စာပေ နှင့် အနုပညာ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေများယခုလကုန်တွင် စတင်အာဏာတည်မည်

 560

NP News - အောက်တိုဘာ ၁၉

စာပေ နှင့် အနုပညာ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေများ ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်တွင် စတင်အာဏာတည်မည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၈ ရက် ရက်စွဲဖြင့် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုးထုတ်ပြန်လိုက်သည်။

“အခုလိုစာပေအနုပညာနဲ့ စက်မှုဒီဇိုင်းတွေကိုပါ မူပိုင်ခွင့် ရလာရင်၊ စီးပွားရေးဖွံဖြိုးတိုးတက်ဖို့အတွက် အသုံးဝင်ပါတယ်။ အရင်က မြန်မာနိုင်ငံမှာမူပိုင်ခွင့်ဥပဒေတွေ တိတိကျကျမရှိတော့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ အခက် အခဲရှိတယ်။ နောင်ကာလတွေမှာတော့ မူပိုင်ခွင့်ဥပဒေတွေရှိလာလို့ လွယ်ကူလာမှာပါ” ဟု ကုန်သည်စက်မှု အသင်းချုပ်မှ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေပညာရှင်တစ်ဦးက NP News ကို ပြောသည်။

မြန်မာနိုင်ငံသည်အာဆီယံဆိုင်ရာမူပိုင်ခွင့် စည်မျဉ်းများကို သဘောတူလတ်မှတ်ရေးထိုးထားပြီးဖြစ်ရာ အာဆီယံသဘောတူညီချက်အရ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများရရှိနိုင်မည်ဖြစ် ကြောင်း သိရသည်။

မူပိုင်ခွင့်များနှင့်ပတ်သတ်သည့် လုပ်ထုံးလုပ်နည်းများနှင့် မှတ်ပုံတင်ရန်လုပ်ငန်းစဉ်များကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မူပိုင်ခွင့်ဌာနခွဲ၌ ဝန်ဆောင်မှုများရယူနိုင်ကြောင်းသိရသည်။

zawgyi version
စာေပ ႏွင့္ အႏုပညာ၊ စက္မႈဒီဇိုင္း မူပိုင္ခြင့္ဥပေဒမ်ားယခုလကုန္တြင္ စတင္အာဏာတည္မည္
NP News - ေအာက္တိုဘာ ၁၉

စာေပ ႏွင့္ အႏုပညာ၊ စက္မႈဒီဇိုင္းမူပိုင္ခြင့္ဥပေဒမ်ား ၂ဝ၂၃ ခုႏွစ္ ေအာက္တိုဘာလ ၃၁ ရက္တြင္ စတင္အာဏာတည္မည္ျဖစ္ေၾကာင္း ေအာက္တိုဘာလ ၁၈ ရက္ ရက္စြဲျဖင့္ နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က လက္မွတ္ေရးထိုးထုတ္ျပန္လိုက္သည္။

“အခုလိုစာေပအႏုပညာနဲ႔ စက္မႈဒီဇိုင္းေတြကိုပါ မူပိုင္ခြင့္ ရလာရင္၊ စီးပြားေရးဖြံၿဖိဳးတိုးတက္ဖို႔အတြက္ အသုံးဝင္ပါတယ္။ အရင္က ျမန္မာႏိုင္ငံမွာမူပိုင္ခြင့္ဥပေဒေတြ တိတိက်က်မရွိေတာ့ ႏိုင္ငံျခားက ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ဝင္လာဖို႔ အခက္ အခဲရွိတယ္။ ေနာင္ကာလေတြမွာေတာ့ မူပိုင္ခြင့္ဥပေဒေတြရွိလာလို႔ လြယ္ကူလာမွာပါ” ဟု ကုန္သည္စက္မႈ အသင္းခ်ဳပ္မွ မူပိုင္ခြင့္ဆိုင္ရာ ဥပေဒပညာရွင္တစ္ဦးက NP News ကို ေျပာသည္။

ျမန္မာႏိုင္ငံသည္အာဆီယံဆိုင္ရာမူပိုင္ခြင့္ စည္မ်ဥ္းမ်ားကို သေဘာတူလတ္မွတ္ေရးထိုးထားၿပီးျဖစ္ရာ အာဆီယံသေဘာတူညီခ်က္အရ ကုန္သြယ္ေရးႏွင့္ရင္းႏွီးျမႇဳပ္ႏွံမႈ အခြင့္အလမ္းမ်ားရရွိႏိုင္မည္ျဖစ္ ေၾကာင္း သိရသည္။

မူပိုင္ခြင့္မ်ားႏွင့္ပတ္သတ္သည့္ လုပ္ထုံးလုပ္နည္းမ်ားႏွင့္ မွတ္ပုံတင္ရန္လုပ္ငန္းစဥ္မ်ားကို စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနလက္ေအာက္ရွိ မူပိုင္ခြင့္ဌာနခြဲ၌ ဝန္ေဆာင္မႈမ်ားရယူႏိုင္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.