မူဆယ် - နမ့်ခမ်းလမ်းကို ပုံမှန်အတိုင်းပြန်လည်သွားလာနိုင် ဟုဆို

 803

Pearl (NP News)-ဩဂုတ် ၁
မူဆယ် - နမ့်ခမ်းလမ်းကို ပုံမှန်အတိုင်းပြန်လည်သွားလာနိုင် ပြီဖြစ်ကြောင်း ဒေသခံများထံ NP News က ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့တွင် TNLA က ကျားဖြန့်တိုက်ဖျက်ရေးဆောင်ရွက်ရန်ဟုဆိုကာ မူဆယ်မြို့နှင့် နမ့်ခမ်းမြို့ကို ဆက်သွယ်ထားသည့် မူဆယ် - နမ့်ခမ်းလမ်း ၊ ပြည်ထောင်စုလမ်းမကြီးကို ဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ခဲ့ပြီးနောက် ယခုတွင် ပြန်လည္ဖြတ်သွားလာခွင့် ရရှိပြီဖြစ်ကြောင်း သိရသည်။

“သူတို့က လမ်းပြုပြင်ဖို့ဆိုပြီး လမ်းပိတ်တာ။အမှန်က ဘာမှ မဟုတ်ဘူး။ ဒီကောင်တွေ လုပ်နေကျအတိုင်းပဲ။ ဝင်လို့မရထွက်လို့မရဆိုတော့ ။ ပြည်သူတွေကတော့ လမ်းပိတ်တော့ ဒုက္ခရောက်တာပေါ့။ မူဆယ် - နမ့်ခမ်းလမ်းက စယ်လန့် အကျော်လောက်က ပိတ်ထားတာ။ စယ်လန့် ကလည်း ပိတ်လို့မရဘူးလေ။ SSPP ရှိတယ်လေ။ နမ့်ခမ်းအဝင်ဘက်မှာပိတ်တာ။ ဒေသခံတွေကတော့ စိတ်ညစ်တာပေါ့” ဟု ဒေသခံတစ်ဦးက NP News သို့ပြောသည်။

မူဆယ် - နမ့်ခမ်း ပြည်ထောင်စုလမ်မကြီး ၊ မူဆယ်မြို့ စယ်လန့်ကျေးရွာအုပ်စု ဆိုင်ခေါင်ရွာ နှင့် နမ့်ခမ်းမြို့ရှိ နမ်ခမ်းရပ်ကွက်တို့တွင် ပိတ်ထားခြင်းဖြစ်ပြီး ဒေသခံများအနေဖြင့် အခတ်အခဲများစွာ ဖြစ်ပေါ်ခဲ့ကြောင်းလည်းသိရသည်။

အလားတူ မိုးကုတ် မှ ကျောက်မဲ၊ မိုးမိတ် ၊ စဉ်းကူး၊ သပိတ်ကျင်း ကားလမ်း၊ ပြင်ဦးလွင် မှ အုမ္မတီး ၊ အုမ္မခါး၊ မိုင်းလုံ ကားလမ်းနှင့် တာကောင်း မှ တွင်းငယ် ၊ မိုးမိတ် ကားလမ်းတို့ကိုလည်း TNLA မှ ဖြတ်သန်းသားလာခွင့် ယာယီပိတ်ထားကြောင်း သိရသည်။

အဆိုပါလမ်းပိုင်းများအား ပိတ်ဆို့မှုများသည် ကွတ်ခိုင်မြို့တွင် ရောက်ရှိနေသော TNLA ၏ ခေါင်းဆောင် တစ်ဦး ဖြစ်သည့် တာဘုန်းကျော် သည် ၎င်း၏ ဌာနချုပ်ရှိရာသို့ ပြန်လည်ထွက်ခွာနိုင်ရန် ပိတ်ထားခြင်း ဖြစ်ကြောင်းလည်း သတင်းများထွက်ပေါ်နေကြောင်း သိရသည်။

Zawgyi Version:
မူဆယ္ - နမ့္ခမ္းလမ္းကို ပုံမွန္အတိုင္းျပန္လည္သြားလာႏိုင္ ဟုဆို
Pearl (NP News)-ဩဂုတ္ ၁
မူဆယ္ - နမ့္ခမ္းလမ္းကို ပုံမွန္အတိုင္းျပန္လည္သြားလာႏိုင္ ၿပီျဖစ္ေၾကာင္း ေဒသခံမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။

ၿပီးခဲ့သည့္ရက္ပိုင္းက ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ နမ့္ခမ္းၿမိဳ႕တြင္ TNLA က က်ားျဖန႔္တိုက္ဖ်က္ေရးေဆာင္႐ြက္ရန္ဟုဆိုကာ မူဆယ္ၿမိဳ႕ႏွင့္ နမ့္ခမ္းၿမိဳ႕ကို ဆက္သြယ္ထားသည့္ မူဆယ္ - နမ့္ခမ္းလမ္း ၊ ျပည္ေထာင္စုလမ္းမႀကီးကို ျဖတ္သန္းသြားလာခြင့္ကို ယာယီပိတ္ခဲ့ၿပီးေနာက္ ယခုတြင္ ျပန္လၫၹၾတ္သြားလာခြင့္ ရရွိၿပီျဖစ္ေၾကာင္း သိရသည္။

“သူတို႔က လမ္းျပဳျပင္ဖို႔ဆိုၿပီး လမ္းပိတ္တာ။အမွန္က ဘာမွ မဟုတ္ဘူး။ ဒီေကာင္ေတြ လုပ္ေနက်အတိုင္းပဲ။ ဝင္လို႔မရထြက္လို႔မရဆိုေတာ့ ။ ျပည္သူေတြကေတာ့ လမ္းပိတ္ေတာ့ ဒုကၡေရာက္တာေပါ့။ မူဆယ္ - နမ့္ခမ္းလမ္းက စယ္လန႔္ အေက်ာ္ေလာက္က ပိတ္ထားတာ။ စယ္လန႔္ ကလည္း ပိတ္လို႔မရဘူးေလ။ SSPP ရွိတယ္ေလ။ နမ့္ခမ္းအဝင္ဘက္မွာပိတ္တာ။ ေဒသခံေတြကေတာ့ စိတ္ညစ္တာေပါ့” ဟု ေဒသခံတစ္ဦးက NP News သို႔ေျပာသည္။

မူဆယ္ - နမ့္ခမ္း ျပည္ေထာင္စုလမ္မႀကီး ၊ မူဆယ္ၿမိဳ႕ စယ္လန႔္ေက်း႐ြာအုပ္စု ဆိုင္ေခါင္႐ြာ ႏွင့္ နမ့္ခမ္းၿမိဳ႕ရွိ နမ္ခမ္းရပ္ကြက္တို႔တြင္ ပိတ္ထားျခင္းျဖစ္ၿပီး ေဒသခံမ်ားအေနျဖင့္ အခတ္အခဲမ်ားစြာ ျဖစ္ေပၚခဲ့ေၾကာင္းလည္းသိရသည္။

အလားတူ မိုးကုတ္ မွ ေက်ာက္မဲ၊ မိုးမိတ္ ၊ စဥ္းကူး၊ သပိတ္က်င္း ကားလမ္း၊ ျပင္ဦးလြင္ မွ အုမၼတီး ၊ အုမၼခါး၊ မိုင္းလုံ ကားလမ္းႏွင့္ တာေကာင္း မွ တြင္းငယ္ ၊ မိုးမိတ္ ကားလမ္းတို႔ကိုလည္း TNLA မွ ျဖတ္သန္းသားလာခြင့္ ယာယီပိတ္ထားေၾကာင္း သိရသည္။

အဆိုပါလမ္းပိုင္းမ်ားအား ပိတ္ဆို႔မႈမ်ားသည္ ကြတ္ခိုင္ၿမိဳ႕တြင္ ေရာက္ရွိေနေသာ TNLA ၏ ေခါင္းေဆာင္ တစ္ဦး ျဖစ္သည့္ တာဘုန္းေက်ာ္ သည္ ၎၏ ဌာနခ်ဳပ္ရွိရာသို႔ ျပန္လည္ထြက္ခြာႏိုင္ရန္ ပိတ္ထားျခင္း ျဖစ္ေၾကာင္းလည္း သတင္းမ်ားထြက္ေပၚေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.