ရော်ဘာဈေးကို ကမ္ဘာ့ပေါက်ဈေးအတိုင်းရရှိရန် အရည်အသွေး ပြဿနာက အတားအဆီးတစ်ခု ဖြစ်နေဟုဆို

585

Peral (NP News) - စက်တင်ဘာလ ၄
ရော်ဘာဈေးကို ကမ္ဘာ့ပေါက်ဈေးအတိုင်း ရရှိရန် အရည်အသွေးပြဿနာက အတားအဆီး တစ်ခုဖြစ်နေကြောင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်သူ အသင်းမှတာဝန်ရှိသူတစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် ရော်ဘာတစ်တန်လျှင် ဒေါ် လာ (၂၀ဝဝ) နီးပါး ကမ္ဘာ့ပေါက်ဈေးရှိသော်လည်း မြန်မာနိုင်ငံမှ ရော်ဘာတင်ပို့မှုများသည် အရည် အသွေး ပြည့်မီရန် လိုအပ်ချက်များရှိနေသည့်အတွက် ဒေါ်လာ (၁၅၀ဝ)ခန့်သာ ရရှိနေသေးကြောင်းလည်း သိရသည်။ “နိုင်ငံခြားကို ရောင်းရတဲ့ ရော်ဘာဈေးက နိုင်ငံတကာပေါက်ဈေးနဲ့ယှဉ်ရင် ထိုင်းတို့ မလေး ရှားတို့က ရော်ဘာက ကမ္ဘာ့ပေါက်ဈေးနဲ့အညီရတာပေါ့နော်။ ဥပမာ တစ်တန်ကို ဒေါ်လာ (၂၀ဝဝ)ပေါက်တယ်ဆိုရင် သူတို့ကရောင်းလို့ရတယ်။ ထိုင်း ဆို ပေါက်ဈေးအထက်မှာပဲ ရောင်းတယ်။ ဘာကြောင့် လဲဆို သူတို့ရဲ့ရော်ဘာတွေက စီမံခန့်ခွဲမှု ကောင်း တော့ အရည်အသွေးက ကောင်းတယ်။ အရည် အသွေးနောက်က အရေအတွက်က လိုက်ရတယ်။ အများဆုံးဝယ်တာက တာယာကုမ္ပဏီကြီးတွေက ဝယ်တယ်။ သူတို့က စံနှုန်းကိုက်တဲ့ အရည်အသွေးဖြစ် ရမယ်။ ထုတ်သမျှတစ်ပြေးညီဖြစ်ရမှာပေါ့နော်။ မြန်မာ ကျတော့ အရည်အသွေး ပြဿနာက ရှိနေတယ်။ ရှိခဲ့ တော့ အရည်အသွေးကို ထိန်းသိမ်းဖို့၊ မြှင့်တင်ဖို့ အတွက်လည်း ကြိုးစားလာခဲ့တာကြာပြီ။ ထိုက်သင့် သလောက် အောင်မြင်မှုတော့ရတာပေါ့။ ဒါပေမဲ့ ဒီ လောက်နဲ့တင်မရမဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ အရည်အသွေးကောင်းမွန်တဲ့ ရော်ဘာထွက်ဖို့ လို အပ်တာပေါ့” ဟု ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူ အသင်းမှ တာဝန်ရှိသူတစ်ဦးက NP News သို့ပြောသည်။
လုပ်ငန်းရှင်အချို့အနေဖြင့် ရော်ဘာစိုက် ပျိုးထုတ်လုပ်ရာတွင် တန်ချိန်ပိုရရှိရန်အတွက် ဖုန်၊ သဲနှင့် အမှိုက်သရိုက်များကို ရည်ရွယ်ချက်ရှိရှိ မဖယ် ရှားခြင်းမျိုးရှိနေသည့် ရော်ဘာအရည်အသွေးကောင်း မရရှိခြင်းဖြစ်ကြောင်းလည်း သိရသည်။ “တချို့ကျ ပြန်တော့လည်း ရည်ရွယ်ချက်ရှိရှိလုပ်ကြတာ။ ပြောရရင် ဖုန်၊ သဲ၊ ခဲ၊ အမှိုက်သရိုက် တွေ ပါရင် ပေါင် ပိုရတယ်ဆိုတဲ့အတွေးအခေါ် လွဲချော်တဲ့အတွေးအ ခေါ်တွေက ရှိခဲ့တယ်။ အဲဒီတော့ ဈေးနှုန်းကတော့ ပိုမရဘူး။ ပေါင်ပိုရတယ်။ မသမာတဲ့နည်းနဲ့ လုပ်တဲ့သဘောမျိုးလည်းရှိတယ်။ သူတို့အတွေးက တစ်ပေါင်ကို (၁၀ဝ)နဲ့ ရောင်းလို့ရရင် အမှိုက်သရိုက် ပါရင် တစ်ပေါင်ခွဲလောက်ရရင် သူတို့က ပေါင်ဝက်စာ လောက် ပိုက်ဆံပိုရတယ်လို့ သူတို့က တွက်နေကြ တာ။ တကယ်တမ်းက ကိုယ်ရသင့်ရထိုက်တဲ့ ဈေးကို မရတာက နစ်နာနေတာ” ဟု ゞင်းက ဆက်လက်ပြော သည်။ ပြီးခဲ့သည့် (၂၀၂၄- ၂၅) ခုနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် (၃)သိန်းကျော်တင်ပို့ရန် လျာထားဆောင်ရွက်ခဲ့သော် လည်း ရောဂါပိုး တစ်မျိုး နှင့် မိုးကြီးခြင်းတို့ကြောင့် တန်ချိန် (၂)သိန်း (၉)သောင်းကျော်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ယခု (၂၀၂၅- ၂၆) ဘဏ္ဍာနှစ်တွင် ရော်ဘာတန်ချိန် (၃)သိန်းခွဲမှ (၃)သိန်း (၈)သောင်းကြား တင်ပို့ရန် လျာထား ဆောင်ရွက်နေကြောင်းလည်း သိရသည်။
“လက်ရှိထုတ်လုပ်နိုင်တဲ့ ဧကက (၉) သိန်းကျော် ထုတ်လုပ်နိုင်တယ်။ ကျန်တဲ့ ဧကတွေက ထိန်းသိမ်း ဧကတွေနဲ့ လက်လှမ်းမမီတဲ့နေရာတွေ မှာရှိတဲ့ ဧကတွေ။ လက်ရှိ (၉)သိန်းကျော်က ထုတ် လုပ်လိုက်တဲ့ ရော်ဘာက တစ်နှစ် တစ်နှစ်ကို တန်ချိန် (၄)သိန်းလောက် ထုတ်လုပ်နိုင်ပြီဖြစ်တယ်။ အခု (၂၀၂၅ - ၂၆) ဘဏ္ဍာနှစ်မှာ လျာထားတာက တန် ချိန် (၃)သိန်းခွဲကနေ (၃)သိန်း (၈)သောင်းလောက် တင်ပို့နိုင်မယ်လို့ ရည်မှန်းထားတယ်ပေါ့နော်။ ပေါက် ဈေးကတော့ ဈေးကောင်းရဖို့ကို အရည်အသွေး ပြဿနာက အတားအဆီး တစ်ခု ဖြစ်နေတာပေါ့နော်။ နောက် (၂၀၃၀) ကျရင် သတ်မှတ်ချက်နဲ့ အညီထုတ် လုပ်ခြင်း မရှိတဲ့ ရော်ဘာတွေကို ကမ္ဘာ့တာရာ ကုမ္ပဏီ တွေက ဝယ်ယူသုံးစွဲမှု မလုပ်ရဘူးဆိုတဲ့ တားမြစ် ချက်ဖြစ်လာတယ်။ ဝယ်သုံးတဲ့ ကုမ္ပဏီတွေက ထုတ် လုပ်တဲ့ တာရာတွေကို ကမ္ဘာက အသုံးပြုသူတွေက အသုံးမပြုတော့ဘူးဆိုတာတွေ ရှိလာတယ်။ အဲဒါ ကြောင့် (၂၀၃၀) မတိုင်ခင် ထုတ်လုပ်တဲ့ ရော်ဘာ၊ သတ်မှတ်ချက်နဲ့အညီထုတ်လုပ်တဲ့ရော်ဘာဖြစ်ဖို့ အရေးကြီးတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
ေရာ္ဘာေဈးကို ကမာၻ႔ေပါက္ေဈးအတိုင္းရရွိရန္ အရည္အေသြး ျပႆနာက အတားအဆီးတစ္ခု ျဖစ္ေနဟုဆို
Peral (NP News) - စက္တင္ဘာလ ၄
ေရာ္ဘာေဈးကို ကမာၻ႔ေပါက္ေဈးအတိုင္း ရရွိရန္ အရည္အေသြးျပႆနာက အတားအဆီး တစ္ခုျဖစ္ေနေၾကာင္း ေရာ္ဘာစိုက္ပ်ိဳးထုတ္လုပ္သူ အသင္းမွတာဝန္ရွိသူတစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္ ေရာ္ဘာတစ္တန္လွ်င္ ေဒၚ လာ (၂၀ဝဝ) နီးပါး ကမာၻ႔ေပါက္ေဈးရွိေသာ္လည္း ျမန္မာႏိုင္ငံမွ ေရာ္ဘာတင္ပို႔မႈမ်ားသည္ အရည္ အေသြး ျပည့္မီရန္ လိုအပ္ခ်က္မ်ားရွိေနသည့္အတြက္ ေဒၚလာ (၁၅၀ဝ)ခန႔္သာ ရရွိေနေသးေၾကာင္းလည္း သိရသည္။ “ႏိုင္ငံျခားကို ေရာင္းရတဲ့ ေရာ္ဘာေဈးက ႏိုင္ငံတကာေပါက္ေဈးနဲ႔ယွဥ္ရင္ ထိုင္းတို႔ မေလး ရွားတို႔က ေရာ္ဘာက ကမာၻ႔ေပါက္ေဈးနဲ႔အညီရတာေပါ့ေနာ္။ ဥပမာ တစ္တန္ကို ေဒၚလာ (၂၀ဝဝ)ေပါက္တယ္ဆိုရင္ သူတို႔ကေရာင္းလို႔ရတယ္။ ထိုင္း ဆို ေပါက္ေဈးအထက္မွာပဲ ေရာင္းတယ္။ ဘာေၾကာင့္ လဲဆို သူတို႔ရဲ႕ေရာ္ဘာေတြက စီမံခန႔္ခြဲမႈ ေကာင္း ေတာ့ အရည္အေသြးက ေကာင္းတယ္။ အရည္ အေသြးေနာက္က အေရအတြက္က လိုက္ရတယ္။ အမ်ားဆုံးဝယ္တာက တာယာကုမၸဏီႀကီးေတြက ဝယ္တယ္။ သူတို႔က စံႏႈန္းကိုက္တဲ့ အရည္အေသြးျဖစ္ ရမယ္။ ထုတ္သမွ်တစ္ေျပးညီျဖစ္ရမွာေပါ့ေနာ္။ ျမန္မာ က်ေတာ့ အရည္အေသြး ျပႆနာက ရွိေနတယ္။ ရွိခဲ့ ေတာ့ အရည္အေသြးကို ထိန္းသိမ္းဖို႔၊ ျမႇင့္တင္ဖို႔ အတြက္လည္း ႀကိဳးစားလာခဲ့တာၾကာၿပီ။ ထိုက္သင့္ သေလာက္ ေအာင္ျမင္မႈေတာ့ရတာေပါ့။ ဒါေပမဲ့ ဒီ ေလာက္နဲ႔တင္မရမဘူး။ တစ္ႏိုင္ငံလုံး အတိုင္းအတာ နဲ႔ အရည္အေသြးေကာင္းမြန္တဲ့ ေရာ္ဘာထြက္ဖို႔ လို အပ္တာေပါ့” ဟု ေရာ္ဘာ စိုက္ပ်ိဳးထုတ္လုပ္သူ အသင္းမွ တာဝန္ရွိသူတစ္ဦးက NP News သို႔ေျပာသည္။
လုပ္ငန္းရွင္အခ်ိဳ႕အေနျဖင့္ ေရာ္ဘာစိုက္ ပ်ိဳးထုတ္လုပ္ရာတြင္ တန္ခ်ိန္ပိုရရွိရန္အတြက္ ဖုန္၊ သဲႏွင့္ အမႈိက္သ႐ိုက္မ်ားကို ရည္႐ြယ္ခ်က္ရွိရွိ မဖယ္ ရွားျခင္းမ်ိဳးရွိေနသည့္ ေရာ္ဘာအရည္အေသြးေကာင္း မရရွိျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ “တခ်ိဳ႕က် ျပန္ေတာ့လည္း ရည္႐ြယ္ခ်က္ရွိရွိလုပ္ၾကတာ။ ေျပာရရင္ ဖုန္၊ သဲ၊ ခဲ၊ အမႈိက္သ႐ိုက္ ေတြ ပါရင္ ေပါင္ ပိုရတယ္ဆိုတဲ့အေတြးအေခၚ လြဲေခ်ာ္တဲ့အေတြးအ ေခၚေတြက ရွိခဲ့တယ္။ အဲဒီေတာ့ ေဈးႏႈန္းကေတာ့ ပိုမရဘူး။ ေပါင္ပိုရတယ္။ မသမာတဲ့နည္းနဲ႔ လုပ္တဲ့သေဘာမ်ိဳးလည္းရွိတယ္။ သူတို႔အေတြးက တစ္ေပါင္ကို (၁၀ဝ)နဲ႔ ေရာင္းလို႔ရရင္ အမႈိက္သ႐ိုက္ ပါရင္ တစ္ေပါင္ခြဲေလာက္ရရင္ သူတို႔က ေပါင္ဝက္စာ ေလာက္ ပိုက္ဆံပိုရတယ္လို႔ သူတို႔က တြက္ေနၾက တာ။ တကယ္တမ္းက ကိုယ္ရသင့္ရထိုက္တဲ့ ေဈးကို မရတာက နစ္နာေနတာ” ဟု ゞင္းက ဆက္လက္ေျပာ သည္။ ၿပီးခဲ့သည့္ (၂၀၂၄- ၂၅) ခုႏွစ္တြင္ ျပည္ပသို႔ ေရာ္ဘာတန္ခ်ိန္ (၃)သိန္းေက်ာ္တင္ပို႔ရန္ လ်ာထားေဆာင္႐ြက္ခဲ့ေသာ္ လည္း ေရာဂါပိုး တစ္မ်ိဳး ႏွင့္ မိုးႀကီးျခင္းတို႔ေၾကာင့္ တန္ခ်ိန္ (၂)သိန္း (၉)ေသာင္းေက်ာ္သာ တင္ပို႔ႏိုင္ခဲ့ေၾကာင္း သိရသည္။ ယခု (၂၀၂၅- ၂၆) ဘ႑ာႏွစ္တြင္ ေရာ္ဘာတန္ခ်ိန္ (၃)သိန္းခြဲမွ (၃)သိန္း (၈)ေသာင္းၾကား တင္ပို႔ရန္ လ်ာထား ေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။
“လက္ရွိထုတ္လုပ္ႏိုင္တဲ့ ဧကက (၉) သိန္းေက်ာ္ ထုတ္လုပ္ႏိုင္တယ္။ က်န္တဲ့ ဧကေတြက ထိန္းသိမ္း ဧကေတြနဲ႔ လက္လွမ္းမမီတဲ့ေနရာေတြ မွာရွိတဲ့ ဧကေတြ။ လက္ရွိ (၉)သိန္းေက်ာ္က ထုတ္ လုပ္လိုက္တဲ့ ေရာ္ဘာက တစ္ႏွစ္ တစ္ႏွစ္ကို တန္ခ်ိန္ (၄)သိန္းေလာက္ ထုတ္လုပ္ႏိုင္ၿပီျဖစ္တယ္။ အခု (၂၀၂၅ - ၂၆) ဘ႑ာႏွစ္မွာ လ်ာထားတာက တန္ ခ်ိန္ (၃)သိန္းခြဲကေန (၃)သိန္း (၈)ေသာင္းေလာက္ တင္ပို႔ႏိုင္မယ္လို႔ ရည္မွန္းထားတယ္ေပါ့ေနာ္။ ေပါက္ ေဈးကေတာ့ ေဈးေကာင္းရဖို႔ကို အရည္အေသြး ျပႆနာက အတားအဆီး တစ္ခု ျဖစ္ေနတာေပါ့ေနာ္။ ေနာက္ (၂၀၃၀) က်ရင္ သတ္မွတ္ခ်က္နဲ႔ အညီထုတ္ လုပ္ျခင္း မရွိတဲ့ ေရာ္ဘာေတြကို ကမာၻ႔တာရာ ကုမၸဏီ ေတြက ဝယ္ယူသုံးစြဲမႈ မလုပ္ရဘူးဆိုတဲ့ တားျမစ္ ခ်က္ျဖစ္လာတယ္။ ဝယ္သုံးတဲ့ ကုမၸဏီေတြက ထုတ္ လုပ္တဲ့ တာရာေတြကို ကမာၻက အသုံးျပဳသူေတြက အသုံးမျပဳေတာ့ဘူးဆိုတာေတြ ရွိလာတယ္။ အဲဒါ ေၾကာင့္ (၂၀၃၀) မတိုင္ခင္ ထုတ္လုပ္တဲ့ ေရာ္ဘာ၊ သတ္မွတ္ခ်က္နဲ႔အညီထုတ္လုပ္တဲ့ေရာ္ဘာျဖစ္ဖို႔ အေရးႀကီးတာေပါ့” ဟု ၎က ဆက္လက္ေျပာသည္။