အမျိုးသမီးတစ်ဦး သင်္ဃန်းကျွန်း၊ ငမိုးရိပ်တံတားပေါ်မှ ခုန်ချမှုဖြစ်ပွား

4816
Pearl (NP News) - စက်တင်ဘာ ၂၆
အသက် (၂၁)နှစ်အရွယ်အမျိုးသမီးတစ်ဦး သင်္ဃန်းကျွန်းမြိုနယ်ရှိ ငမိုးရိပ်တံတားပေါ်မှ ခုန်ချမှုဖြစ်ပွားခဲ့ကြောင်း သုဝဏ္ဏပရဟိတ အသင်းထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၂၅ ရက်) ၊ ညနေ (၆)နာရီ အချိန်ခန့်တွင် ရန်ကုန် တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ငမိုးရိပ်ပြည်ထောင်စုဂုံးကျော်တံတား (တံတားဖြူ)တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အင်္ကျီအဖြူရောင် နှင့် ဘောင်းဘီ အနက်ရောင်ဝတ်ဆင်ထားသော အသက် (၂၁)နှစ်ဝန်း ကျင်အရွယ် အမျိုးသမီးတစ်ဦးသည် အဆိုပါ တံတားပေါ်မှခုန်ချသွားခဲ့ကြောင်း သိရသည်။
"စက်ဘီးသမားတစ်ယောက်အကြောင်းကြားလို့ ကျွန်တော်တို့ သိရတာပါ။ အဲဒီစက်ဘီးသမားက စက်ဘီးနင်းလာတုန်း သူက ဘောင်ပေါ်မှာ မတ်တပ်ရပ်နေတာ ပြီးမှ ဘောင်ပေါ်ကနေ ဝုန်းဆိုပြီး ခုန်ချသွားတာကို လှမ်းမြင်လိုက်တာ၊ ခုန်ချသွားတာ ဘယ်သူလဲ ဆိုတာတော့ မသိရသေးဘူး၊ ပိုင်ရှင်မဲ့ပေါ့"ဟု အထက်ပါအသင်း၏ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
လက်ရှိတွင် သုဝဏ္ဏပရဟိတအသင်းမှ ၎င်းအား ရှာဖွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ၎င်း၏ မိသားစုများအား စုံစမ်းလျက်ရှိကြောင်း သိရသည်။

zawgyi version
အမ်ိဳးသမီးတစ္ဦး သဃၤန္းကြၽန္း၊ ငမိုးရိပ္တံတားေပၚမွ ခုန္ခ်မႈျဖစ္ပြား
Pearl (NP News) - စက္တင္ဘာ ၂၆
အသက္ (၂၁)ႏွစ္အ႐ြယ္အမ်ိဳးသမီးတစ္ဦး သဃၤန္းကြၽန္းၿမိဳနယ္ရွိ ငမိုးရိပ္တံတားေပၚမွ ခုန္ခ်မႈျဖစ္ပြားခဲ့ေၾကာင္း သုဝဏၰပရဟိတ အသင္းထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (စက္တင္ဘာလ ၂၅ ရက္) ၊ ညေန (၆)နာရီ အခ်ိန္ခန႔္တြင္ ရန္ကုန္ တိုင္း၊ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ႀကီးပြားေရးရပ္ကြက္၊ ငမိုးရိပ္ျပည္ေထာင္စုဂုံးေက်ာ္တံတား (တံတားျဖဴ)တြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
အက်ႌအျဖဴေရာင္ ႏွင့္ ေဘာင္းဘီ အနက္ေရာင္ဝတ္ဆင္ထားေသာ အသက္ (၂၁)ႏွစ္ဝန္း က်င္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးသည္ အဆိုပါ တံတားေပၚမွခုန္ခ်သြားခဲ့ေၾကာင္း သိရသည္။
"စက္ဘီးသမားတစ္ေယာက္အေၾကာင္းၾကားလို႔ ကြၽန္ေတာ္တို႔ သိရတာပါ။ အဲဒီစက္ဘီးသမားက စက္ဘီးနင္းလာတုန္း သူက ေဘာင္ေပၚမွာ မတ္တပ္ရပ္ေနတာ ၿပီးမွ ေဘာင္ေပၚကေန ဝုန္းဆိုၿပီး ခုန္ခ်သြားတာကို လွမ္းျမင္လိုက္တာ၊ ခုန္ခ်သြားတာ ဘယ္သူလဲ ဆိုတာေတာ့ မသိရေသးဘူး၊ ပိုင္ရွင္မဲ့ေပါ့"ဟု အထက္ပါအသင္း၏ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
လက္ရွိတြင္ သုဝဏၰပရဟိတအသင္းမွ ၎အား ရွာဖြယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိၿပီး ၎၏ မိသားစုမ်ားအား စုံစမ္းလ်က္ရွိေၾကာင္း သိရသည္။