(၂) နှစ်အတွင်း ကျားဖျန့်လုပ်ငန်းမှာပါဝင်ခဲ့သည့် နိုင်ငံပေါင်း (၅၀)ကျော်က နိုင်ငံခြားသား (၆၇၀၀)ကျော်ကို ထိန်းသိမ်းကာ သက်ဆိုင်ရာ နိုင်ငံသို့ လွှဲပြောင်းပေးထား

 340

သန့်ဇင်(NP News)-အောက်တိုဘာ ၂၉
(၂) နှစ်အတွင်း ကျားဖျန့်လုပ်ငန်းမှာပါဝင်ခဲ့သည့် နိုင်ငံပေါင်း (၅၀)ကျော်က နိုင်ငံခြားသား (၆၇၀၀)ကျော်ကို ထိန်းသိမ်းကာ သက်ဆိုင်ရာ နိုင်ငံသို့ လွှဲပြောင်းပေးထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ယမန်နေ့(အောက်တိုဘာ ၂၈ရက်)က ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့၌ ကျင်းပသော တတိယအကြိမ် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံသို့ တက်ရောက်မိန့်ခွန်းပြောကြားစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေတြိဂံဒေသရှိ တရားမဝင် မူးယစ်ဆေးဝါးလုပ်ငန်းများသည် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းတစ်ခုလုံး ရင်ဆိုင်နေရသည့် အဓိကစိန်ခေါ်မှုများမှ တစ်ရပ်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း နိုင်ငံတကာရာဇဝတ်ဂိုဏ်းများက ထိန်းချုပ်ဆောင်ရွက်နေသည့် အွန်လိုင်းလိမ်လည်မှုများသည် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နယ်စပ်ဒေသများသို့ ရောက်ရှိလာပါကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
အွန်လိုင်းလိမ်လည်မှုလုပ်ဆောင်သည့်ကွန်ရက်ကို တိုက်ဖျက်ရန် မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
မိမိတို့မြန်မာနိုင်ငံအစိုးရအနေဖြင့် (၂) နှစ်အတွင်း အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် နိုင်ငံပေါင်း (၅၂) နိုင်ငံမှ နိုင်ငံခြားသား (၆၇၇၅၁) ဦးအား ထိန်းသိမ်းခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ယခုကဲ့သို့အခြေအနေတွင် မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံသည် ယူရေးရှားဒေသများမှ နိုင်ငံများအကြား ယုံကြည်မှုတည်ဆောက် ရန်နှင့် ဆွေးနွေးတိုင်ပင်ရန်တို့အတွက် တန်ဖိုးမဖြတ်နိုင်သည့် ဆွေးနွေးပွဲစင်္ကြံတစ်ခုဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် မတူကွဲပြားမှုနှင့် နိုင်ငံစုံဗဟုဝင်ရိုး ဆိုင်ရာ ယူရေးရှားပဋိညာဉ်နှင့်ပတ်သက်သည့် အတွေးအခေါ်ကို ကြိုဆိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် ယူရေးရှားစီးပွားရေးဖိုရမ်နှင့် မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံတို့သို့ ပါဝင်တက်ရောက်ခဲ့ကြောင်းနှင့် ထိုသို့ပါဝ င်ခြင်းဖြင့် မြန်မာနိုင်ငံအနေဖြင့် အပြန်အလှန်နားလည်မှုတည်ဆောက်ရေး၊ ဒေသ တွင်းတည်ငြိမ်မှုရရှိစေရေး၊ ယူရေးရှားဒေသတစ်ခွင် ငြိမ်းချမ်းသာယာဝပြောရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရာတွင် အကျိုးပြုနိုင်ရန် ရည်ရွယ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမအစီအစဉ်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း၊ အာဆီယံ၊ ဘင်းမ်စတက်နှင့် အခြားဒေသတွင်း အဖွဲ့အစည်းများမှတစ်ဆင့် ဒေသတွင်း မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအခြေအနေနှင့် ကိုက်ညီသည့် ရည်မှန်းချက်များကို အကောင်အထည်ဖော်လျက်ရှိပြီး ဒီဇင်ဘာလ ၂၈ ရက်တွင် အထွေထွေရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်လျက်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
လက်နက်ကိုင်ပဋိပက္ခများကိုလည်း ဆွေးနွေးမှုများနှင့် ညှိနှိုင်းမှုများမှတစ်ဆင့် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဆက်လက်ဖြေရှင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် ယူရေးရှားဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ပံ့ပိုးသွားရန် အဆင်သင့်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

Zawgyi Version:
(၂) ႏွစ္အတြင္း က်ားဖ်န႔္လုပ္ငန္းမွာပါဝင္ခဲ့သည့္ ႏိုင္ငံေပါင္း (၅၀)ေက်ာ္က ႏိုင္ငံျခားသား (၆၇၀၀)ေက်ာ္ကို ထိန္းသိမ္းကာ သက္ဆိုင္ရာ ႏိုင္ငံသို႔ လႊဲေျပာင္းေပးထား
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၂၉
(၂) ႏွစ္အတြင္း က်ားဖ်န႔္လုပ္ငန္းမွာပါဝင္ခဲ့သည့္ ႏိုင္ငံေပါင္း (၅၀)ေက်ာ္က ႏိုင္ငံျခားသား (၆၇၀၀)ေက်ာ္ကို ထိန္းသိမ္းကာ သက္ဆိုင္ရာ ႏိုင္ငံသို႔ လႊဲေျပာင္းေပးထားေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးသန္းေဆြက ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ျပည္ေထာင္စုဝန္ႀကီး ဦးသန္းေဆြက ယမန္ေန႔(ေအာက္တိုဘာ ၂၈ရက္)က ဘယ္လာ႐ုစ္ႏိုင္ငံ မင့္စ္ၿမိဳ႕၌ က်င္းပေသာ တတိယအႀကိမ္ ယူေရးရွားေဒသလုံၿခဳံေရးဆိုင္ရာ မင့္စ္ႏိုင္ငံတကာအဆင့္ျမင့္ညီလာခံသို႔ တက္ေရာက္မိန႔္ခြန္းေျပာၾကားစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေ႐ႊႀတိဂံေဒသရွိ တရားမဝင္ မူးယစ္ေဆးဝါးလုပ္ငန္းမ်ားသည္ ျမန္မာႏိုင္ငံအပါအဝင္ ေဒသတြင္းတစ္ခုလုံး ရင္ဆိုင္ေနရသည့္ အဓိကစိန္ေခၚမႈမ်ားမွ တစ္ရပ္ျဖစ္ပါေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ကိုဗစ္-၁၉ ကပ္ေရာဂါကာလအတြင္း ႏိုင္ငံတကာရာဇဝတ္ဂိုဏ္းမ်ားက ထိန္းခ်ဳပ္ေဆာင္႐ြက္ေနသည့္ အြန္လိုင္းလိမ္လည္မႈမ်ားသည္ တိုင္းရင္းသားလက္နက္ကိုင္မ်ား ထိန္းခ်ဳပ္ထားသည့္ နယ္စပ္ေဒသမ်ားသို႔ ေရာက္ရွိလာပါေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့သည္။
အြန္လိုင္းလိမ္လည္မႈလုပ္ေဆာင္သည့္ကြန္ရက္ကို တိုက္ဖ်က္ရန္ ျမန္မာႏိုင္ငံအေနျဖင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္ၾကသည့္ တ႐ုတ္ႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔ႏွင့္ နီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိပါေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
မိမိတို႔ျမန္မာႏိုင္ငံအစိုးရအေနျဖင့္ (၂) ႏွစ္အတြင္း အြန္လိုင္းလိမ္လည္မႈတြင္ပါဝင္ခဲ့သည့္ ႏိုင္ငံေပါင္း (၅၂) ႏိုင္ငံမွ ႏိုင္ငံျခားသား (၆၇၇၅၁) ဦးအား ထိန္းသိမ္းခဲ့ၿပီး သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ျပန္လည္လႊဲေျပာင္းေပးခဲ့ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ယခုကဲ့သို႔အေျခအေနတြင္ မင့္စ္ႏိုင္ငံတကာအဆင့္ျမင့္ညီလာခံသည္ ယူေရးရွားေဒသမ်ားမွ ႏိုင္ငံမ်ားအၾကား ယုံၾကည္မႈတည္ေဆာက္ ရန္ႏွင့္ ေဆြးေႏြးတိုင္ပင္ရန္တို႔အတြက္ တန္ဖိုးမျဖတ္ႏိုင္သည့္ ေဆြးေႏြးပြဲစႀကႍတစ္ခုျဖစ္ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ျမန္မာႏိုင္ငံအေနျဖင့္ မတူကြဲျပားမႈႏွင့္ ႏိုင္ငံစုံဗဟုဝင္႐ိုး ဆိုင္ရာ ယူေရးရွားပဋိညာဥ္ႏွင့္ပတ္သက္သည့္ အေတြးအေခၚကို ႀကိဳဆိုေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ျမန္မာႏိုင္ငံအေနျဖင့္ ယူေရးရွားစီးပြားေရးဖိုရမ္ႏွင့္ မင့္စ္ႏိုင္ငံတကာအဆင့္ျမင့္ညီလာခံတို႔သို႔ ပါဝင္တက္ေရာက္ခဲ့ေၾကာင္းႏွင့္ ထိုသို႔ပါဝ င္ျခင္းျဖင့္ ျမန္မာႏိုင္ငံအေနျဖင့္ အျပန္အလွန္နားလည္မႈတည္ေဆာက္ေရး၊ ေဒသ တြင္းတည္ၿငိမ္မႈရရွိေစေရး၊ ယူေရးရွားေဒသတစ္ခြင္ ၿငိမ္းခ်မ္းသာယာဝေျပာေရးတို႔အတြက္ ပူးေပါင္းေဆာင္႐ြက္ရာတြင္ အက်ိဳးျပဳႏိုင္ရန္ ရည္႐ြယ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ျမန္မာႏိုင္ငံအေနျဖင့္ ရပ္ဝန္းႏွင့္ ပိုးလမ္းမအစီအစဥ္၊ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕အစည္း၊ အာဆီယံ၊ ဘင္းမ္စတက္ႏွင့္ အျခားေဒသတြင္း အဖြဲ႕အစည္းမ်ားမွတစ္ဆင့္ ေဒသတြင္း မိတ္ဖက္ႏိုင္ငံမ်ားႏွင့္ ပူးေပါင္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့သည္။
ျမန္မာႏိုင္ငံအေနျဖင့္ ႏိုင္ငံအေျခအေနႏွင့္ ကိုက္ညီသည့္ ရည္မွန္းခ်က္မ်ားကို အေကာင္အထည္ေဖာ္လ်က္ရွိၿပီး ဒီဇင္ဘာလ ၂၈ ရက္တြင္ အေထြေထြေ႐ြးေကာက္ပြဲက်င္းပရန္ ျပင္ဆင္လ်က္ရွိေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ထည့္သြင္းေျပာၾကားခဲ့သည္။
လက္နက္ကိုင္ပဋိပကၡမ်ားကိုလည္း ေဆြးေႏြးမႈမ်ားႏွင့္ ညႇိႏႈိင္းမႈမ်ားမွတစ္ဆင့္ ၿငိမ္းခ်မ္းေသာနည္းလမ္းျဖင့္ ဆက္လက္ေျဖရွင္း ေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ျမန္မာႏိုင္ငံအေနျဖင့္ ယူေရးရွားေဒသ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ၿငိမ္းခ်မ္းေရးႏွင့္ သာယာဝေျပာေရးအတြက္ ပံ့ပိုးသြားရန္ အဆင္သင့္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

Related news

© 2021. All rights reserved.