ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုလား ရေရှည်တည်တံ့သော အမြတ်ထုတ်မှုလား

 442

သန်းထိုက်စိုး (NP News) - စက်တင်ဘာလ ၄
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် နိုင်ငံရေးပေါင်းစပ်မှုဆိုင်ရာပြောဆိုမှုများအားလုံး၏ နောက်ကွယ်တွင် အမြဲလိုလို အုပ်စုအချို့၏ အကျိုး စီးပွားများ ရှိနေတတ်သည်။ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုသဘောတရားကို နှစ်ပေါင်းများစွာ ကြာအောင် နိုင်ငံတကာပလက်ဖောင်းများ အထူးသ ဖြင့် ကုလသမဂ္ဂတွင် ဝေဝေဆာဆာကြော်ငြာခဲ့ကြ သည်။ (၂၀၁၅ ခုနှစ်၌ကျင်းပသော အဆိုပါအဖွဲ့အ စည်း၏ ထိပ်သီးအစည်းအဝေးတွင် နိုင်ငံပေါင်း (၁၉၃)နိုင်ငံက ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက် မှုပန်းတိုင်(၁၇)ခုကို လက်မှတ်ရေးထိုးခဲ့ရာ ယေ ဘုယျအားဖြင့် ကမ္ဘာကြီးသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍများ ကို ထည့်သွင်းစဉ်းစားသည့်ပုံစံတစ်ခုလိုအပ်ကြောင်း လူတိုင်း သဘောတူခဲ့ကြသည်။)
(၁၉၉၂)ခုနှစ်က ရီယိုဒီဂျနေးရိုးမြို့တွင် ကျင်းပသော ကမ္ဘာ့ထိပ်သီးအစည်းအဝေး၌လည်း ကုလသမဂ္ဂ၏ ကြီးကြပ်မှုအောက်တွင် စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ်များအတွက် အခြေခံအုတ်မြစ်အဖြစ် ရေရှည်တည်တံ့မှုသဘောတ ရားများချမှတ်ခဲ့သည်။ ကုလသမဂ္ဂ၏ ထောင်စုနှစ် ဖွံ့ ဖြိုးရေးပန်းတိုင်များသည်လည်း အဆိုပါသီအိုရီနှင့် တိုက်ရိုက်သက်ဆိုင်သည်။
သဘာဝအရင်းအမြစ်များကို သတိထားစီမံ ခန့်ခွဲရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လို အပ်ကြောင်းကို မည်သူမျှ မငြင်းဆိုကြသော်လည်း ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကိစ္စရပ်များကို ကလော့စ်ရှဝက်ဘ် (Klaus Schwab) တည် ထောင်ခဲ့သော ဒါဗို့စ်ဖိုရမ် (Davos Forum) ကဲ့သို့ သော ဂလိုဘယ်လစ်စ် (globalist) စီမံကိန်းများကိုတက်ကြွစွာမြှင့်တင်နေခြင်းသည် သတိထားစရာဖြစ် သည်။ အလားတူပင် ဂျော့ချ်ဆိုရော့စ် (George Soros) နှင့် ဘီလ်ဂိတ်စ် (Bill Gates) တို့သည် လည်း ၎င်းတို့၏စီမံကိန်းများဖြစ်သော WHO နှင့် အခြားသောအစပျိုးမှုများမှတစ်ဆင့် ကုလသမဂ္ဂ နှင့်ချိတ်ဆက်ကာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုး တက်မှုကို ရေလိုက် ငါးလိုက်ဆိုသကဲ့သို့ ထောက်ခံ အားပေးနေကြသည်။ ထို့ကြောင့် အဆိုပါသီအိုရီနှင့် နည်းစနစ်သည် မည်သို့သောအရာဖြစ်သည်ကို အ သေးစိတ်ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။ ထို့ပြင် မည်သူက အထူးတလည်မြှင့်တင်နေပြီး အဘယ် ကြောင့်ဖြစ်သည်ကိုလည်း ဆန်းစစ်ရန်လိုအပ်သည်။
သမိုင်းကို ပိုမိုနက်ရှိုင်းစွာ လေ့လာကြည့် မည်ဆိုပါက အဆိုပါသဘောတရားသည် ကမ္ဘာ့လူဦး ရေကိုကန့်သတ်ရန်လိုအပ်သည်ဆိုသည့် မယ်လ်သူး ရှန်နယမ် (Malthusianism) သီအိုရီနှင့် (Club of Rome) ခေါ် မွန်ဒီယယ်လစ်စ် (mondialist) အဖွဲ့အစည်းနှင့် တိုက်ရိုက်သက်ဆိုင်သည်။ (၁၉၇၂) ခု နှစ်တွင် ]ရောမကလပ်}သည် ၎င်း၏ ပထမဆုံးအစီ ရင်ခံစာဖြစ်သော တိုးတက်မှုဆီသွားရာတွင် ကြုံတွေ့ ရမည့်အကန့်အသတ် (The Limits to Growth) ကိုထုတ်ပြန်ခဲ့ရာတွင် လူသားများအတွက် အနာဂတ် အခြေအနေအမျိုးမျိုးကိုလေ့လာရန် သင်္ချာပုံစံများဖြင့် အသုံးပြုခဲ့သည်။
ထိုနှစ်တွင်ပင် ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ် (United Nations Environment Program) ကိုဖန်တီးခဲ့ခြင်းသည် မတော်တဆ မဟုတ်ဘဲ အဓိပ္ပာယ်ရှိနေပုံရသည်။ ထိုအစီအစဉ်က ကမ္ဘာလုံးဆိုင်ရာအဆင့်တွင် သဘာဝပတ်ဝန်းကျင် ဆိုင်ရာပြဿနာများကို ဆွေးနွေးဖြေရှင်းရန် အခြေခံ အုတ်မြစ်များချပေးခဲ့သည်။ ကမ္ဘာကြီးပူနွေးလာမှု သီ အိုရီ၊ ကမ္ဘာ့အိုဇုန်းလွှာပြဿနာများနှင့် အခြား သဏ္ဌာန် တူအယူဝါဒများအပါအဝင် ယုံလွယ်သူများအတွက် ရည်ရွယ်သည့် အတုအယောင်သိပ္ပံနည်းကျအ ဆောက်အအုံများသည်လည်း အဆိုပါအစီအစဉ်မှ ပင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အတွင်း နောက်ဆုံးပေါ်အောင်မြင်မှုများ မှာ ပဲရစ်ရာသီဥတုထိပ်သီးအစည်းအဝေးတွင် ကာ ဗွန်ဒိုင်အောက်ဆိုဒ်(CO2)ထုတ်လွှတ်မှုကိုကန့်သတ် ရန် သဘောတူညီချက်များနှင့် ဤအစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်ရန်အတွက် များစွာ သောနိုင်ငံများက လက်မှတ်ရေးထိုးခဲ့ကြခြင်းတို့ဖြစ်သည်။
ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုသ ဘောတရား၏ဖန်တီးသူများက ၎င်းတို့၏ မြင့်မား သောရည်မှန်းချက်များဖြစ်သည့် သာယာဝပြောမှုအ တွက် အရင်းအမြစ်များကို ဆင်ခြင်တုံ တရားဖြင့်အ သုံးပြုခြင်း၊ မြင့်မားသောလူနေမှုအဆင့်အတန်းနှင့် အ ကျိုးကျေးဇူးများကို မျှတစွာဖြန့်ဝေခြင်း၊ သဘာဝပတ် ဝန်းကျင်နှင့် သဘာဝအရင်းအမြစ်များကို ထိန်းသိမ်း ခြင်း စသည်တို့ကိုကြေညာထားသော်လည်း အဆိုပါ အရာများသည် စီးပွားရေး၊ လူမှုရေးနှင့် ဂေဟစနစ်၏ သုံးပွင့်ဆိုင်များဖြစ်သည်ဟုဆိုသော်ငြားလည်း၊ အဆို ပါအသုံးအနှုန်းသည်ပင် တိကျမှုမရှိဘဲ ရေရာမှုမရှိလှ ပေ။ လူတိုင်းက မိမိတို့၏ ကိုယ်ပိုင်အရာတစ်ခုခုကို ထည့်သွင်းနိုင်သည်။ ထို့ကြောင့် စီးပွားရေးနှင့်နိုင်ငံရေး အကြားတွင်သာမက နိုင်ငံရေးသရုပ်ဆောင်များအ ကြားတွင်ပါ အကျိုးစီးပွားပဋိပက္ခသည် မလွှဲမရှောင် သာဖြစ်လာပြီး ပဲရစ်သဘောတူညီချက်တွင် နိုင်ငံအ ချို့က ပါဝင်ရန်ငြင်းဆန်ခဲ့ခြင်းက အဆိုပါအချက်ကို သက်သေပြနေခြင်းဖြစ်သည်။
(၂၀၁၄)ခုနှစ်တွင် ဘိုလီးဗီးယား၌ကျင်းပခဲ့ သော (၇၇)နိုင်ငံအဖွဲ့ (Group of 77) ၏ ထိပ်သီးအ စည်းအဝေးကထုတ်ပြန်သည့် နောက်ဆုံးကြေညာ ချက်တွင် အနောက်နိုင်ငံများကသတ်မှတ်ထားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများနှင့်ပတ်သက် ၍ သဘောထားကွဲလွဲကြောင်းကို မီးမောင်းထိုးပြခဲ့သည်။ သဘာဝပတ်ဝန်းကျင်အတွက် စိုးရိမ်ပူပန်မှုနှင့် CO2 ထုတ်လွှတ်မှုအပေါ် အထူးအခွန်များစည်းကြပ်ရန်လို အပ်သည်ဟုဟန်ဆောင်ကာ အခြားနိုင်ငံများ၏ ဖွံ့ဖြိုး တိုးတက်မှုကိုရပ်တန့်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။ စက်မှုထွန်းကားပြီးသောနိုင်ငံများ သည် စက်မှုဖွံ့ဖြိုးတိုးတက်မှုကာလကိုဖြတ်သန်းပြီး ဖြစ်ကာ စီးပွားရေးပုံစံသစ်သို့ကူးပြောင်းနေချိန်တွင် ၎င်းတို့သည် စက်မှုထွန်းကားမှုကိုငြင်းပယ်ခြင်းက ၎င်းတို့၏စီးပွားရေးကို မည်မျှအထိ အမှန်တကယ်ထိ ခိုက်စေမည်ကိုဂရုမစိုက်ဘဲ ၎င်းတို့ ၏ အာဂျင်ဒါအ တိုင်း အခြားနိုင်ငံများအပေါ် အတင်းအကျပ်ပြဋ္ဌာန်း ရန် ကြိုးစားနေကြသည်။ အနောက်နိုင်ငံများသည် နည်းပညာအသစ်များ စတင်အသုံးပြုနိုင်ရန်ကူညီ မည်ဟုကတိပေးခဲ့သည်။ သို့သော် ထင်ရှားသည်မှာ ယင်းအတွက် အရင်းအမြစ်များနှင့် နိုင်ငံရေးအချုပ် အခြာအာဏာကိုပေးဆပ်ရမည်ဟု တောင်းဆိုခဲ့ပုံရ သည်။ နိုင်ငံပေါင်း (၁၃၀)ကျော်ပါဝင်ပြီး ကုလ သမဂ္ဂပြီးလျှင် ကမ္ဘာပေါ်တွင်အကြီးဆုံး နိုင်ငံတကာ အဖွဲ့အစည်းဖြစ်သည်ကိုသတိပြုသင့်သည်။ သို့ဆို လျှင် အဘယ်ကြောင့် ယင်းသို့ ထူးဆန်းသော " သဘာဝပတ်ဝန်းကျင်"ဆိုင်ရာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆုံးဖြတ်ချက်များအားလုံးကို ကုလ သမဂ္ဂကထောက်ခံပြီး အများအားဖြင့်ချမှတ်ခဲ့ပါသ နည်း။ အဆိုပါကွဲလွဲမှုသည် အနည်းဆုံးတော့ ထူး ဆန်းနေသည်။ သို့သော် အဖြေမှာ IMF နှင့် ကမ္ဘာ့ ဘဏ်တို့၏ စီးပွားရေးအကူအညီအတွက် လဲလှယ် သောအားဖြင့် ကုလသမဂ္ဂရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏မဲ များကို G7 နိုင်ငံများကဝယ်ယူခြင်းဟူသည့် ရိုးရာအ လေ့အထဖြစ်သော အကျင့်ပျက်ခြစားမှု နည်းဗျူဟာ ဖြစ်နိုင်သည်။
ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု၏ အသွင်အပြင်အောက်တွင် ဂလိုဘယ်လစ်စ်များက ၎င်းတို့၏အကျိုးစီးပွားများကိုမြှင့်တင်သည်ဆိုခြင်း၏ နောက်ထပ်ဥပမာတစ်ခုမှာ မျိုးရိုးဗီဇပြုပြင်ထားသော သက်ရှိများ (GMOs)နှင့် ဆက်စပ်နေသည့် စိုက်ပျိုး ရေးနှင့်စက်မှုလက်မှုများဖြစ်သည်။ ထိုအရာကို ရေ ရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များကို (အထူးသဖြင့် အစားအသောက်ထုတ်လုပ်မှုကဏ္ဍတွင်) အောင်မြင်နိုင်သည့်မျှော်လင့်ချက်ရှိသော စိုက် ပျိုးရေးဇီဝနည်းပညာများအဖြစ် တင်ပြထားသည်။ သို့သော် ထိုအရာကို မည်သည့်ဈေးနှုန်းဖြင့် ပြုလုပ်ရ မည်ကိုမူ ဖော်ပြခြင်းမရှိပေ။ ၎င်းသည် ကမ္ဘာ့နေရာ အသီးသီးရှိ ဒေသခံသီးနှံများ ဖျက်ဆီးခံရခြင်း၊ စစ်မှန် သောစိုက်ပျိုးရေးနှင့် လူမျိုးများစွာ၏ ရိုးရာလူနေမှုပုံ စံနှင့် တိုက်ရိုက်ဆက်စပ်နေခြင်းတို့သာမက၊ ၎င်းတို့ ၏ထုတ်လုပ်သူများထံမှ GMO မျိုးစေ့များဝယ်ယူရန် ဆုံးဖြတ်ခြင်းဖြစ်သည်။ ထိုထုတ်လုပ်သူများသည် အမေရိကန်ပြည်ထောင်စုတွင် အများစုတည်ရှိသည်။ သို့သော် အမေရိကန်တွင်ပင် လယ်ယာမြေ၏ထက်ဝက်ခန့်သည် GMO အာဏာပိုင်များ၏ ထိန်းချုပ်မှု အောက်တွင်ရှိနေကြောင်း စာရင်းအင်းအချက်အ လက်များက အတည်ပြုထားသည်။
အမေရိကန်တောင်သူလယ်သမားများအ ပေါ် အဆိုပါစမ်းသပ်မှုသည် အခြားနိုင်ငံများအတွက် သင်ခန်းစာယူစရာဖြစ်နိုင်သည်။ GMO အသုံးပြု မှုကိုထောက်ခံသူများသည် သဘာဝစိုက်ပျိုးရေးတွင် မြေပို၍လိုအပ်ပြီး တိရစ္ဆာန်များမှရရှိသော သဘာဝ မြေဩဇာများအသုံးပြုမှုကြောင့် ကာဗွန်ဒိုင်အောက် ဆိုဒ်ထုတ်လွှတ်မှုပိုများလာသည်ဟုလည်း ထောက်ပြ ကြသည်။ ဂလိုဘယ်လစ်စ်များသည် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာအသိပညာနှင့် ရေရှည်တည်တံ့မှု အသွင် အပြင်အောက်တွင် မြှင့်တင်ရန်ကြိုးစားနေသည့်အ ထောက်အထားများတွေ့ရသည်။
သို့သော် ကျွမ်းကျင်သူများက GMOs ကဲ့ သို့သော ခေတ်မီဇီဝနည်းပညာများအသုံးပြုမှုသည် အခြားသော ကူးပြောင်းရေးနည်းပညာများနှင့် တိုက် ရိုက်သက်ဆိုင်သည်ဟုမှတ်ချက်ပြုခဲ့ကြသော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ အသေးစိတ်အကဲဖြတ်မှု များကိုမူ ပြုလုပ်ထားခြင်းမရှိသေးပေ။ ယင်းကဲ့သို့ သောအခြေအနေများရှိသော်လည်း Monsanto ကဲ့ သို့သော နိုင်ငံတကာကော်ပိုရေးရှင်းများက စိုက်ပျိုး ရေးဈေးကွက်များကို ထိန်းချုပ်ရန်ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်နေသည်။
Big Pharma ကဲ့သို့သော အနောက်နိုင်ငံ များရှိ ဆေးဝါးကုမ္ပဏီများသည်လည်း အလားတူ ကြိုးပမ်းမှုများပြုလုပ်နေကြသည်။ သို့သော် ကိုရိုနာ ဗိုင်းရပ်စ်ကပ်ရောဂါက အနောက်တိုင်း နိုင်ငံရေးအ ထက်တန်းလွှာများနှင့် ဆေးဝါးအာဏာပိုင်များအကြား ဆက်ဆံရေး၏ မနှစ်မြို့ဖွယ်ရာကိုပြသခဲ့သည်။ အ ထူးသဖြ်Ursula von der Leyen က လိုအပ် သောလုပ်ထုံးလုပ်နည်းများနှင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုမရှိဘဲခွင့်ပြုခဲ့သော ကုမ္ပဏီတစ်ခုမှ ကာ ကွယ်ဆေးများဝယ်ယူခြင်းနှင့်ပတ်သက်၍ EU အတွင်းဖြစ်ပွားခဲ့သော အရှုပ်တော်ပုံဖြစ်သည်။ သို့သော် ၎င်းသည် အနောက်တိုင်းဆေးဝါးအာဏာရှင်အဖွဲ့က ၎င်း၏ စံမမီသောထုတ်ကုန်များအတွက် ကမ္ဘာလုံး ဆိုင်ရာဈေးကွက်ကို သိမ်းပိုက်ရန်ကြိုးပမ်းမှုများကို အားလျော့စေခဲ့သည်မဟုတ်ဘဲ ပို၍ပင်အားကောင်း စေခဲ့သည်။
ဂလိုဘယ်လစ်စ်များ၏ အထွတ်အထိပ်ဆုံး သရော်ပြောင်လှောင်မှုမှာ ဘရာဇီးလ်ရှိ အမေဇုန်တော များတွင်ဖြစ်ပွားနေသောကိစ္စရပ်များဖြစ်သည်။ ထိုနေ ရာတွင် တောမီးလောင်ပြီးနောက် သီးခြားဇီဝနည်း ပညာကုမ္ပဏီအချို့သည် မီးလောင်ထားသောမြေနေ ရာတွင် မြေဆီလွှာကို " ပုံမှန်ဖြစ်စေရန်" ၎င်းတို့၏ ဝန်ဆောင်မှုများကိုကမ်းလှမ်းကြသည်။ ဒေသခံလူထု သည် မကြာသေးမီက မကြာခဏနှင့် အကြီးအကျယ် ဖြစ်ပွားလာသောမီးလောင်မှုများသည် ကုမ္ပဏီများ၏အကျိုးစီးပွားနှင့် တိုက်ရိုက်ချိတ်ဆက်ထားသည်။
အဆိုပါအရာများအားလုံးသည် " ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု" သဘောတရားသည် မူလကပင် ဂလိုဘယ်လစ်စ်အာဏာရှင်များ၏ နိုင်ငံ ရေးစီမံကိန်းဖြစ်သည်ဟု ကောက်ချက်ချနိုင်သည်။ သို့သော် လက်ရှိ ကမ္ဘာလုံးဆိုင်ရာပြိုကွဲမှုနှင့် ရပ်တန့် နေမှုကြောင့် ယင်းကို ကမ္ဘာလုံးဆိုင်ရာအနာဂတ်အ တွက် အခြားရွေးချယ်စရာအဖြစ်တင်ပြရန် ကြိုးစား နေကြသည်။ ဆိုလိုသည်မှာ ၎င်းတို့၏ ထင်ရှား ကျော်ကြားသော စည်းမျဉ်းအခြေပြုအစီအစဉ် (rules-based order) ၏ အစိတ်အပိုင်းဖြစ်သည်။ ၎င်းတို့၏ လည်ပတ်မှုနှင့်ထိန်းချုပ်မှုသည် ကျိုး ကြောင်းဆီလျော်ဟန်ရှိသော အကြောင်းပြချက် အောက်တွင် ဆက်လက်လုပ်ဆောင်နိုင်စေရန် ဖန်တီးထားခြင်းဖြစ်သည်။

Zawgyi Version:
ေရရွည္တည္တံ့ေသာ ဖြံ႕ၿဖိဳးတိုးတက္မႈလား ေရရွည္တည္တံ့ေသာ အျမတ္ထုတ္မႈလား
သန္းထိုက္စိုး (NP News) - စက္တင္ဘာလ ၄
သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ ႏိုင္ငံေရးေပါင္းစပ္မႈဆိုင္ရာေျပာဆိုမႈမ်ားအားလုံး၏ ေနာက္ကြယ္တြင္ အၿမဲလိုလို အုပ္စုအခ်ိဳ႕၏ အက်ိဳး စီးပြားမ်ား ရွိေနတတ္သည္။ ေရရွည္တည္တံ့ေသာ ဖြံ႕ၿဖိဳးတိုးတက္မႈသေဘာတရားကို ႏွစ္ေပါင္းမ်ားစြာ ၾကာေအာင္ ႏိုင္ငံတကာပလက္ေဖာင္းမ်ား အထူးသ ျဖင့္ ကုလသမဂၢတြင္ ေဝေဝဆာဆာေၾကာ္ျငာခဲ့ၾက သည္။ (၂၀၁၅ ခုႏွစ္၌က်င္းပေသာ အဆိုပါအဖြဲ႕အ စည္း၏ ထိပ္သီးအစည္းအေဝးတြင္ ႏိုင္ငံေပါင္း (၁၉၃)ႏိုင္ငံက ေရရွည္တည္တံ့ေသာ ဖြံ႕ၿဖိဳးတိုးတက္ မႈပန္းတိုင္(၁၇)ခုကို လက္မွတ္ေရးထိုးခဲ့ရာ ေယ ဘုယ်အားျဖင့္ ကမာၻႀကီးသည္ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးႏွင့္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာက႑မ်ား ကို ထည့္သြင္းစဥ္းစားသည့္ပုံစံတစ္ခုလိုအပ္ေၾကာင္း လူတိုင္း သေဘာတူခဲ့ၾကသည္။)
(၁၉၉၂)ခုႏွစ္က ရီယိုဒီဂ်ေနး႐ိုးၿမိဳ႕တြင္ က်င္းပေသာ ကမာၻ႔ထိပ္သီးအစည္းအေဝး၌လည္း ကုလသမဂၢ၏ ႀကီးၾကပ္မႈေအာက္တြင္ စီးပြားေရးႏွင့္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာအစီအစဥ္မ်ားအတြက္ အေျခခံအုတ္ျမစ္အျဖစ္ ေရရွည္တည္တံ့မႈသေဘာတ ရားမ်ားခ်မွတ္ခဲ့သည္။ ကုလသမဂၢ၏ ေထာင္စုႏွစ္ ဖြံ႕ ၿဖိဳးေရးပန္းတိုင္မ်ားသည္လည္း အဆိုပါသီအိုရီႏွင့္ တိုက္႐ိုက္သက္ဆိုင္သည္။
သဘာဝအရင္းအျမစ္မ်ားကို သတိထားစီမံ ခန႔္ခြဲရန္ႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး လို အပ္ေၾကာင္းကို မည္သူမွ် မျငင္းဆိုၾကေသာ္လည္း ေရရွည္တည္တံ့ေသာ ဖြံ႕ၿဖိဳးတိုးတက္မႈကိစၥရပ္မ်ားကို ကေလာ့စ္ရွဝက္ဘ္ (Klaus Schwab) တည္ ေထာင္ခဲ့ေသာ ဒါဗို႔စ္ဖိုရမ္ (Davos Forum) ကဲ့သို႔ ေသာ ဂလိုဘယ္လစ္စ္ (globalist) စီမံကိန္းမ်ားကိုတက္ႂကြစြာျမႇင့္တင္ေနျခင္းသည္ သတိထားစရာျဖစ္ သည္။ အလားတူပင္ ေဂ်ာ့ခ်္ဆိုေရာ့စ္ (George Soros) ႏွင့္ ဘီလ္ဂိတ္စ္ (Bill Gates) တို႔သည္ လည္း ၎တို႔၏စီမံကိန္းမ်ားျဖစ္ေသာ WHO ႏွင့္ အျခားေသာအစပ်ိဳးမႈမ်ားမွတစ္ဆင့္ ကုလသမဂၢ ႏွင့္ခ်ိတ္ဆက္ကာ ေရရွည္တည္တံ့ေသာ ဖြံ႕ၿဖိဳးတိုး တက္မႈကို ေရလိုက္ ငါးလိုက္ဆိုသကဲ့သို႔ ေထာက္ခံ အားေပးေနၾကသည္။ ထို႔ေၾကာင့္ အဆိုပါသီအိုရီႏွင့္ နည္းစနစ္သည္ မည္သို႔ေသာအရာျဖစ္သည္ကို အ ေသးစိတ္ထည့္သြင္းစဥ္းစားရန္လိုအပ္သည္။ ထို႔ျပင္ မည္သူက အထူးတလည္ျမႇင့္တင္ေနၿပီး အဘယ္ ေၾကာင့္ျဖစ္သည္ကိုလည္း ဆန္းစစ္ရန္လိုအပ္သည္။
သမိုင္းကို ပိုမိုနက္ရႈိင္းစြာ ေလ့လာၾကည့္ မည္ဆိုပါက အဆိုပါသေဘာတရားသည္ ကမာၻ႔လူဦး ေရကိုကန႔္သတ္ရန္လိုအပ္သည္ဆိုသည့္ မယ္လ္သူး ရွန္နယမ္ (Malthusianism) သီအိုရီႏွင့္ (Club of Rome) ေခၚ မြန္ဒီယယ္လစ္စ္ (mondialist) အဖြဲ႕အစည္းႏွင့္ တိုက္႐ိုက္သက္ဆိုင္သည္။ (၁၉၇၂) ခု ႏွစ္တြင္ ]ေရာမကလပ္}သည္ ၎၏ ပထမဆုံးအစီ ရင္ခံစာျဖစ္ေသာ တိုးတက္မႈဆီသြားရာတြင္ ႀကဳံေတြ႕ ရမည့္အကန႔္အသတ္ (The Limits to Growth) ကိုထုတ္ျပန္ခဲ့ရာတြင္ လူသားမ်ားအတြက္ အနာဂတ္ အေျခအေနအမ်ိဳးမ်ိဳးကိုေလ့လာရန္ သခ်ၤာပုံစံမ်ားျဖင့္ အသုံးျပဳခဲ့သည္။
ထိုႏွစ္တြင္ပင္ ကုလသမဂၢပတ္ဝန္းက်င္ အစီအစဥ္ (United Nations Environment Program) ကိုဖန္တီးခဲ့ျခင္းသည္ မေတာ္တဆ မဟုတ္ဘဲ အဓိပၸာယ္ရွိေနပုံရသည္။ ထိုအစီအစဥ္က ကမာၻလုံးဆိုင္ရာအဆင့္တြင္ သဘာဝပတ္ဝန္းက်င္ ဆိုင္ရာျပႆနာမ်ားကို ေဆြးေႏြးေျဖရွင္းရန္ အေျခခံ အုတ္ျမစ္မ်ားခ်ေပးခဲ့သည္။ ကမာၻႀကီးပူေႏြးလာမႈ သီ အိုရီ၊ ကမာၻ႔အိုဇုန္းလႊာျပႆနာမ်ားႏွင့္ အျခား သဏၭာန္ တူအယူဝါဒမ်ားအပါအဝင္ ယုံလြယ္သူမ်ားအတြက္ ရည္႐ြယ္သည့္ အတုအေယာင္သိပၸံနည္းက်အ ေဆာက္အအုံမ်ားသည္လည္း အဆိုပါအစီအစဥ္မွ ပင္ ထြက္ေပၚလာခဲ့ျခင္းျဖစ္သည္။
ေရရွည္တည္တံ့ေသာ ဖြံ႕ၿဖိဳးတိုးတက္မႈ အစီအစဥ္အတြင္း ေနာက္ဆုံးေပၚေအာင္ျမင္မႈမ်ား မွာ ပဲရစ္ရာသီဥတုထိပ္သီးအစည္းအေဝးတြင္ ကာ ဗြန္ဒိုင္ေအာက္ဆိုဒ္(CO2)ထုတ္လႊတ္မႈကိုကန႔္သတ္ ရန္ သေဘာတူညီခ်က္မ်ားႏွင့္ ဤအစီအစဥ္ကို ဆက္လက္အေကာင္အထည္ေဖာ္ရန္အတြက္ မ်ားစြာ ေသာႏိုင္ငံမ်ားက လက္မွတ္ေရးထိုးခဲ့ၾကျခင္းတို႔ျဖစ္သည္။
ေရရွည္တည္တံ့ေသာ ဖြံ႕ၿဖိဳးတိုးတက္မႈသ ေဘာတရား၏ဖန္တီးသူမ်ားက ၎တို႔၏ ျမင့္မား ေသာရည္မွန္းခ်က္မ်ားျဖစ္သည့္ သာယာဝေျပာမႈအ တြက္ အရင္းအျမစ္မ်ားကို ဆင္ျခင္တုံ တရားျဖင့္အ သုံးျပဳျခင္း၊ ျမင့္မားေသာလူေနမႈအဆင့္အတန္းႏွင့္ အ က်ိဳးေက်းဇူးမ်ားကို မွ်တစြာျဖန႔္ေဝျခင္း၊ သဘာဝပတ္ ဝန္းက်င္ႏွင့္ သဘာဝအရင္းအျမစ္မ်ားကို ထိန္းသိမ္း ျခင္း စသည္တို႔ကိုေၾကညာထားေသာ္လည္း အဆိုပါ အရာမ်ားသည္ စီးပြားေရး၊ လူမႈေရးႏွင့္ ေဂဟစနစ္၏ သုံးပြင့္ဆိုင္မ်ားျဖစ္သည္ဟုဆိုေသာ္ျငားလည္း၊ အဆို ပါအသုံးအႏႈန္းသည္ပင္ တိက်မႈမရွိဘဲ ေရရာမႈမရွိလွ ေပ။ လူတိုင္းက မိမိတို႔၏ ကိုယ္ပိုင္အရာတစ္ခုခုကို ထည့္သြင္းႏိုင္သည္။ ထို႔ေၾကာင့္ စီးပြားေရးႏွင့္ႏိုင္ငံေရး အၾကားတြင္သာမက ႏိုင္ငံေရးသ႐ုပ္ေဆာင္မ်ားအ ၾကားတြင္ပါ အက်ိဳးစီးပြားပဋိပကၡသည္ မလႊဲမေရွာင္ သာျဖစ္လာၿပီး ပဲရစ္သေဘာတူညီခ်က္တြင္ ႏိုင္ငံအ ခ်ိဳ႕က ပါဝင္ရန္ျငင္းဆန္ခဲ့ျခင္းက အဆိုပါအခ်က္ကို သက္ေသျပေနျခင္းျဖစ္သည္။
(၂၀၁၄)ခုႏွစ္တြင္ ဘိုလီးဗီးယား၌က်င္းပခဲ့ ေသာ (၇၇)ႏိုင္ငံအဖြဲ႕ (Group of 77) ၏ ထိပ္သီးအ စည္းအေဝးကထုတ္ျပန္သည့္ ေနာက္ဆုံးေၾကညာ ခ်က္တြင္ အေနာက္ႏိုင္ငံမ်ားကသတ္မွတ္ထားေသာ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ စံႏႈန္းမ်ားႏွင့္ပတ္သက္ ၍ သေဘာထားကြဲလြဲေၾကာင္းကို မီးေမာင္းထိုးျပခဲ့သည္။ သဘာဝပတ္ဝန္းက်င္အတြက္ စိုးရိမ္ပူပန္မႈႏွင့္ CO2 ထုတ္လႊတ္မႈအေပၚ အထူးအခြန္မ်ားစည္းၾကပ္ရန္လို အပ္သည္ဟုဟန္ေဆာင္ကာ အျခားႏိုင္ငံမ်ား၏ ဖြံ႕ၿဖိဳး တိုးတက္မႈကိုရပ္တန႔္ရန္ ႀကိဳးပမ္းေနျခင္းျဖစ္သည္ဟု ေဖာ္ျပခဲ့သည္။ စက္မႈထြန္းကားၿပီးေသာႏိုင္ငံမ်ား သည္ စက္မႈဖြံ႕ၿဖိဳးတိုးတက္မႈကာလကိုျဖတ္သန္းၿပီး ျဖစ္ကာ စီးပြားေရးပုံစံသစ္သို႔ကူးေျပာင္းေနခ်ိန္တြင္ ၎တို႔သည္ စက္မႈထြန္းကားမႈကိုျငင္းပယ္ျခင္းက ၎တို႔၏စီးပြားေရးကို မည္မွ်အထိ အမွန္တကယ္ထိ ခိုက္ေစမည္ကိုဂ႐ုမစိုက္ဘဲ ၎တို႔ ၏ အာဂ်င္ဒါအ တိုင္း အျခားႏိုင္ငံမ်ားအေပၚ အတင္းအက်ပ္ျပ႒ာန္း ရန္ ႀကိဳးစားေနၾကသည္။ အေနာက္ႏိုင္ငံမ်ားသည္ နည္းပညာအသစ္မ်ား စတင္အသုံးျပဳႏိုင္ရန္ကူညီ မည္ဟုကတိေပးခဲ့သည္။ သို႔ေသာ္ ထင္ရွားသည္မွာ ယင္းအတြက္ အရင္းအျမစ္မ်ားႏွင့္ ႏိုင္ငံေရးအခ်ဳပ္ အျခာအာဏာကိုေပးဆပ္ရမည္ဟု ေတာင္းဆိုခဲ့ပုံရ သည္။ ႏိုင္ငံေပါင္း (၁၃၀)ေက်ာ္ပါဝင္ၿပီး ကုလ သမဂၢၿပီးလွ်င္ ကမာၻေပၚတြင္အႀကီးဆုံး ႏိုင္ငံတကာ အဖြဲ႕အစည္းျဖစ္သည္ကိုသတိျပဳသင့္သည္။ သို႔ဆို လွ်င္ အဘယ္ေၾကာင့္ ယင္းသို႔ ထူးဆန္းေသာ " သဘာဝပတ္ဝန္းက်င္"ဆိုင္ရာ ေရရွည္တည္တံ့ေသာ ဖြံ႕ၿဖိဳးတိုးတက္မႈဆုံးျဖတ္ခ်က္မ်ားအားလုံးကို ကုလ သမဂၢကေထာက္ခံၿပီး အမ်ားအားျဖင့္ခ်မွတ္ခဲ့ပါသ နည္း။ အဆိုပါကြဲလြဲမႈသည္ အနည္းဆုံးေတာ့ ထူး ဆန္းေနသည္။ သို႔ေသာ္ အေျဖမွာ IMF ႏွင့္ ကမာၻ႔ ဘဏ္တို႔၏ စီးပြားေရးအကူအညီအတြက္ လဲလွယ္ ေသာအားျဖင့္ ကုလသမဂၢရွိ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား၏မဲ မ်ားကို G7 ႏိုင္ငံမ်ားကဝယ္ယူျခင္းဟူသည့္ ႐ိုးရာအ ေလ့အထျဖစ္ေသာ အက်င့္ပ်က္ျခစားမႈ နည္းဗ်ဴဟာ ျဖစ္ႏိုင္သည္။
ေရရွည္တည္တံ့ေသာ ဖြံ႕ၿဖိဳးတိုးတက္မႈ၏ အသြင္အျပင္ေအာက္တြင္ ဂလိုဘယ္လစ္စ္မ်ားက ၎တို႔၏အက်ိဳးစီးပြားမ်ားကိုျမႇင့္တင္သည္ဆိုျခင္း၏ ေနာက္ထပ္ဥပမာတစ္ခုမွာ မ်ိဳး႐ိုးဗီဇျပဳျပင္ထားေသာ သက္ရွိမ်ား (GMOs)ႏွင့္ ဆက္စပ္ေနသည့္ စိုက္ပ်ိဳး ေရးႏွင့္စက္မႈလက္မႈမ်ားျဖစ္သည္။ ထိုအရာကို ေရ ရွည္တည္တံ့ေသာ ဖြံ႕ၿဖိဳးတိုးတက္မႈပန္းတိုင္မ်ားကို (အထူးသျဖင့္ အစားအေသာက္ထုတ္လုပ္မႈက႑တြင္) ေအာင္ျမင္ႏိုင္သည့္ေမွ်ာ္လင့္ခ်က္ရွိေသာ စိုက္ ပ်ိဳးေရးဇီဝနည္းပညာမ်ားအျဖစ္ တင္ျပထားသည္။ သို႔ေသာ္ ထိုအရာကို မည္သည့္ေဈးႏႈန္းျဖင့္ ျပဳလုပ္ရ မည္ကိုမူ ေဖာ္ျပျခင္းမရွိေပ။ ၎သည္ ကမာၻ႔ေနရာ အသီးသီးရွိ ေဒသခံသီးႏွံမ်ား ဖ်က္ဆီးခံရျခင္း၊ စစ္မွန္ ေသာစိုက္ပ်ိဳးေရးႏွင့္ လူမ်ိဳးမ်ားစြာ၏ ႐ိုးရာလူေနမႈပုံ စံႏွင့္ တိုက္႐ိုက္ဆက္စပ္ေနျခင္းတို႔သာမက၊ ၎တို႔ ၏ထုတ္လုပ္သူမ်ားထံမွ GMO မ်ိဳးေစ့မ်ားဝယ္ယူရန္ ဆုံးျဖတ္ျခင္းျဖစ္သည္။ ထိုထုတ္လုပ္သူမ်ားသည္ အေမရိကန္ျပည္ေထာင္စုတြင္ အမ်ားစုတည္ရွိသည္။ သို႔ေသာ္ အေမရိကန္တြင္ပင္ လယ္ယာေျမ၏ထက္ဝက္ခန႔္သည္ GMO အာဏာပိုင္မ်ား၏ ထိန္းခ်ဳပ္မႈ ေအာက္တြင္ရွိေနေၾကာင္း စာရင္းအင္းအခ်က္အ လက္မ်ားက အတည္ျပဳထားသည္။
အေမရိကန္ေတာင္သူလယ္သမားမ်ားအ ေပၚ အဆိုပါစမ္းသပ္မႈသည္ အျခားႏိုင္ငံမ်ားအတြက္ သင္ခန္းစာယူစရာျဖစ္ႏိုင္သည္။ GMO အသုံးျပဳ မႈကိုေထာက္ခံသူမ်ားသည္ သဘာဝစိုက္ပ်ိဳးေရးတြင္ ေျမပို၍လိုအပ္ၿပီး တိရစာၦန္မ်ားမွရရွိေသာ သဘာဝ ေျမဩဇာမ်ားအသုံးျပဳမႈေၾကာင့္ ကာဗြန္ဒိုင္ေအာက္ ဆိုဒ္ထုတ္လႊတ္မႈပိုမ်ားလာသည္ဟုလည္း ေထာက္ျပ ၾကသည္။ ဂလိုဘယ္လစ္စ္မ်ားသည္ သဘာဝပတ္ဝန္း က်င္ဆိုင္ရာအသိပညာႏွင့္ ေရရွည္တည္တံ့မႈ အသြင္ အျပင္ေအာက္တြင္ ျမႇင့္တင္ရန္ႀကိဳးစားေနသည့္အ ေထာက္အထားမ်ားေတြ႕ရသည္။
သို႔ေသာ္ ကြၽမ္းက်င္သူမ်ားက GMOs ကဲ့ သို႔ေသာ ေခတ္မီဇီဝနည္းပညာမ်ားအသုံးျပဳမႈသည္ အျခားေသာ ကူးေျပာင္းေရးနည္းပညာမ်ားႏွင့္ တိုက္ ႐ိုက္သက္ဆိုင္သည္ဟုမွတ္ခ်က္ျပဳခဲ့ၾကေသာ္လည္း အဆိုပါကိစၥႏွင့္ပတ္သက္၍ အေသးစိတ္အကဲျဖတ္မႈ မ်ားကိုမူ ျပဳလုပ္ထားျခင္းမရွိေသးေပ။ ယင္းကဲ့သို႔ ေသာအေျခအေနမ်ားရွိေသာ္လည္း Monsanto ကဲ့ သို႔ေသာ ႏိုင္ငံတကာေကာ္ပိုေရးရွင္းမ်ားက စိုက္ပ်ိဳး ေရးေဈးကြက္မ်ားကို ထိန္းခ်ဳပ္ရန္ႀကိဳးပမ္းမႈမ်ား ဆက္လက္လုပ္ေဆာင္ေနသည္။
Big Pharma ကဲ့သို႔ေသာ အေနာက္ႏိုင္ငံ မ်ားရွိ ေဆးဝါးကုမၸဏီမ်ားသည္လည္း အလားတူ ႀကိဳးပမ္းမႈမ်ားျပဳလုပ္ေနၾကသည္။ သို႔ေသာ္ ကို႐ိုနာ ဗိုင္းရပ္စ္ကပ္ေရာဂါက အေနာက္တိုင္း ႏိုင္ငံေရးအ ထက္တန္းလႊာမ်ားႏွင့္ ေဆးဝါးအာဏာပိုင္မ်ားအၾကား ဆက္ဆံေရး၏ မႏွစ္ၿမိဳ႕ဖြယ္ရာကိုျပသခဲ့သည္။ အ ထူးသျဖ္Ursula von der Leyen က လိုအပ္ ေသာလုပ္ထုံးလုပ္နည္းမ်ားႏွင့္ ပြင့္လင္းျမင္သာမႈ၊ တာဝန္ယူမႈမရွိဘဲခြင့္ျပဳခဲ့ေသာ ကုမၸဏီတစ္ခုမွ ကာ ကြယ္ေဆးမ်ားဝယ္ယူျခင္းႏွင့္ပတ္သက္၍ EU အတြင္းျဖစ္ပြားခဲ့ေသာ အရႈပ္ေတာ္ပုံျဖစ္သည္။ သို႔ေသာ္ ၎သည္ အေနာက္တိုင္းေဆးဝါးအာဏာရွင္အဖြဲ႕က ၎၏ စံမမီေသာထုတ္ကုန္မ်ားအတြက္ ကမာၻလုံး ဆိုင္ရာေဈးကြက္ကို သိမ္းပိုက္ရန္ႀကိဳးပမ္းမႈမ်ားကို အားေလ်ာ့ေစခဲ့သည္မဟုတ္ဘဲ ပို၍ပင္အားေကာင္း ေစခဲ့သည္။
ဂလိုဘယ္လစ္စ္မ်ား၏ အထြတ္အထိပ္ဆုံး သေရာ္ေျပာင္ေလွာင္မႈမွာ ဘရာဇီးလ္ရွိ အေမဇုန္ေတာ မ်ားတြင္ျဖစ္ပြားေနေသာကိစၥရပ္မ်ားျဖစ္သည္။ ထိုေန ရာတြင္ ေတာမီးေလာင္ၿပီးေနာက္ သီးျခားဇီဝနည္း ပညာကုမၸဏီအခ်ိဳ႕သည္ မီးေလာင္ထားေသာေျမေန ရာတြင္ ေျမဆီလႊာကို " ပုံမွန္ျဖစ္ေစရန္" ၎တို႔၏ ဝန္ေဆာင္မႈမ်ားကိုကမ္းလွမ္းၾကသည္။ ေဒသခံလူထု သည္ မၾကာေသးမီက မၾကာခဏႏွင့္ အႀကီးအက်ယ္ ျဖစ္ပြားလာေသာမီးေလာင္မႈမ်ားသည္ ကုမၸဏီမ်ား၏အက်ိဳးစီးပြားႏွင့္ တိုက္႐ိုက္ခ်ိတ္ဆက္ထားသည္။
အဆိုပါအရာမ်ားအားလုံးသည္ " ေရရွည္ တည္တံ့ေသာ ဖြံ႕ၿဖိဳးတိုးတက္မႈ" သေဘာတရားသည္ မူလကပင္ ဂလိုဘယ္လစ္စ္အာဏာရွင္မ်ား၏ ႏိုင္ငံ ေရးစီမံကိန္းျဖစ္သည္ဟု ေကာက္ခ်က္ခ်ႏိုင္သည္။ သို႔ေသာ္ လက္ရွိ ကမာၻလုံးဆိုင္ရာၿပိဳကြဲမႈႏွင့္ ရပ္တန႔္ ေနမႈေၾကာင့္ ယင္းကို ကမာၻလုံးဆိုင္ရာအနာဂတ္အ တြက္ အျခားေ႐ြးခ်ယ္စရာအျဖစ္တင္ျပရန္ ႀကိဳးစား ေနၾကသည္။ ဆိုလိုသည္မွာ ၎တို႔၏ ထင္ရွား ေက်ာ္ၾကားေသာ စည္းမ်ဥ္းအေျချပဳအစီအစဥ္ (rules-based order) ၏ အစိတ္အပိုင္းျဖစ္သည္။ ၎တို႔၏ လည္ပတ္မႈႏွင့္ထိန္းခ်ဳပ္မႈသည္ က်ိဳး ေၾကာင္းဆီေလ်ာ္ဟန္ရွိေသာ အေၾကာင္းျပခ်က္ ေအာက္တြင္ ဆက္လက္လုပ္ေဆာင္ႏိုင္ေစရန္ ဖန္တီးထားျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.