မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး မနက်ဖြန် စတင်မည်

 5833

မြူနစ် (NP News) - စက်တင်ဘာ ၁၂

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို မနက်ဖြန် (စက် တင်ဘာလ ၁၃ ရက်)တွင် နေပြည်တော်၌ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မနက်ဖြန်တွင် ကျင်းပမည့် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးသည် အကြိမ်(၂၀)မြောက်အစည်းအဝေးဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးထွန်းအောင်က တာဝန်ယူထားကြောင်း သိရသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော မလေးရှား၊ အင်ဒိုနီးရှား နှင့် စင်္ကာပူနိုင်ငံတို့သည် လေတပ်ဦးစီးချုပ်များအစည်း အဝေးကို မြန်မာနိုင်ငံသို့ လာရောက်ကာ တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။

“သူတို့က video စနစ်နဲ့ တက်မယ်လို့ သိရတယ် မလေးရယ်၊ စင်္ကာပူရယ်၊ အင်ဒိုနီးရှားရယ်။ ကျန်တဲ့နိုင်ငံတွေကတော့ နေပြည်တော်ကို ရောက်နေကြပြီ။ အခုညမှာ ဗီယက်နမ်နိုင်ငံက လာမယ်။ အဲဒါပြီးရင်တော့ အကုန်စုံပါပြီ။ အစည်းအဝေးက မနက်ဖြန်စမှာ” ဟု တပ်မတော်(လေ)နှင့်နီးစပ်သော အရာရှိတစ်ဦးက NP News ကိုပြောသည်။

ဗီယက်နမ်နိုင်ငံသည် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးသို့ တက်ရောက်ရန်အတွက် ယနေ့ညပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံအပါအဝင် ကျန်ရှိသောအာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ၎င်းအစည်းအဝေးသို့တက်ရောက်ရန်အတွက် နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကျင်းပမည့် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို မလေးရှား၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့က လူကိုယ်တိုင်တက်ရောက်ဖွယ်မရှိကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နိုင်ငံတကာမီဒီယာများ၌ ဖော်ပြခဲ့ကြသည်။

အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးသည် အဖွဲ့ဝင်နိုင်ငံများအကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကဏ္ဍ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးကဏ္ဍနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များတွင် ဆွေးနွေးနိုင်ရန်အတွက် နှစ်စဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version









Picture

L Mone

12/09/2023 19:13

ပင်လယ်ထဲက သုံးကောင်.....မာန်ဖီနေတာ...ပါ....ကျွန်ဆော်နံတယ်..မတက်တာကောင်းတယ်..အာစီယံမှာ သစ္စာဖောက်နေတာပါ....မပါခိုင်းသင့်တာက အဲဒီကောင်တွေပါ...

Picture

L Mone

12/09/2023 19:13

ချစ်ခြင်းမေတ္တာကို. ဖျက်ဆီးကြသူတွေ.. VOA BBC and RFA သတင်းဌာနကြီးတို့ဟာ မြန်မာနိုင်ငံသမိုင်းတစ်လျှောက်လုံး နှစ်ပေါင်း ၇၀ ပြည်သူနဲ့အစိုးရတပ်မတော်ကို ရန်တိုက်တဲ့သတင်း တွေကြီးပဲ ဖြန့်ကြတယ်ဖွ ခဲ့ကြတယ်ဗျာ ဘာ့ကြောင့်ပါလဲ ဖြေခဲ့ကြပါအုံး။ အစိုးရစစ်တပ်ကြီးကို မကြေနပ်နေတာ၁၉၄၈ လွတ်လပ်ရေး ဇွတ်မရရအောင်ယူခဲ့ကြလို့လားဆိုတာ.ဖြေနိုင်ရင် ဖြေခဲ့ကြပါဗျာ.။ မြန်မာနိုင်ငံမှပြည်တွင်းလက်နက်ကိုင်တွေ ကြာရှည်ရုံတင်မကဘူးအဖွဲ့ပေါင်းစုံထပ်ပေါ်ပေါက်လာရတာဟာလဲ ခင်ဗျားတို့BBC VOA RFA ကြောင့်ဆိုတာ ပေါ်လွင်နေပါတယ်။ စစ်တပ်နဲ့ပြည်သူမတည့်ရေးရန်တိုက်တာတင်မကသေးဘူးဗမာလူမျိူးများနဲ့ ကရင်လူမျိူးစုနဲ့ ရန်တိုက်တယ် ရှမ်းနဲ့လည်းရန်တိုက်တယ် ကယားနဲ့လည်းတိုက်တယ် ရခိုင်နဲ့လည်းရန်တိုက်တယ် အဲတော့အားလုံးခြုံပြီးတော့ပြောရရင်လူမျိူးရေးရန်တိုက်သွေးခွဲနေခဲ့ကြတာ..ခင်ဗျားဖြစ်နေပြန်တယ် ဘာသာရေးမှာလည်းဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ကို..ရန်တိုက်တယ်ကမ္ဘာနဲ့ချီရန်တိုက်တယ်.ဒါနဲ့တင် အားမရသေးဘူးမူစလင်နဲ့ပါရန်တိုက်နေကြတာလဲ ခင်ဗျားတို့ VOA BBC RFAပါပဲနောက်အဆိုးဆုံးက ရိုဟင်ဂျာဆိုပြီး မရှိထားတဲ့လူမျိူးရေး လုပ်စားပြီးရန်တိုက်တယ် အဆင်မချောတဲ့အခါ မူစလင်နဲ့ဗုဒ္ဓဘာသာ.ပြဿနာကြီး ဆိုပြီးတော့ကာ ကမ္ဘာနဲ့ချီပြီးမြန်မာတစ်ပြည်လုံးက ဗုဒ္ဓဘာသာဝင်တွေ နာမည်ပျက်အောင် ဖျက်ဆီးပြန်တယ်ဗျာ..။ မှတ်ချက် ။ ။ ဒီ အပေါ်ကစာကို ဂူဂယ်လ်ရဲ့ထွမ်စလိတ်က..ပြောင်းပြန်ကြီး..အီး..လို..ဘာသာပြန်ပေးတယ်လေ...😂😂 အစိုးရစစ်တပ်ကြီးကို ဂူဟလ်က ဗန်း..ထာဝရ ဗန်းပြီးသားပါနော်။ ဒါ့ကြောင့်..တရုတ်.ကြီး..ဂူဂယ်ကို...၂၀၁၀. မတိုင်ခင်ကတည်းက...ဗန်းထားတာကိုး.....မြန်မာအစိုးရကြီးကို...ပြောပြချင်တယ်...တောင်လိုလို...မြောက်လိုလိုမလုပ်နဲ့ဗျာ...ခင်ဗျားတို့ကို...အနှစ်..၇၀...လုံးလုံး...ဖင်ကြိတ်နေကြတာ...အနောက်ဥရောပ..က...BBC..VOA..RFA..သူ့နောက်က...DVB..IRRAWADDY..MIZZIMA..KHITTHIT. ...တို့ကို..ဗန်းပြစ်ပါ.. မဟုတ်ရင်..ခင်ဗျားတို့ကို....တရုတ်ရော ရုရှားရောက....ပါ....ခင်ဗျားတို့အစိုးရက..ဗလောင်းဗလဲလို့...ထင်နေပါလိမ့်အုံးမယ်ဗျား..... ဂူဂလ်က.မြန်မာ့တပ်မတော်ကို..နိုးပါ လုံးဝ လုံးဝ နိုးပါ လုပ်ထားပါတယ်နော်..

Related news

© 2021. All rights reserved.