မြောက်ဒဂုံရှိ လမ်းဘေးသစ်ပင်အမြင့်ပေါ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

559
သန့်ဇင် (NP News) - စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ လမ်းဘေးသစ်ပင်အမြင့်ပေါ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
အဆိုပါအမျိုးသား၏ ရုပ်အလောင်းကို ယနေ့(စက်တင်ဘာ ၉ ရက်)၊ နံနက် ၇ နာရီအချိန်ခန့်က ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ၃၇ရပ်ကွက်ရှိ သစ်ပင်ပေါ်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ကို လှမ်းခေါ်လို့သွားတဲ့အခါမှ Body က သစ်ပင်ပေါ်မှာ။ ကျွန်တော်တို့တွေ့တာတော့ မနက် (၇) နာရီလောက်ကပေါ့နော်။ ဆုံးနေတာတော့ ညပိုင်းလောက်တည်းက ဆုံးနေတာဖြစ်မယ်။ Body က တောင့်နေပြီ” ဟု ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
သေဆုံးသူမှာ အသက် (၃၀) နှစ်ဝန်းကျင်အမျိုးသားတစ်ဦးဖြစ်ပြီး သစ်ပင်ပေါ်တွင် ကြိုးဆွဲချသေဆုံးနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို မြောက်ဥက္ကလာဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး မိသားစုနှင့်အဆက်အသွယ်ရရှိရန် ဆက်လက်လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။
Zawgyi Version: