စက်ဘီးနှင့် မော်တော်ဆိုင်ကယ် တာယာများ၊ ကျွတ်များကို နှစ်စဉ် ပြည်ပမှ အမေရိကန်ဒေါ်လာ (၆၅)သန်းဖိုးခန့် တင်သွင်းနေရ

2406

မျိုးကြီး (NP News) - နိုဝင်ဘာ ၁ဝ
ရော်ဘာအခြေခံ ထုတ်ကုန်များဖြစ်သော စက်ဘီးနှင့် မော်တော်ဆိုင်ကယ် တာယာများ၊ ကျွတ်များကို နှစ်စဉ် ပြည်ပ မှ အမေရိကန်ဒေါ်လာ (၆၅)သန်းဖိုးခန့် တင်သွင်းနေရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့တွင် နေပြည်တော်ရှိ MICC-II ၌ ကျင်းပသည့် မြန်မာ ရော်ဘာဖိုရမ်-၂ဝ၂၃ ဖွင့်ပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ရော်ဘာအခြေခံ ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်ရန် အခြေခံကောင်းများရှိသော်လည်း ထုတ်လုပ်မှုကဏ္ဍကို အားပေးမှုမရှိခဲ့ခြင်း၊ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းမရှိခြင်းတို့ကြောင့် ပြည်ပမှ တင်သွင်းနေရမှု များရှိကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
စက်ဘီးနှင့်မော်တော်ဆိုင်ကယ် တာယာများ၊ ကျွတ်များကို နှစ်စဉ်ပျမ်းမျှ အမေရိကန်ဒေါ်လာ (၆၅)သန်းဖိုးခန့် တင်သွင်းနေရပြီး ယင်းထုတ်ကုန်များကို ပြည်တွင်း၌ မဖြစ်မနေထုတ်လုပ်ရန်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းထားသည်။
နိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ် (၉)ခုတွင် ရော်ဘာဧကပေါင်း (၁ ဒသမ ၆၄) သန်း စိုက်ပျိုးထားပြီး အစေးခြစ်ဧက (၁) သန်းနီးပါးမှ ရော်ဘာတန်ချိန် (၃)သိန်းကျော် နှစ်စဉ် ထွက်ရှိကြောင်း သိရသည်။
ထိုသို့ ထွက်ရှိသည့် ရော်ဘာများထဲမှ ပြည်တွင်းသုံးစွဲမှုအနေဖြင့် တန်ချိန်နှစ်သောင်းကျော်ခန့်ရှိပြီး ပြည်ပသို့ တန်ချိန်(၃) သိန်းခန့် တင်ပို့နေလျက်ရှိကြောင်း သိရသည်။
ယခု ၂ဝ၂၃-၂ဝ၂၄ ခုနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် (၄)သိန်းခန့် တင်ပို့နိုင်ရန်အတွက် လျာထားဆောင်ရွက် နေကြောင်းလည်း နစကဘက်က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ရော်ဘာတင်ပို့မှုမှတစ်ဆင့် ၂ဝ၁၈-၂ဝ၁၉ ခုနှစ်မှ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်အတွင်း တစ်နှစ်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ သန်း (၂၅ဝ)မှ (၄၅ဝ)ကြား ရရှိနေကြောင်း သိရသည်။
သို့သော် မြန်မာနိုင်ငံသည် ရော်ဘာစိုက်ပျိုးမှု ရှည်လျားသောသမိုင်းကြောင်းရှိခဲ့သော်လည်း လက်ရှိအခြေအနေ တွင် ရော်ဘာအထွက်နှုန်း နှင့် အရည်အသွေးသည် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အားနည်းနေဆဲဖြစ်သည်။

Zawgyi Version;
စက္ဘီးႏွင့္ ေမာ္ေတာ္ဆိုင္ကယ္ တာယာမ်ား၊ ကြၽတ္မ်ားကို ႏွစ္စဥ္ ျပည္ပမွ အေမရိကန္ေဒၚလာ (၆၅)သန္းဖိုးခန႔္ တင္သြင္းေနရ
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၁ဝ
ေရာ္ဘာအေျခခံ ထုတ္ကုန္မ်ားျဖစ္ေသာ စက္ဘီးႏွင့္ ေမာ္ေတာ္ဆိုင္ကယ္ တာယာမ်ား၊ ကြၽတ္မ်ားကို ႏွစ္စဥ္ ျပည္ပ မွ အေမရိကန္ေဒၚလာ (၆၅)သန္းဖိုးခန႔္ တင္သြင္းေနရေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။
နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယမန္ေန႔တြင္ ေနျပည္ေတာ္ရွိ MICC-II ၌ က်င္းပသည့္ ျမန္မာ ေရာ္ဘာဖိုရမ္-၂ဝ၂၃ ဖြင့္ပြဲအခမ္းအနားတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံတြင္ ေရာ္ဘာအေျခခံ ထုတ္ကုန္ပစၥည္းမ်ားကို ထုတ္လုပ္ရန္ အေျခခံေကာင္းမ်ားရွိေသာ္လည္း ထုတ္လုပ္မႈက႑ကို အားေပးမႈမရွိခဲ့ျခင္း၊ ေဈးကြက္ယွဥ္ၿပိဳင္ႏိုင္စြမ္းမရွိျခင္းတို႔ေၾကာင့္ ျပည္ပမွ တင္သြင္းေနရမႈ မ်ားရွိေၾကာင္း နစကဥကၠ႒က ဆိုသည္။
စက္ဘီးႏွင့္ေမာ္ေတာ္ဆိုင္ကယ္ တာယာမ်ား၊ ကြၽတ္မ်ားကို ႏွစ္စဥ္ပ်မ္းမွ် အေမရိကန္ေဒၚလာ (၆၅)သန္းဖိုးခန႔္ တင္သြင္းေနရၿပီး ယင္းထုတ္ကုန္မ်ားကို ျပည္တြင္း၌ မျဖစ္မေနထုတ္လုပ္ရန္လည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုက္တြန္းထားသည္။
ႏိုင္ငံအတြင္းရွိ တိုင္းႏွင့္ ျပည္နယ္ (၉)ခုတြင္ ေရာ္ဘာဧကေပါင္း (၁ ဒသမ ၆၄) သန္း စိုက္ပ်ိဳးထားၿပီး အေစးျခစ္ဧက (၁) သန္းနီးပါးမွ ေရာ္ဘာတန္ခ်ိန္ (၃)သိန္းေက်ာ္ ႏွစ္စဥ္ ထြက္ရွိေၾကာင္း သိရသည္။
ထိုသို႔ ထြက္ရွိသည့္ ေရာ္ဘာမ်ားထဲမွ ျပည္တြင္းသုံးစြဲမႈအေနျဖင့္ တန္ခ်ိန္ႏွစ္ေသာင္းေက်ာ္ခန႔္ရွိၿပီး ျပည္ပသို႔ တန္ခ်ိန္(၃) သိန္းခန႔္ တင္ပို႔ေနလ်က္ရွိေၾကာင္း သိရသည္။
ယခု ၂ဝ၂၃-၂ဝ၂၄ ခုႏွစ္အတြင္း ျပည္ပသို႔ ေရာ္ဘာတန္ခ်ိန္ (၄)သိန္းခန႔္ တင္ပို႔ႏိုင္ရန္အတြက္ လ်ာထားေဆာင္႐ြက္ ေနေၾကာင္းလည္း နစကဘက္က ထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံအေနျဖင့္ ျပည္ပသို႔ ေရာ္ဘာတင္ပို႔မႈမွတစ္ဆင့္ ၂ဝ၁၈-၂ဝ၁၉ ခုႏွစ္မွ ၂ဝ၂၂-၂ဝ၂၃ ဘ႑ာႏွစ္အတြင္း တစ္ႏွစ္လွ်င္ ပ်မ္းမွ် အေမရိကန္ေဒၚလာ သန္း (၂၅ဝ)မွ (၄၅ဝ)ၾကား ရရွိေနေၾကာင္း သိရသည္။
သို႔ေသာ္ ျမန္မာႏိုင္ငံသည္ ေရာ္ဘာစိုက္ပ်ိဳးမႈ ရွည္လ်ားေသာသမိုင္းေၾကာင္းရွိခဲ့ေသာ္လည္း လက္ရွိအေျခအေန တြင္ ေရာ္ဘာအထြက္ႏႈန္း ႏွင့္ အရည္အေသြးသည္ ထိုင္း၊ အင္ဒိုနီးရွား၊ မေလးရွား၊ ဗီယက္နမ္ႏိုင္ငံမ်ားႏွင့္ ႏႈိင္းယွဥ္ပါက အားနည္းေနဆဲျဖစ္သည္။