ပြစ်ဒဏ်များပယ်ဖျက်ခံရသော ဒေါက်တာအေးမောင်အနေဖြင့် စစ်တွေ မဲဆန္ဒနယ်မှ ယှဉ်ပြိုင်ရန်လျာထား

325

သက်ပိုင် (NP News) - စက်တင်ဘာ ၁၂
ပြစ်ဒဏ်များ ပယ်ဖျက်ခံရသည့် ရခိုင့်ဦးဆောင်ပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအေးမောင်အနေဖြင့် စစ်တွေမဲဆန္ဒနယ်မှ အမျိုသားလွှတ်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားကြောင်း NP News သို့ပြောသည်။
“လက်ရှိမှာ စစ်တွေမြို့နယ်ကနေပြီးတော့ ဝင်ပြိုင်မယ်လို့ အကြမ်းဖျင်း လျာထားပါတယ်။ (၁၇) ရက်နေ့မှ တင်မှာပေါ့။ အမျိုးသားလွှတ်တော်ကိုတော့ ရည်မှန်းထားပါတယ်။ အမျိုးသားဖြစ်ဖို့ များပါတယ်။အဲဒီလိုပဲ ပါတီအတွင်းမှာ ကျွန်တော်တို့ ညှိနှိုင်းထားကြပါတယ်” ဟု ဒေါက်တာအေးမောင်က ဆိုသည်။
ထို့အပြင် မိမိတို့အနေဖြင့် လွှတ်တော်သုံးရပ်လုံးတွင် ပါဝင်နိုင်ရေးအတွက် ဆောင်ရွက်နေပြီး မည်သူက မည်သည့်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ကို လတ်တလောတွင် ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ပြောသည်။
“ဘယ်သူက ဘယ်မြို့နယ်မှာ ပြိုင်မယ်ဆိုတာကိုတော့ တိတိကျကျပြောဖို့ ခက်ပါသေးတယ်။ ကျွန်တော်တို့မှာလည်း ဒီကြားထဲမှာ တည်ဆောက်ဆဲဖြစ်နေပါတယ်။ နည်းနည်းလေး တိုးလာလိုက်၊ ပြန်လျော့သွားလိုက်ဖြစ်နေပါတယ်။ မိသားစုနဲ့ပြန်တိုင်ပင်တဲ့အခါ နေပါဦး၊ မပြိုင်ပါနဲ့ဦးဆိုတာမျိုးဖြစ်နေပါတယ်။ သတ္တိရှိတဲ့သူတွေလည်း ရှိလာပါတယ်။ နာမည်ပေးထားပြီးတော့မှ မိသားစုနဲ့ သွားတိုင်ပင်တဲ့အခါ မိသားစုက ခဏလောက် မပြိုင်ပါနဲ့အုန်းဆိုတာကြောင့် မပါဖြစ်တော့တာတွေ စသည်ဖြင့်ပေါ့။ ကြားထဲမှာလည်း ဒီလိုလူတွေ ပြန်ပါလာတာမျိုးတွေလည်းရှိတာပေါ့” ဟု ဒေါက်တာအေးမောင်က ရှင်းပြသည်။
ဒေါက်တာအေးမောင်သည် ပြီးခဲ့သည့် NLD အစိုးရလက်ထက်က ရခိုင်ပြည်နယ်အတွင်း ဟောပြောပွဲတစ်ခု၌ ဟောပြောချက်များအရ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရပြီး (၂၀၂၁) ခုနှစ် နိုင်ငံရေးအပြောင်းအလဲတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် ၎င်း၏ ပြစ်ဒဏ်များအား ယာယီသမ္မတ အမိန့်ဖြင့် ခြွင်းချက်မရှိ လွတ်ငြိမ်းခွင့်ပြုကြောင်း ယမန်နေ့(စက်တင်ဘာလ ၁၁) ရက်တွင် အမိန့်ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

Zawgyi Version:
ျပစ္ဒဏ္မ်ားပယ္ဖ်က္ခံရေသာ ေဒါက္တာေအးေမာင္အေနျဖင့္ စစ္ေတြ မဲဆႏၵနယ္မွ ယွဥ္ၿပိဳင္ရန္လ်ာထား
သက္ပိုင္ (NP News) - စက္တင္ဘာ ၁၂
ျပစ္ဒဏ္မ်ား ပယ္ဖ်က္ခံရသည့္ ရခိုင့္ဦးေဆာင္ပါတီ၏ ဥကၠ႒ျဖစ္သူ ေဒါက္တာေအးေမာင္အေနျဖင့္ စစ္ေတြမဲဆႏၵနယ္မွ အမ်ိဳသားလႊတ္ေတာ္တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ လ်ာထားေၾကာင္း NP News သို႔ေျပာသည္။
“လက္ရွိမွာ စစ္ေတြၿမိဳ႕နယ္ကေနၿပီးေတာ့ ဝင္ၿပိဳင္မယ္လို႔ အၾကမ္းဖ်င္း လ်ာထားပါတယ္။ (၁၇) ရက္ေန႔မွ တင္မွာေပါ့။ အမ်ိဳးသားလႊတ္ေတာ္ကိုေတာ့ ရည္မွန္းထားပါတယ္။ အမ်ိဳးသားျဖစ္ဖို႔ မ်ားပါတယ္။အဲဒီလိုပဲ ပါတီအတြင္းမွာ ကြၽန္ေတာ္တို႔ ညႇိႏႈိင္းထားၾကပါတယ္” ဟု ေဒါက္တာေအးေမာင္က ဆိုသည္။
ထို႔အျပင္ မိမိတို႔အေနျဖင့္ လႊတ္ေတာ္သုံးရပ္လုံးတြင္ ပါဝင္ႏိုင္ေရးအတြက္ ေဆာင္႐ြက္ေနၿပီး မည္သူက မည္သည့္မဲဆႏၵနယ္မွ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ကို လတ္တေလာတြင္ ေျပာဆိုႏိုင္ျခင္းမရွိေသးေၾကာင္း ၎က ေျပာသည္။
“ဘယ္သူက ဘယ္ၿမိဳ႕နယ္မွာ ၿပိဳင္မယ္ဆိုတာကိုေတာ့ တိတိက်က်ေျပာဖို႔ ခက္ပါေသးတယ္။ ကြၽန္ေတာ္တို႔မွာလည္း ဒီၾကားထဲမွာ တည္ေဆာက္ဆဲျဖစ္ေနပါတယ္။ နည္းနည္းေလး တိုးလာလိုက္၊ ျပန္ေလ်ာ့သြားလိုက္ျဖစ္ေနပါတယ္။ မိသားစုနဲ႔ျပန္တိုင္ပင္တဲ့အခါ ေနပါဦး၊ မၿပိဳင္ပါနဲ႔ဦးဆိုတာမ်ိဳးျဖစ္ေနပါတယ္။ သတၱိရွိတဲ့သူေတြလည္း ရွိလာပါတယ္။ နာမည္ေပးထားၿပီးေတာ့မွ မိသားစုနဲ႔ သြားတိုင္ပင္တဲ့အခါ မိသားစုက ခဏေလာက္ မၿပိဳင္ပါနဲ႔အုန္းဆိုတာေၾကာင့္ မပါျဖစ္ေတာ့တာေတြ စသည္ျဖင့္ေပါ့။ ၾကားထဲမွာလည္း ဒီလိုလူေတြ ျပန္ပါလာတာမ်ိဳးေတြလည္းရွိတာေပါ့” ဟု ေဒါက္တာေအးေမာင္က ရွင္းျပသည္။
ေဒါက္တာေအးေမာင္သည္ ၿပီးခဲ့သည့္ NLD အစိုးရလက္ထက္က ရခိုင္ျပည္နယ္အတြင္း ေဟာေျပာပြဲတစ္ခု၌ ေဟာေျပာခ်က္မ်ားအရ ႏိုင္ငံေတာ္သစၥာေဖာက္ဖ်က္မႈျဖင့္ ႏွစ္ရွည္ေထာင္ဒဏ္က်ခံခဲ့ရၿပီး (၂၀၂၁) ခုႏွစ္ ႏိုင္ငံေရးအေျပာင္းအလဲတြင္ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ ျပန္လည္လြတ္ေျမာက္လာခဲ့ၿပီးေနာက္ ႏိုင္ငံေတာ္ကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ၏ ေထာက္ခံခ်က္ျဖင့္ ၎၏ ျပစ္ဒဏ္မ်ားအား ယာယီသမၼတ အမိန႔္ျဖင့္ ႁခြင္းခ်က္မရွိ လြတ္ၿငိမ္းခြင့္ျပဳေၾကာင္း ယမန္ေန႔(စက္တင္ဘာလ ၁၁) ရက္တြင္ အမိန႔္ထုတ္ျပန္ခဲ့ျခင္းလည္းျဖစ္သည္။