ရန်ကုန်မြို့၌ ကားလေး(၄)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ အသက်(၂)နှစ်အရွယ် ကလေးငယ်အပါဝင်(၄)ဦးသေဆုံးခဲ့ပြီး လူ(၂၀)ကျော်ထိခိုက်ဒဏ်ရာရ

15615
သန့်ဇင်(NP News) - အောက်တိုဘာ ၇
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် ကားလေး(၄)စီးဆင့်တိုက်မှုကြောင့် အသက်(၂)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါဝင် အမျိုးသမီး(၄)ဦးသေဆုံးသွားခဲ့ပြီး လူပေါင်း(၂၀)ကျော် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ပုလဲအရံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယနေ့(အောက်တိုဘာလ ၇ရက်)၊ နံနက် ၇နာရီ ၁၅မိနစ်အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီး၊ PT Power ဓာတ်ဆီဆိုင်ရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“Light Truck က PT Power ဆီဆိုင်ရှေ့မှာကွေ့ဖိုလုပ်နေရင်းကနေ ရုတ်တရက် ရပ်လိုက်တော့ သူနောက်မှာကပ်ပါလာတဲ့ ZKG အထည်ချုပ်စက်ရုံက ဖယ်ရီကားက တိုက်မိမှာစိုးလို့ ဘရိတ်အုပ်လိုက်တာမှာ အဲဒီဖယ်ရီကားနောက်မှာလိုက်လာတဲ့ ရွှေမန္တလာခရီးသည်ကားက ဘရိတ်ပေါက်ပြီးတော့ ဝင်တိုက်ချလိုက်တယ်။ အဲလိုတိုက်ချလိုက်တော့ ဖယ်ရီကားက ယာဉ်ကြောညာဘက်ကို ထွက်သွားပြီးတော့ ခုနတိုက်လိုက်တဲ့ ခရီးသည်တင်ကားက ဘယ်ဘက်ယာဉ်ကြောထဲကိုဝင်သွားတာမှာ တစ်ဖက်က လာနေတဲ့ တက္ကစီကို မျက်နှာချင်းဆိုင်ထပ်တိုက်မိတာပေါ့”ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် တက္ကစီပေါ်လိုက်ပါလာသည့် လူ(၆)ဦးအနက် အသက်(၂)နှစ်အရွယ် ကလေးငယ်မိန်းကလေးတစ်ဦး၊ အသက် (၃၀)နှစ် ဝန်းကျင်အမျိုးသမီး(၁)ဦးနှင့် အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦးတို့နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ၎င်းတက္ကစီပေါ်ရှိ အသက် (၃၀)ဝန်းကျင်အမျိုးသမီးတစ်ဦးမှာလည်း ဆေးရုံအရောက်၌ထပ်မံ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“Probox တက္ကစီပေါ်မှာလိုက်ပါလာတဲ့ အသက်(၂)နှစ်အရွယ်ကလေးငယ်မိန်းကလေးတစ်ဦးရယ်။ မိခင်ဖြစ်တဲ့သူရယ်။ ဖွားအေဖြစ်သူတို့ကတော့ နေရာမှာတင်ပွဲချင်းပြီးဆုံးတယ်။ ခေါင်းခန်းထဲမှာလဲ အမျိုးသမီးတစ်ယောက်ညှပ်နေတာနဲ့ ဆွဲထုတ်လိုက်တော့။ အဲဒီအမျိုးသမီးက ဘယ်ဘက်လက်မောင်းကျိုးတာကြောင့် ဆေးရုံပို့လိုက်တဲ့အချိန် နာရီဝက်အကြာမှာပဲ ဆေးရုံမှာဆုံးသွားပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အထက်ပါယာဉ်တိုက်မှုအတွင်း သေဆုံးသူ(၄)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၂၀)ဦးထက်မနည်းရှိခဲ့ပြီး ၎င်းတို့အား မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓာဝီဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕၌ ကားေလး(၄)စီးဆင့္တိုက္မႈျဖစ္ပြားခဲ့ရာ အသက္(၂)ႏွစ္အ႐ြယ္ ကေလးငယ္အပါဝင္(၄)ဦးေသဆုံးခဲ့ၿပီး လူ(၂၀)ေက်ာ္ထိခိုက္ဒဏ္ရာရ
သန႔္ဇင္(NP News) - ေအာက္တိုဘာ ၇
ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္တြင္ ကားေလး(၄)စီးဆင့္တိုက္မႈေၾကာင့္ အသက္(၂)ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦးအပါဝင္ အမ်ိဳးသမီး(၄)ဦးေသဆုံးသြားခဲ့ၿပီး လူေပါင္း(၂၀)ေက်ာ္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ပုလဲအရံမီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။
ယာဥ္တိုက္မႈသည္ ယေန႔(ေအာက္တိုဘာလ ၇ရက္)၊ နံနက္ ၇နာရီ ၁၅မိနစ္အခ်ိန္တြင္ မဂၤလာဒုံၿမိဳ႕နယ္၊ အမွတ္(၃)လမ္းမႀကီး၊ PT Power ဓာတ္ဆီဆိုင္ေရွ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“Light Truck က PT Power ဆီဆိုင္ေရွ႕မွာေကြ႕ဖိုလုပ္ေနရင္းကေန ႐ုတ္တရက္ ရပ္လိုက္ေတာ့ သူေနာက္မွာကပ္ပါလာတဲ့ ZKG အထည္ခ်ဳပ္စက္႐ုံက ဖယ္ရီကားက တိုက္မိမွာစိုးလို႔ ဘရိတ္အုပ္လိုက္တာမွာ အဲဒီဖယ္ရီကားေနာက္မွာလိုက္လာတဲ့ ေ႐ႊမႏၲလာခရီးသည္ကားက ဘရိတ္ေပါက္ၿပီးေတာ့ ဝင္တိုက္ခ်လိုက္တယ္။ အဲလိုတိုက္ခ်လိုက္ေတာ့ ဖယ္ရီကားက ယာဥ္ေၾကာညာဘက္ကို ထြက္သြားၿပီးေတာ့ ခုနတိုက္လိုက္တဲ့ ခရီးသည္တင္ကားက ဘယ္ဘက္ယာဥ္ေၾကာထဲကိုဝင္သြားတာမွာ တစ္ဖက္က လာေနတဲ့ တကၠစီကို မ်က္ႏွာခ်င္းဆိုင္ထပ္တိုက္မိတာေပါ့”ဟု ပုလဲအရန္မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါယာဥ္တိုက္မႈေၾကာင့္ တကၠစီေပၚလိုက္ပါလာသည့္ လူ(၆)ဦးအနက္ အသက္(၂)ႏွစ္အ႐ြယ္ ကေလးငယ္မိန္းကေလးတစ္ဦး၊ အသက္ (၃၀)ႏွစ္ ဝန္းက်င္အမ်ိဳးသမီး(၁)ဦးႏွင့္ အသက္(၆၀)ေက်ာ္ အမ်ိဳးသမီးတစ္ဦးတို႔ေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ၿပီး ၎တကၠစီေပၚရွိ အသက္ (၃၀)ဝန္းက်င္အမ်ိဳးသမီးတစ္ဦးမွာလည္း ေဆး႐ုံအေရာက္၌ထပ္မံ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“Probox တကၠစီေပၚမွာလိုက္ပါလာတဲ့ အသက္(၂)ႏွစ္အ႐ြယ္ကေလးငယ္မိန္းကေလးတစ္ဦးရယ္။ မိခင္ျဖစ္တဲ့သူရယ္။ ဖြားေအျဖစ္သူတို႔ကေတာ့ ေနရာမွာတင္ပြဲခ်င္းၿပီးဆုံးတယ္။ ေခါင္းခန္းထဲမွာလဲ အမ်ိဳးသမီးတစ္ေယာက္ညႇပ္ေနတာနဲ႔ ဆြဲထုတ္လိုက္ေတာ့။ အဲဒီအမ်ိဳးသမီးက ဘယ္ဘက္လက္ေမာင္းက်ိဳးတာေၾကာင့္ ေဆး႐ုံပို႔လိုက္တဲ့အခ်ိန္ နာရီဝက္အၾကာမွာပဲ ေဆး႐ုံမွာဆုံးသြားပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။
အထက္ပါယာဥ္တိုက္မႈအတြင္း ေသဆုံးသူ(၄)ဦးႏွင့္ ထိခိုက္ဒဏ္ရာရရွိသူ (၂၀)ဦးထက္မနည္းရွိခဲ့ၿပီး ၎တို႔အား ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ေမဓာဝီေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။