စစ်ကိုင်းတွင်စိုက်ပျိုးသော လောင်ဂန်သီးများကို နယ်မြေ အခြေအနေများကြောင့် ဈေးကွက်တင်ပို့ရန် အခက်အခဲရှိနေ

 1347

သန့်ဇင် (NP News) - စက်တင်ဘာလ ၄
စစ်ကိုင်းတိုင်းဒေသကြီးတွင် စီးပွားဖြစ် စိုက်ပျိုးသော စစ်ကိုင်းသီး (ခေါ်) လောင်ဂန်သီးများ ကို နယ်မြေအခြေအနေများကြောင့် ဈေးကွက်အ တွင်းတင်ပို့ရန် အခက်အခဲရှိနေကြောင်း လောင်ဂန် သီးစိုက်ပျိုး၊ ရောင်းချသူများက NP News သို့ပြောသည်။
ဒေသအလိုက် လေချူသီး၊ တရုတ်ဆီးသီး၊ သမင်မျက်လုံးသီး၊ နှင်းသီး၊ လုန်အန်သီး၊ နဂါး မျက် လုံးသီး၊ သကြားသီး၊ တောကြက်မောက်သီး၊ စစ် ကိုင်းသီးနှင့် လောင်ဂန်သီးဟူ၍ အမျိုးမျိုးခေါ်သော အသီးကို စစ်ကိုင်းတိုင်းတွင် အများစု စိုက်ပျိုးကြ ကြောင်း သိရသည်။ လောင်ဂန်သီးသည် ပြည်တွင်း ဈေးကွက်ဝင် အသီးတစ်မျိုးဖြစ်ပြီး လက်ရှိကာလ ပေါက်ဈေးအရ (၁)ကီလိုဂရမ်လျှင် ငွေကျပ် (၁၀ဝဝဝ) ဝန်းကျင်အထိ ပေါက်ဈေးရှိသော်လည်း အ များစုစိုက်ပျိုးသော စစ်ကိုင်းတိုင်းတွင် စိုက်ခင်းများ နည်းပါးလာခြင်းနှင့် နယ်မြေအခြေအနေအခက် အခဲများကြောင့် ဈေးကွက်အတွင်း လိုအပ်သလောက် မဝင်ရောက်နိုင်ဖြစ်နေကြောင်း စိုက်ပျိုး၊ ရောင်းချသူ တစ်ဦးက ဆိုသည်။
“အရင်က ပြင်ဦးလွင်ကဝယ်တယ်။ မန္တ လေးကလည်း ဝယ်ကြတယ်။ အခုနောက်ပိုင်းတော့ စစ်ကိုင်းဘက်က နယ်မြေအခြေအနေတွေကြောင့် ဈေးကွက်ကို ရောက်သင့်သလောက် မရောက်နိုင် တော့ဘူး။ စစ်ကိုင်းတိုင်းက အများဆုံး စိုက်ကြတာ။ စစ်ကိုင်းသီးလို့လည်း ခေါ်တယ်လေ။ ပြင်ဦးလွင်မှာဆို အခုနောက်ပိုင်းမဝင်တာနဲ့ စားသုံးသူကလည်း မမေး ကြတော့ မတင်ဖြစ်တော့ဘူး” ဟု ၎င်းကဆိုသည်။
စစ်ကိုင်းသီး(ခေါ်) လောင်ဂန်သီးကို လက် ရှိတွင် မန္တလေးနှင့် အထက်ပိုင်းဒေသအချို့၌ စိတ် ဝင်စားစိုက်ပျိုးသူများရှိနေကြောင်း သိရသည်။ “ကျွန်မ တို့ကတော့ ကိုင်းကူးပြီး စိုက်ကြတာများတယ်။ မန္တ လေးနယ်တစ်ဝိုက်မှာဆို အိမ်တိုင်းလိုလိုမှာ စိုက်ကြ တာတွေ့တယ်။ တစ်ပိုင်တစ်နိုင် စီးပွားဖြစ်စိုက်ကြ တာလည်း တွေ့ရတယ်။ များသောအားဖြင့် ကျွန်မတို့ အလယ်ပိုင်းဒေသနဲ့ အထက်ပိုင်းဒေသတွေမှာ ပိုပြီး စိုက်လာကြတယ်”ဟု မန္တလေးမြို့မှ စိုက်ပျိုးသူ အမျိုး သမီးတစ်ဦးက ပြောသည်။ လက်ရှိတွင် စစ်ကိုင်း တိုင်းအတွင်း၌ PDF လက်နက်ကိုင်များကြောင့် နယ် မြေဒေသ မငြိမ်မသက်မှုများဖြစ်ပေါ်နေလျက်ရှိရာ လမ်းခရီးတွင် ပိတ်ဆို့ကန့်သက်မှုများကြောင့်လည်း ဒေသတွင်း ကုန်စည်စီးဆင်းမှုများ ယခင်ထက် အား နည်းနေကြောင်း သိရသည်။
စပါးနှင့်ပဲကဲ့သို့ အရေးကြီးသီးနှံများတွင် ပင် နယ်မြေဒေသမအေးချမ်းမှုများကြောင့် ဝယ်လက် အခက်ခဲများနှင့်ရင်ဆိုင်နေရသည့်ကြားမှပင် PDF များ၏ ဂိတ်ကြေးကောက်ခံများကြောင့်လည်း ကုန် ဈေးနှုန်းမြင့်တက်ခြင်းများလည်းရှိနေကြောင်း သိရ သည်။

Zawgyi Version:
စစ္ကိုင္းတြင္စိုက္ပ်ိဳးေသာ ေလာင္ဂန္သီးမ်ားကို နယ္ေျမ အေျခအေနမ်ားေၾကာင့္ ေဈးကြက္တင္ပို႔ရန္ အခက္အခဲရွိေန
သန႔္ဇင္ (NP News) - စက္တင္ဘာလ ၄
စစ္ကိုင္းတိုင္းေဒသႀကီးတြင္ စီးပြားျဖစ္ စိုက္ပ်ိဳးေသာ စစ္ကိုင္းသီး (ေခၚ) ေလာင္ဂန္သီးမ်ား ကို နယ္ေျမအေျခအေနမ်ားေၾကာင့္ ေဈးကြက္အ တြင္းတင္ပို႔ရန္ အခက္အခဲရွိေနေၾကာင္း ေလာင္ဂန္ သီးစိုက္ပ်ိဳး၊ ေရာင္းခ်သူမ်ားက NP News သို႔ေျပာသည္။
ေဒသအလိုက္ ေလခ်ဴသီး၊ တ႐ုတ္ဆီးသီး၊ သမင္မ်က္လုံးသီး၊ ႏွင္းသီး၊ လုန္အန္သီး၊ နဂါး မ်က္ လုံးသီး၊ သၾကားသီး၊ ေတာၾကက္ေမာက္သီး၊ စစ္ ကိုင္းသီးႏွင့္ ေလာင္ဂန္သီးဟူ၍ အမ်ိဳးမ်ိဳးေခၚေသာ အသီးကို စစ္ကိုင္းတိုင္းတြင္ အမ်ားစု စိုက္ပ်ိဳးၾက ေၾကာင္း သိရသည္။ ေလာင္ဂန္သီးသည္ ျပည္တြင္း ေဈးကြက္ဝင္ အသီးတစ္မ်ိဳးျဖစ္ၿပီး လက္ရွိကာလ ေပါက္ေဈးအရ (၁)ကီလိုဂရမ္လွ်င္ ေငြက်ပ္ (၁၀ဝဝဝ) ဝန္းက်င္အထိ ေပါက္ေဈးရွိေသာ္လည္း အ မ်ားစုစိုက္ပ်ိဳးေသာ စစ္ကိုင္းတိုင္းတြင္ စိုက္ခင္းမ်ား နည္းပါးလာျခင္းႏွင့္ နယ္ေျမအေျခအေနအခက္ အခဲမ်ားေၾကာင့္ ေဈးကြက္အတြင္း လိုအပ္သေလာက္ မဝင္ေရာက္ႏိုင္ျဖစ္ေနေၾကာင္း စိုက္ပ်ိဳး၊ ေရာင္းခ်သူ တစ္ဦးက ဆိုသည္။
“အရင္က ျပင္ဦးလြင္ကဝယ္တယ္။ မႏၲ ေလးကလည္း ဝယ္ၾကတယ္။ အခုေနာက္ပိုင္းေတာ့ စစ္ကိုင္းဘက္က နယ္ေျမအေျခအေနေတြေၾကာင့္ ေဈးကြက္ကို ေရာက္သင့္သေလာက္ မေရာက္ႏိုင္ ေတာ့ဘူး။ စစ္ကိုင္းတိုင္းက အမ်ားဆုံး စိုက္ၾကတာ။ စစ္ကိုင္းသီးလို႔လည္း ေခၚတယ္ေလ။ ျပင္ဦးလြင္မွာဆို အခုေနာက္ပိုင္းမဝင္တာနဲ႔ စားသုံးသူကလည္း မေမး ၾကေတာ့ မတင္ျဖစ္ေတာ့ဘူး” ဟု ၎ကဆိုသည္။
စစ္ကိုင္းသီး(ေခၚ) ေလာင္ဂန္သီးကို လက္ ရွိတြင္ မႏၲေလးႏွင့္ အထက္ပိုင္းေဒသအခ်ိဳ႕၌ စိတ္ ဝင္စားစိုက္ပ်ိဳးသူမ်ားရွိေနေၾကာင္း သိရသည္။ “ကြၽန္မ တို႔ကေတာ့ ကိုင္းကူးၿပီး စိုက္ၾကတာမ်ားတယ္။ မႏၲ ေလးနယ္တစ္ဝိုက္မွာဆို အိမ္တိုင္းလိုလိုမွာ စိုက္ၾက တာေတြ႕တယ္။ တစ္ပိုင္တစ္ႏိုင္ စီးပြားျဖစ္စိုက္ၾက တာလည္း ေတြ႕ရတယ္။ မ်ားေသာအားျဖင့္ ကြၽန္မတို႔ အလယ္ပိုင္းေဒသနဲ႔ အထက္ပိုင္းေဒသေတြမွာ ပိုၿပီး စိုက္လာၾကတယ္”ဟု မႏၲေလးၿမိဳ႕မွ စိုက္ပ်ိဳးသူ အမ်ိဳး သမီးတစ္ဦးက ေျပာသည္။ လက္ရွိတြင္ စစ္ကိုင္း တိုင္းအတြင္း၌ PDF လက္နက္ကိုင္မ်ားေၾကာင့္ နယ္ ေျမေဒသ မၿငိမ္မသက္မႈမ်ားျဖစ္ေပၚေနလ်က္ရွိရာ လမ္းခရီးတြင္ ပိတ္ဆို႔ကန႔္သက္မႈမ်ားေၾကာင့္လည္း ေဒသတြင္း ကုန္စည္စီးဆင္းမႈမ်ား ယခင္ထက္ အား နည္းေနေၾကာင္း သိရသည္။
စပါးႏွင့္ပဲကဲ့သို႔ အေရးႀကီးသီးႏွံမ်ားတြင္ ပင္ နယ္ေျမေဒသမေအးခ်မ္းမႈမ်ားေၾကာင့္ ဝယ္လက္ အခက္ခဲမ်ားႏွင့္ရင္ဆိုင္ေနရသည့္ၾကားမွပင္ PDF မ်ား၏ ဂိတ္ေၾကးေကာက္ခံမ်ားေၾကာင့္လည္း ကုန္ ေဈးႏႈန္းျမင့္တက္ျခင္းမ်ားလည္းရွိေနေၾကာင္း သိရ သည္။

Related news

© 2021. All rights reserved.