေတာ္တို႔ရဲ႕ရည္မွန္းခ်က္ကို လက္ေတြ႕ေဖာ္ေဆာင္ဖို႔ ၂ ႏွစ္ အခ်ိန္ရပါတယ္" ဟု ေျပာသည္။

ထို႔အျပင္ အေရွ႕တီေမာသမၼတ က ၎တို႔ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံေရးအခက္အခဲမ်ားႏွင့္ပတ္သက္ၿပီး ေျဖရွင္းရာ တြင္ အာဆီယံႏွင့္ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေျပာသည္။

အေရွ႕တီေမာသမၼတ ေဟာ္တာက "ကြၽန္ေတာ္တို႔က အာဆီယံေခါင္းေဆာင္ေတြအေပၚ အရမ္း ေက်းဇူးတင္ပါ တယ္။ ကြၽန္ေတာ္တို႔ အာဆီယံနဲ႔ပူးေပါင္းခ်င္ပါတယ္။ ဒါဟာ ကြၽန္ေတာ္တို႔ ႏိုင္ငံရဲ႕အက်ိဳးစီးပြား၊ ရည္မွန္းခ်က္နဲ႔ စိတ္ပိုင္းျဖတ္မႈေတြလည္း ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ျပႆနာေတြနဲ႔ပတ္သက္လို႔ေျဖရွင္းရာမွာ ကြၽန္ေတာ္တို႔ အာဆီယံလက္တြဲေဖာ္ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ခ်င္ပါတယ္။ ဒီလုပ္ေဆာင္မႈဟာ အဖြဲ႕ႀကီးရဲ႕အစိတ္အပိုင္း အေနနဲ႔ ပဲျဖစ္ၿပီး ျပင္ပႏိုင္ငံအေနနဲ႔ မဟုတ္ပါဘူး" ဟု ေျပာသည္။

Related news

© 2021. All rights reserved.