ဥရောပ၏ အကြီးဆုံးမီးတောင် ပေါက်ကွဲ

2678

Pika (NP News) - နိုဝင်ဘာ ၁၄
ဥရောပ၏ အရှည်ဆုံး မီးတောင်ရှင်တစ်ခုဖြစ်သည့် Mount Etna သည် တစ်ကြိမ် ထပ်မံပေါက်ကွဲခဲ့ပြီး ချော်ရည် များသည် ၎င်း၏ အရှေ့တောင်ဘက်မီးတောင်ထိပ်မှ လေထုထဲသို့ တစ်ကီလိုမီတာခန့်အထိ လွင့်စင်သွားခဲ့ကြောင်း အီတလီနိုင်ငံ အမျိုးသား ဘူမိရူပနှင့် မီးတောင်သိပ္ပံအဖွဲ့အစည်း (INGV) က ပြောကြားခဲ့သည်။
အီတလီနိုင်ငံ Sicily ကျွန်းပေါ်ရှိ Mount Etna သည် တုန်ခါမှုများ နှင့် လောင်ကျွမ်းနေသော ဓါတ်ငွေ့များ ထုတ်လွှတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် Mount Etna ၏ တောင်စောင်းတွင် ချော်ရည်များစီးကျလာခဲ့ပြီး ချော်ရည်ကျောက်တုံးများ လေထဲသို့ လွင့်စင်ထွက်လာသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
မီးတောင်ပေါက်ကွဲမှုနှင့်အတူ ထွက်ပေါ်လာသော ပြာမှုန်များသည် Catania မြူနီစီပယ် မြောက်ဖက်ရှိ ကမ်းရိုးတန်းမြို့များသို့ ရောက်ရှိခဲ့ပြီး အနီးရှိကောင်တီများတွင်လည်း ပျံ့နှံ့သွားခဲ့ပြီး ကားများ နှင့် အဆောက်အဦး များကို ပြာမှုန်များဖြင့် ဖုံးလွှမ်းသွားခဲ့ကြောင်း Etna Observatory က ပြောကြားခဲ့သည်။
သို့သော်လည်း အဆိုပါမီးတောင်ပြာများသည် အနီးရှိ စပျစ်ခြံများနှင့် ဥယျာဉ်များအတွက် မြေဩဇာကောင်းသော မြေဆီလွှာများကို ပံ့ပိုးပေးမည်ဖြစ်ကြောင်းလည်း သိရသည်။ Mount Etna မီးတောင်သည် ဥရောပတွင် လှုပ်ရှားမှု အများဆုံး မီးတောင်တစ်ခုဖြစ်ပြီး ၂ဝ၂၁ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်အတွင်း တစ်လလျှင် တစ်ကြိမ်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် Mount Etna မီးတောင်ပေါက်ကွဲမှုကြောင့် လူသေဆုံးမှုများမရှိသော်လည်း ၁၉၇၉ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် ကမ္ဘာလှည့်ခရီးသွား(၉)ဦး သေဆုံးခဲ့ပြီး အခြားလူအများ အပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Zawgyi Version;
ဥေရာပ၏ အႀကီးဆုံးမီးေတာင္ ေပါက္ကြဲ
Pika (NP News) - ႏိုဝင္ဘာ ၁၄
ဥေရာပ၏ အရွည္ဆုံး မီးေတာင္ရွင္တစ္ခုျဖစ္သည့္ Mount Etna သည္ တစ္ႀကိမ္ ထပ္မံေပါက္ကြဲခဲ့ၿပီး ေခ်ာ္ရည္ မ်ားသည္ ၎၏ အေရွ႕ေတာင္ဘက္မီးေတာင္ထိပ္မွ ေလထုထဲသို႔ တစ္ကီလိုမီတာခန႔္အထိ လြင့္စင္သြားခဲ့ေၾကာင္း အီတလီႏိုင္ငံ အမ်ိဳးသား ဘူမိ႐ူပႏွင့္ မီးေတာင္သိပၸံအဖြဲ႕အစည္း (INGV) က ေျပာၾကားခဲ့သည္။
အီတလီႏိုင္ငံ Sicily ကြၽန္းေပၚရွိ Mount Etna သည္ တုန္ခါမႈမ်ား ႏွင့္ ေလာင္ကြၽမ္းေနေသာ ဓါတ္ေငြ႕မ်ား ထုတ္လႊတ္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ ယခုကဲ့သို႔ေပါက္ကြဲခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ေပါက္ကြဲမႈမ်ား ျဖစ္ပြားၿပီးေနာက္ Mount Etna ၏ ေတာင္ေစာင္းတြင္ ေခ်ာ္ရည္မ်ားစီးက်လာခဲ့ၿပီး ေခ်ာ္ရည္ေက်ာက္တုံးမ်ား ေလထဲသို႔ လြင့္စင္ထြက္လာသည္ကိုလည္း ေတြ႕ျမင္ခဲ့ရသည္။
မီးေတာင္ေပါက္ကြဲမႈႏွင့္အတူ ထြက္ေပၚလာေသာ ျပာမႈန္မ်ားသည္ Catania ျမဴနီစီပယ္ ေျမာက္ဖက္ရွိ ကမ္း႐ိုးတန္းၿမိဳ႕မ်ားသို႔ ေရာက္ရွိခဲ့ၿပီး အနီးရွိေကာင္တီမ်ားတြင္လည္း ပ်ံ႕ႏွံ႔သြားခဲ့ၿပီး ကားမ်ား ႏွင့္ အေဆာက္အဦး မ်ားကို ျပာမႈန္မ်ားျဖင့္ ဖုံးလႊမ္းသြားခဲ့ေၾကာင္း Etna Observatory က ေျပာၾကားခဲ့သည္။
သို႔ေသာ္လည္း အဆိုပါမီးေတာင္ျပာမ်ားသည္ အနီးရွိ စပ်စ္ၿခံမ်ားႏွင့္ ဥယ်ာဥ္မ်ားအတြက္ ေျမဩဇာေကာင္းေသာ ေျမဆီလႊာမ်ားကို ပံ့ပိုးေပးမည္ျဖစ္ေၾကာင္းလည္း သိရသည္။ Mount Etna မီးေတာင္သည္ ဥေရာပတြင္ လႈပ္ရွားမႈ အမ်ားဆုံး မီးေတာင္တစ္ခုျဖစ္ၿပီး ၂ဝ၂၁ ခုႏွစ္မွ ၂ဝ၂၂ ခုႏွစ္အတြင္း တစ္လလွ်င္ တစ္ႀကိမ္ေပါက္ကြဲခဲ့ေၾကာင္း သိရသည္။
လက္ရွိအခ်ိန္တြင္ Mount Etna မီးေတာင္ေပါက္ကြဲမႈေၾကာင့္ လူေသဆုံးမႈမ်ားမရွိေသာ္လည္း ၁၉၇၉ ခုႏွစ္ စက္တင္ဘာလက ျဖစ္ပြားခဲ့ေသာ ေပါက္ကြဲမႈေၾကာင့္ ကမာၻလွည့္ခရီးသြား(၉)ဦး ေသဆုံးခဲ့ၿပီး အျခားလူအမ်ား အျပား ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။