မြောက်ကိုရီးယားနိုင်ငံမှထွက်ပြေးလာသည်ဟု ယူဆရသူများလိုက်ပါလာသည့် သင်္ဘောကို တောင်ကိုရီးယားအာဏာပိုင်များဖမ်းဆီး

 5024

Pika (NP News) - အောက်တိုဘာ ၂၄

တောင်ကိုရီးယား အာဏာပိုင်များသည် ယနေ့ (အောက်တိုဘာလ ၂၄ ရက်)တွင် မြောက်ကိုရီးယားနိုင်ငံမှ ထွက်ပြေးလာသည်ဟု ယူဆရသူများသယ်ဆောင်လာသော မြောက်ကိုရီးယားသင်္ဘောတစ်စီးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။

အဆိုပါသစ်သားသင်္ဘောကို မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားနိုင်ငံကြားရှိ Northern Limit Line အနီးတွင် တွေ့ရှိခဲ့ပြီးနောက် တောင်ကိုရီးယားအရှေ့ဘက်ရှိ Sokcho မြို့အနီးတွင် ရပ်တန့်သွားခဲ့ကြောင်း တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံးက ပြောကြားခဲ့သည်။ အဆိုပါသင်္ဘောပေါ်တွင် လိုက်ပါလာသူမည်မျှရှိသည်ဆိုသည့်အချက်ကို တောင်ကိုရီးယားစစ်တပ်က ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်းသိရသည်။ သို့သော်လည်း Yonhap သတင်းအေဂျင်စီက အဆိုပါသင်္ဘောပေါ်တွင် မြောက်ကိုရီးယားနိုင်ငံသားလေးဦးလိုက်ပါလာပြီး ၎င်းတို့လေးဦးသည် မြောက်ကိုရီးယားနိုင်ငံမှ ထွက်ပြေးလိုကြောင်း ပြောဆိုခဲ့သည်ဟု ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်မေလတွင် မြောက်ကိုရီးယားနိုင်ငံ အနောက်ဘက်ရှိ ပင်လယ်ပြင် နယ်နမိတ်ကို မြောက်ကိုရီးယားနိုင်ငံသား(၉)ဦးလိုက်ပါလာသော ငါးဖမ်းစက်လှေတစ်စီး ကျူးကျော်ဝင်ရောက်လာဖူးကြောင်းသိရသည်။ ယခုဖြစ်ရပ်သည် မြောက်ကိုရီးယားနိုင်ငံသားများ၏ ဒုတိယအကြိမ်မြောက် ပင်လယ်နယ်နိမိတ်ဖြတ်ကျော်ဝင်ရောက်လာခြင်းဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံမှ ထွက်ပြေးလာသူများသည် မြောက်ကိုရီးယားနှင့်တောင်ကိုရီးယားကြားရှိ အစောင့်အကြပ်ထူထပ်သော နယ်စပ်ကို ဖြတ်ကျော်ရန် ကြိုးပမ်းခြင်းထက် တရုတ်နှင့် အရှေ့တောင်အာရှကို ဖြတ်သန်းလာကြခြင်းဖြစ်ကြောင်းသိရသည်။

zawgyi version
ေျမာက္ကိုရီးယားႏိုင္ငံမွထြက္ေျပးလာသည္ဟု ယူဆရသူမ်ားလိုက္ပါလာသည့္ သေဘၤာကို ေတာင္ကိုရီးယားအာဏာပိုင္မ်ားဖမ္းဆီး
Pika (NP News) - ေအာက္တိုဘာ ၂၄

ေတာင္ကိုရီးယား အာဏာပိုင္မ်ားသည္ ယေန႔ (ေအာက္တိုဘာလ ၂၄ ရက္)တြင္ ေျမာက္ကိုရီးယားႏိုင္ငံမွ ထြက္ေျပးလာသည္ဟု ယူဆရသူမ်ားသယ္ေဆာင္လာေသာ ေျမာက္ကိုရီးယားသေဘၤာတစ္စီးကို ဖမ္းဆီးထိန္းသိမ္းခဲ့ေၾကာင္း ေတာင္ကိုရီးယားစစ္တပ္က ေျပာၾကားခဲ့သည္။

အဆိုပါသစ္သားသေဘၤာကို ေျမာက္ကိုရီးယားႏွင့္ ေတာင္ကိုရီးယားႏိုင္ငံၾကားရွိ Northern Limit Line အနီးတြင္ ေတြ႕ရွိခဲ့ၿပီးေနာက္ ေတာင္ကိုရီးယားအေရွ႕ဘက္ရွိ Sokcho ၿမိဳ႕အနီးတြင္ ရပ္တန႔္သြားခဲ့ေၾကာင္း ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္မ်ား႐ုံးက ေျပာၾကားခဲ့သည္။ အဆိုပါသေဘၤာေပၚတြင္ လိုက္ပါလာသူမည္မွ်ရွိသည္ဆိုသည့္အခ်က္ကို ေတာင္ကိုရီးယားစစ္တပ္က ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္းလည္းသိရသည္။ သို႔ေသာ္လည္း Yonhap သတင္းေအဂ်င္စီက အဆိုပါသေဘၤာေပၚတြင္ ေျမာက္ကိုရီးယားႏိုင္ငံသားေလးဦးလိုက္ပါလာၿပီး ၎တို႔ေလးဦးသည္ ေျမာက္ကိုရီးယားႏိုင္ငံမွ ထြက္ေျပးလိုေၾကာင္း ေျပာဆိုခဲ့သည္ဟု ေဖာ္ျပခဲ့သည္။

ၿပီးခဲ့သည့္ေမလတြင္ ေျမာက္ကိုရီးယားႏိုင္ငံ အေနာက္ဘက္ရွိ ပင္လယ္ျပင္ နယ္နမိတ္ကို ေျမာက္ကိုရီးယားႏိုင္ငံသား(၉)ဦးလိုက္ပါလာေသာ ငါးဖမ္းစက္ေလွတစ္စီး က်ဴးေက်ာ္ဝင္ေရာက္လာဖူးေၾကာင္းသိရသည္။ ယခုျဖစ္ရပ္သည္ ေျမာက္ကိုရီးယားႏိုင္ငံသားမ်ား၏ ဒုတိယအႀကိမ္ေျမာက္ ပင္လယ္နယ္နိမိတ္ျဖတ္ေက်ာ္ဝင္ေရာက္လာျခင္းျဖစ္သည္။ ေျမာက္ကိုရီးယားႏိုင္ငံမွ ထြက္ေျပးလာသူမ်ားသည္ ေျမာက္ကိုရီးယားႏွင့္ေတာင္ကိုရီးယားၾကားရွိ အေစာင့္အၾကပ္ထူထပ္ေသာ နယ္စပ္ကို ျဖတ္ေက်ာ္ရန္ ႀကိဳးပမ္းျခင္းထက္ တ႐ုတ္ႏွင့္ အေရွ႕ေတာင္အာရွကို ျဖတ္သန္းလာၾကျခင္းျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.