မလေးရှားမှာ ဒူးရင်းဆိုင် တစ်ဝက်စာ ဒူးရင်းသီးတွေကို လူတစ်ဦးတည်းက ၂ ကြိမ်တိုင်တိုင် ခိုးယူမှုဖြစ်၊ ဆိုင်ရှင်က ခိုးယူနေတာသိပေမယ့် နှင်ထုတ်နိုင်ခြင်းမရှိ

862

ရောင်နီ (NP News) - သြဂုတ်လ ၁
မလေးရှားနိုင်ငံ၊ ဆီလန်ဂေါမြို့၊ ပူချုံဆင်ခြေဖုံးရပ်ကွက်ရှိ ဒူးရင်းဆိုင်တစ်ခုမှာ နေ့ခင်းကြောင်တောင် လူတစ်ယောက် ဆိုင်ကယ်နဲ့လာရောက်ပြီး ဒူးရင်းသီးတွေကို ဆာလာအိတ်နဲ့ ၂ ကြိမ်တိုင်တိုင်ထည့်ကာ ယူဆောင် သွားခဲ့ပါတယ်။ ဒါကိုဆိုင်ရှင်က တွေ့ပေမယ့် သက်သေအနေနဲ့ ဗီဒီယိုသာ ရိုက်ကူးထားနိုင်ပြီး နှင်လွှတ်နိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
အဆိုပါဖြစ်ရပ်ဟာ ဇူလိုင် ၂၇ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိုင်ပိုင်ရှင်က ဇူလိုင် ၂၈ ရက်မှာ တရုတ်ဆိုရှယ်မီဒီယာ ပလက်ဖောင်း Xiaohongshu မှာ အဖြစ်အပျက် ဗီဒီယိုကို တင်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာ အနက်ရောင်အင်္ကျီနဲ့ ဘောင်းဘီတိုဝတ်ထားတဲ့ အမျိုးသားတစ်ဦးက တစ်ကီလိုဂရမ်ကို ရင်းဂစ် ၆၅ လောက် တန်ဖိုးရှိတဲ့ ဒူးရင်းသီးတွေကို ယူဆောင်ကာ အဖြူရောင် ဆာလာအိတ်ထဲ ထည့်နေတာမြင်တွေ့ရပါတယ်။ Sin Chew Daily သတင်းစာရဲ့အဆိုအရ အဲဒီဒူးရင်းသီးတွေဟာ ဈေးဆိုင်မှာ ဈေးအကြီးဆုံးဖြစ်တဲ့ Musang King မျိုးကွဲ တွေလို့ ဆိုပါတယ်။
ခိုးယူသူဟာ ဒူးရင်းသီးတွေကို ဆာလာအိတ်ထဲထည့်ပြီး ဆိုင်ကယ်ပေါ်တင်ကာ ထွက်ခွာသွားခဲ့ပါတယ်။ စျေးရောင်းသူရဲ့ပြောကြားချက်အရ အဆိုပါအမျိုးသားဟာ နောက်တစ်ခေါက်ပြန်လာပြီး အဲဒီပုံစံအတိုင်း ခိုးယူမှု ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် အဲဒီအမျိုးသားဟာ လက်နက်အနေနဲ့ ဓားရှိနေတာကြောင့် နှင်လွှင့်ဖို့ ဆိုင်ရှင်က ကြောက်ရွံ့ခဲ့တယ်လို့ ဆိုပါတယ်။
ဆိုင်ရှင်ကတော့ ဒီလိုဖြစ်ရပ်မျိုး တစ်ခါမှမကြုံဖူးကြောင်းနဲ့ ရဲစခန်းကို တိုင်ကြားထားကြောင်း ပြောကြားပါတယ်။

Zawgyi Version:
မေလးရွားမွာ ဒူးရင္းဆိုင္ တစ္ဝက္စာ ဒူးရင္းသီးေတြကို လူတစ္ဦးတည္းက ၂ ႀကိမ္တိုင္တိုင္ ခိုးယူမႈျဖစ္၊ ဆိုင္ရွင္က ခိုးယူေနတာသိေပမယ့္ ႏွင္ထုတ္ႏိုင္ျခင္းမရွိ
ေရာင္နီ (NP News) - ၾသဂုတ္လ ၁
မေလးရွားႏိုင္ငံ၊ ဆီလန္ေဂါၿမိဳ႕၊ ပူခ်ဳံဆင္ေျခဖုံးရပ္ကြက္ရွိ ဒူးရင္းဆိုင္တစ္ခုမွာ ေန႔ခင္းေၾကာင္ေတာင္ လူတစ္ေယာက္ ဆိုင္ကယ္နဲ႔လာေရာက္ၿပီး ဒူးရင္းသီးေတြကို ဆာလာအိတ္နဲ႔ ၂ ႀကိမ္တိုင္တိုင္ထည့္ကာ ယူေဆာင္ သြားခဲ့ပါတယ္။ ဒါကိုဆိုင္ရွင္က ေတြ႕ေပမယ့္ သက္ေသအေနနဲ႔ ဗီဒီယိုသာ ႐ိုက္ကူးထားႏိုင္ၿပီး ႏွင္လႊတ္ႏိုင္ျခင္း မရွိခဲ့ဘူးလို႔ သိရပါတယ္။
အဆိုပါျဖစ္ရပ္ဟာ ဇူလိုင္ ၂၇ ရက္ ညေနပိုင္းက ျဖစ္ပြားခဲ့တာျဖစ္ၿပီး ဆိုင္ပိုင္ရွင္က ဇူလိုင္ ၂၈ ရက္မွာ တ႐ုတ္ဆိုရွယ္မီဒီယာ ပလက္ေဖာင္း Xiaohongshu မွာ အျဖစ္အပ်က္ ဗီဒီယိုကို တင္ခဲ့ပါတယ္။ ဗီဒီယိုထဲမွာ အနက္ေရာင္အက်ႌနဲ႔ ေဘာင္းဘီတိုဝတ္ထားတဲ့ အမ်ိဳးသားတစ္ဦးက တစ္ကီလိုဂရမ္ကို ရင္းဂစ္ ၆၅ ေလာက္ တန္ဖိုးရွိတဲ့ ဒူးရင္းသီးေတြကို ယူေဆာင္ကာ အျဖဴေရာင္ ဆာလာအိတ္ထဲ ထည့္ေနတာျမင္ေတြ႕ရပါတယ္။ Sin Chew Daily သတင္းစာရဲ႕အဆိုအရ အဲဒီဒူးရင္းသီးေတြဟာ ေဈးဆိုင္မွာ ေဈးအႀကီးဆုံးျဖစ္တဲ့ Musang King မ်ိဳးကြဲ ေတြလို႔ ဆိုပါတယ္။
ခိုးယူသူဟာ ဒူးရင္းသီးေတြကို ဆာလာအိတ္ထဲထည့္ၿပီး ဆိုင္ကယ္ေပၚတင္ကာ ထြက္ခြာသြားခဲ့ပါတယ္။ ေစ်းေရာင္းသူရဲ႕ေျပာၾကားခ်က္အရ အဆိုပါအမ်ိဳးသားဟာ ေနာက္တစ္ေခါက္ျပန္လာၿပီး အဲဒီပုံစံအတိုင္း ခိုးယူမႈ ျပဳလုပ္ခဲ့တယ္လို႔ဆိုပါတယ္။ ဒါေပမယ့္ အဲဒီအမ်ိဳးသားဟာ လက္နက္အေနနဲ႔ ဓားရွိေနတာေၾကာင့္ ႏွင္လႊင့္ဖို႔ ဆိုင္ရွင္က ေၾကာက္႐ြံ႕ခဲ့တယ္လို႔ ဆိုပါတယ္။
ဆိုင္ရွင္ကေတာ့ ဒီလိုျဖစ္ရပ္မ်ိဳး တစ္ခါမွမႀကဳံဖူးေၾကာင္းနဲ႔ ရဲစခန္းကို တိုင္ၾကားထားေၾကာင္း ေျပာၾကားပါတယ္။