နေပြည်တော်မှလွဲ၍ တိုင်းနှင့်ပြည်နယ်အားလုံးတွင် မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုများဖြစ်ပေါ်နေဟု UNOCHA ထုတ်ပြန်

 1372

စော(NP News) - အောက်တိုဘာ ၂

နေပြည်တော်မှလွဲ၍ တိုင်းနှင့်ပြည်နယ်အားလုံးတွင် မြေမြှုပ်မိုင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံးက အောက်တိုဘာလ ၁ ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏လူဦးရေ (၂)သန်းနီးပါးသည် မရေရာသောအခြေအနေများဖြင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး ကယ်ဆယ်ရေးအကူအညီများလိုအပ်လျက်ရှိကြောင်း UNOCHA ထုတ်ပြန်ထားသည်။

ထို့ပြင် ပေါက်ကွဲစေတတ်သော ပစ္စည်းများသည် အရပ်သားများအပေါ် ခြိမ်းခြောက်မှုများ ပျံ့နှံလာပြီး နေပြည်တော်မှလွဲ၍ တိုင်းနှင့်ပြည်နယ်အားလုံးတွင် မြေမြှုပ်မိုင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်း နှင့် အခြားပေါက်ကွဲစေသည့် စစ်လက်နက်ပစ္စည်းများကြောင့် သေဆုံးဒဏ်ရာရရှိသူများအနက် သုံးပုံတစ်ပုံကျော်သည် ကလေးငယ်များဖြစ်ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည် ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း၌ မြေမြှုပ်မိုင်း နှင့် အခြာပေါက်ကွဲစေသည့် စစ်လက်နက်ပစ္စည်းများကြောင့် သေဆုံးဒဏ်ရာရရှိသူ (၃၉၀)ဦးရှိပြီး ၂၀၂၁ ခုနှစ်တွင် သေဆုံးထိခိုက်ဒဏ်ရာရရှိသူ (၂၈၄)ဦးရှိခဲ့ကြောင်း သိရသည်။

zawgyi version
ေနျပည္ေတာ္မွလြဲ၍ တိုင္းႏွင့္ျပည္နယ္အားလုံးတြင္ ေျမျမႇဳပ္မိုင္းေၾကာင့္ အရပ္သားထိခိုက္ေသဆုံးမႈမ်ားျဖစ္ေပၚေနဟု UNOCHA ထုတ္ျပန္
ေစာ(NP News) - ေအာက္တိုဘာ ၂

ေနျပည္ေတာ္မွလြဲ၍ တိုင္းႏွင့္ျပည္နယ္အားလုံးတြင္ ေျမျမႇဳပ္မိုင္းေၾကာင့္ အရပ္သား ထိခိုက္ေသဆုံးမႈမ်ား ျဖစ္ေပၚေနေၾကာင္း သိရသည္။

ကုလသမဂၢလူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာညႇိႏႈိင္းေရး႐ုံးက ေအာက္တိုဘာလ ၁ ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံ၏လူဦးေရ (၂)သန္းနီးပါးသည္ မေရရာေသာအေျခအေနမ်ားျဖင့္ ေနရပ္စြန႔္ခြာတိမ္းေရွာင္ေနရၿပီး ကယ္ဆယ္ေရးအကူအညီမ်ားလိုအပ္လ်က္ရွိေၾကာင္း UNOCHA ထုတ္ျပန္ထားသည္။

ထို႔ျပင္ ေပါက္ကြဲေစတတ္ေသာ ပစၥည္းမ်ားသည္ အရပ္သားမ်ားအေပၚ ၿခိမ္းေျခာက္မႈမ်ား ပ်ံ႕ႏွံလာၿပီး ေနျပည္ေတာ္မွလြဲ၍ တိုင္းႏွင့္ျပည္နယ္အားလုံးတြင္ ေျမျမႇဳပ္မိုင္းေၾကာင့္ အရပ္သား ထိခိုက္ေသဆုံးမႈမ်ား ျဖစ္ေပၚလ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံတြင္ ေျမျမႇဳပ္မိုင္း ႏွင့္ အျခားေပါက္ကြဲေစသည့္ စစ္လက္နက္ပစၥည္းမ်ားေၾကာင့္ ေသဆုံးဒဏ္ရာရရွိသူမ်ားအနက္ သုံးပုံတစ္ပုံေက်ာ္သည္ ကေလးငယ္မ်ားျဖစ္ေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့သည္ ၂၀၂၂ ခုႏွစ္တြင္ ျမန္မာႏိုင္ငံအတြင္း၌ ေျမျမႇဳပ္မိုင္း ႏွင့္ အျခာေပါက္ကြဲေစသည့္ စစ္လက္နက္ပစၥည္းမ်ားေၾကာင့္ ေသဆုံးဒဏ္ရာရရွိသူ (၃၉၀)ဦးရွိၿပီး ၂၀၂၁ ခုႏွစ္တြင္ ေသဆုံးထိခိုက္ဒဏ္ရာရရွိသူ (၂၈၄)ဦးရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.