တိုင်းနှင့်ပြည်နယ်(၇)ခုမှ ငလျင်ဒဏ်သင့်နေအိမ်များအတွက် သွပ်ချပ်ရေ တစ်သန်းကျော်အပါဝင် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ရန်စီစဉ်

190

ချယ်ရီ (NP News) - ဇူလိုင် ၁၈
မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်(၇)ခုမှ ငလျင်ဒဏ်သင့်နေအိမ်များအတွက် သွပ်တစ်ချပ်ရေ သန်းကျော်အပါဝင် အိမ်ဆောက်ပစ္စည်းများကို နိုင်ငံတော်မှ ထောက်ပံ့ရန် စီစဉ်ဆောင်ရွက်နေကြောင်း ငလျင်ကြောင့် ပျက်စီးခဲ့သည့်နေအိမ်များ ထောက်ပံ့ရန်အတွက် အမိုးသွပ်ပြားများ ထုတ်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောသည်။
အဆိုပါအစည်းအဝေးကို ယမန်နေ့ (ဇူလိုင်လ ၁၇ ရက်)၊ မွန်းလွဲပိုင်းက စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ နေပြည်တော်(ပြည်ထောင်စုနယ်မြေ)၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်နေအိမ်များကို ပြန်လည်ပြုပြင်ရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ J Wood ၊ အမိုးသွပ် (၃၀ ဂိတ်)၊ သစ်မာ နှင့် Rebar တို့ကို အိမ်အမျိုးအစားများအလိုက် ထောက်ပံ့ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ပြင် စက်မှုဝန်ကြီးဌာနမှလည်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်ပမာဏအတိုင်း ဒေသအလိုက် ထိရောက်စွာ ထောက်ပံ့ပေးအပ်နိုင်ရန် ကြိုတင်စီမံဆောင်ရွက်ရန် တာဝန်ရှိပြီး ပြည်သူများသို့ ထောက်ပံ့ပေးရန်အတွက် အမိုးပြားအချပ်ရေ (၁ ဒသမ ၈၃) သန်းခန့် လိုအပ်မည်ဖြစ်ရာ ၎င်းပမာဏရရှိအောင် ဆောင်ရွက်မည့်အစီအမံများနှင့်ပတ်သက်၍ လုပ်ငန်းရှင်များအနေဖြင့် လက်ရှိ ကုန်ချောလက်ကျန်အခြေအနေ၊ ထပ်မံထုတ်လုပ်မည့်အစီအမံ၊ ကုန်ကြမ်းလိုအပ်ချက်နှင့် အခြားလိုအပ်ချက်များရှိပါက ပွင့်လင်းစွာ ဆွေးနွေးပေးလိုကြောင်း အဆိုပါအစည်းအဝေး၌ ၎င်းက ပြောကြားထားသည်။
စက်မှုဝန်ကြီးဌာနမှ အများပြည်သူများ လိုအပ်သောအမိုးသွပ်ပြားများ အချိန်မီရရှိရန် အစွမ်းကုန်ဖြည့်ဆည်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။

Zawwgyi Version:
တိုင္းႏွင့္ျပည္နယ္(၇)ခုမွ ငလ်င္ဒဏ္သင့္ေနအိမ္မ်ားအတြက္ သြပ္တစ္သန္းေက်ာ္အပါဝင္ အိမ္ေဆာက္ပစၥည္းမ်ား ေထာက္ပံ့ရန္စီစဥ္
ခ်ယ္ရီ (NP News) - ဇူလိုင္ ၁၈
ျမန္မာႏိုင္ငံရွိ တိုင္းႏွင့္ျပည္နယ္(၇)ခုမွ ငလ်င္ဒဏ္သင့္ေနအိမ္မ်ားအတြက္ သြပ္တစ္သန္းေက်ာ္အပါဝင္ အိမ္ေဆာက္ပစၥည္းမ်ားကို ႏိုင္ငံေတာ္မွ ေထာက္ပံ့ရန္ စီစဥ္ေဆာင္႐ြက္ေနေၾကာင္း ငလ်င္ေၾကာင့္ ပ်က္စီးခဲ့သည့္ေနအိမ္မ်ား ေထာက္ပံ့ရန္အတြက္ အမိုးသြပ္ျပားမ်ား ထုတ္လုပ္ႏိုင္ေရး ညႇိႏႈိင္းအစည္းအေဝး၌ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္းက ေျပာသည္။
အဆိုပါအစည္းအေဝးကို ယမန္ေန႔ (ဇူလိုင္လ ၁၇ ရက္)၊ မြန္းလြဲပိုင္းက စက္မႈဝန္ႀကီးဌာန၊ ႐ုံးအမွတ္(၃၀) အစည္းအေဝးခန္းမ၌ က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန္႔ခြဲမႈေကာ္မတီမွ ေနျပည္ေတာ္(ျပည္ေထာင္စုနယ္ေျမ)၊ ကရင္ျပည္နယ္၊ စစ္ကိုင္းတိုင္း ေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီးႏွင့္ ရန္ကုန္တိုင္းေဒသႀကီးတို႔ရွိ ငလ်င္ဒဏ္ေၾကာင့္ ထိခိုက္ပ်က္စီးခဲ့သည့္ေနအိမ္မ်ားကို ျပန္လည္ျပဳျပင္ရန္အတြက္ ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္းမ်ားျဖစ္သည့္ ဘိလပ္ေျမ၊ J Wood ၊ အမိုးသြပ္ (၃၀ ဂိတ္)၊ သစ္မာ ႏွင့္ Rebar တို႔ကို အိမ္အမ်ိဳးအစားမ်ားအလိုက္ ေထာက္ပံ့ေပးသြားရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ထို႔ျပင္ စက္မႈဝန္ႀကီးဌာနမွလည္း ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္းမ်ားကို သတ္မွတ္ပမာဏအတိုင္း ေဒသအလိုက္ ထိေရာက္စြာ ေထာက္ပံ့ေပးအပ္ႏိုင္ရန္ ႀကိဳတင္စီမံေဆာင္႐ြက္ရန္ တာဝန္ရွိၿပီး ျပည္သူမ်ားသို႔ ေထာက္ပံ့ေပးရန္အတြက္ အမိုးျပားအခ်ပ္ေရ (၁ ဒသမ ၈၃) သန္းခန႔္ လိုအပ္မည္ျဖစ္ရာ ၎ပမာဏရရွိေအာင္ ေဆာင္႐ြက္မည့္အစီအမံမ်ားႏွင့္ပတ္သက္၍ လုပ္ငန္းရွင္မ်ားအေနျဖင့္ လက္ရွိ ကုန္ေခ်ာလက္က်န္အေျခအေန၊ ထပ္မံထုတ္လုပ္မည့္အစီအမံ၊ ကုန္ၾကမ္းလိုအပ္ခ်က္ႏွင့္ အျခားလိုအပ္ခ်က္မ်ားရွိပါက ပြင့္လင္းစြာ ေဆြးေႏြးေပးလိုေၾကာင္း အဆိုပါအစည္းအေဝး၌ ၎က ေျပာၾကားထားသည္။
စက္မႈဝန္ႀကီးဌာနမွ အမ်ားျပည္သူမ်ား လိုအပ္ေသာအမိုးသြပ္ျပားမ်ား အခ်ိန္မီရရွိရန္ အစြမ္းကုန္ျဖည့္ဆည္း ေဆာင္႐ြက္ေပးသြား မည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္းက ေျပာၾကားသည္။