မသန်စွမ်းသူများ ဆန္ဒမဲပေးရာတွင် လွယ်ကူစေရန် အသုံးပြုမည့် ပစ္စည်းကိရိယာများနှင့် ဆန္ဒမဲပေးပုံပေးနည်းများကို သိရှိစေရေးအတွက် ဆောင်ရွက်ရန်လိုဟုဆို

543
စော (NP News) - နိုဝင်ဘာ ၁၆
မသန်စွမ်းသူများ ဆန္ဒမဲပေးရာတွင် အဆင်ပြေလွယ်ကူစေရန် အသုံးပြုမည့် ပစ္စည်းကိရိယာများ နှင့် ဆန္ဒမဲပေးပုံပေးနည်းများကို သိရှိစေရေးအတွက် ဆောင်ရွက်သွားရန်လိုအပ် ကြောင်း ဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောကြားခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ယမန်နေ့(နိုဝင်ဘာလ ၁၅ ရက်)တွင် နေပြည်တော်၌ ကျင်းပသော မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးဒေါက်တာစိုးဝင်းက မသန်စွမ်းသူများ ဆန္ဒမဲပေးရာတွင် အဆင်ပြေလွယ်ကူစေရန် သက်ဆိုင်ရာမဲဆန္ဒနယ်မြေအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ လိုက်နာဆောင် ရွက်နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ညှိနှိုင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။
ထို့ပြင် မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းကိုလည်း ပြီးခဲ့သည့် (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်တွင် စီမံကိန်းမြို့နယ်(၄)ခု၌ အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ပြီး (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်တွင် စီမံကိန်းမြို့နယ်(၁၀)ခု၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အဓိက လိုအပ်ချက်ဖြစ်သည့် ၂၀၂၄ ခုနှစ် သန်းခေါင် စာရင်းကောက်ယူရေးကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ စာရင်းကောက်ယူမှုအနေဖြင့် e-ID Software ဖြင့် ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းနှင့် တိုက်ဆိုင်စစ်ဆေး ကောက်ယူခဲ့သည့် အိမ်ထောင်စု ၁၂ ဒသမ ၁ သန်းကျော်၊ လက်ရှိဒေသ၌ အိမ်ထောင်စုစာရင်းမရှိသဖြင့် အလွတ်ပုံစံများဖြင့် ကောက်ယူခဲ့သည့် အိမ်ထောင်စု ၂ ဒသမ ၈သန်းကျော်၊ စုစုပေါင်းအိမ်ထောင်စု ၁၄ ဒသမ ၉ သန်းကျော် ကောက်ယူပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

zawgyi version
မသန္စြမ္းသူမ်ား ဆႏၵမဲေပးရာတြင္ လြယ္ကူေစရန္ အသုံးျပဳမည့္ ပစၥည္းကိရိယာမ်ားႏွင့္ ဆႏၵမဲေပးပုံေပးနည္းမ်ားကို သိရွိေစေရးအတြက္ ေဆာင္႐ြက္ရန္လိုဟုဆို
ေစာ (NP News) - ႏိုဝင္ဘာ ၁၆
မသန္စြမ္းသူမ်ား ဆႏၵမဲေပးရာတြင္ အဆင္ေျပလြယ္ကူေစရန္ အသုံးျပဳမည့္ ပစၥည္းကိရိယာမ်ား ႏွင့္ ဆႏၵမဲေပးပုံေပးနည္းမ်ားကို သိရွိေစေရးအတြက္ ေဆာင္႐ြက္သြားရန္လိုအပ္ ေၾကာင္း ဝန္ႀကီး ေဒါက္တာစိုးဝင္းက ေျပာၾကားခဲ့သည္။
လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရး ႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာစိုးဝင္းက ယမန္ေန႔(ႏိုဝင္ဘာလ ၁၅ ရက္)တြင္ ေနျပည္ေတာ္၌ က်င္းပေသာ မသန္စြမ္းသူမ်ား အခြင့္အေရးဆိုင္ရာ အမ်ိဳးသားေကာ္မတီအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ဝန္ႀကီးေဒါက္တာစိုးဝင္းက မသန္စြမ္းသူမ်ား ဆႏၵမဲေပးရာတြင္ အဆင္ေျပလြယ္ကူေစရန္ သက္ဆိုင္ရာမဲဆႏၵနယ္ေျမအလိုက္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္မ်ား လိုက္နာေဆာင္ ႐ြက္ႏိုင္ေရးအတြက္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္သြားရန္လိုအပ္ေၾကာင္းလည္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ မသန္စြမ္းမႈ အဆင့္သတ္မွတ္ျခင္းႏွင့္ မွတ္ပုံတင္ျခင္းလုပ္ငန္းကိုလည္း ၿပီးခဲ့သည့္ (၂၀၂၂-၂၀၂၃)ဘ႑ာႏွစ္တြင္ စီမံကိန္းၿမိဳ႕နယ္(၄)ခု၌ အေကာင္ထည္ေဖာ္ေဆာင္႐ြက္ခဲ့ၿပီး (၂၀၂၃-၂၀၂၄)ဘ႑ာႏွစ္တြင္ စီမံကိန္းၿမိဳ႕နယ္(၁၀)ခု၌ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရးအတြက္ အဓိက လိုအပ္ခ်က္ျဖစ္သည့္ ၂၀၂၄ ခုႏွစ္ သန္းေခါင္ စာရင္းေကာက္ယူေရးကို ေဆာင္႐ြက္လ်က္ရွိရာ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာ ၃၁ ရက္အထိ စာရင္းေကာက္ယူမႈအေနျဖင့္ e-ID Software ျဖင့္ ထုတ္ယူထားသည့္ အိမ္ေထာင္စုစာရင္းႏွင့္ တိုက္ဆိုင္စစ္ေဆး ေကာက္ယူခဲ့သည့္ အိမ္ေထာင္စု ၁၂ ဒသမ ၁ သန္းေက်ာ္၊ လက္ရွိေဒသ၌ အိမ္ေထာင္စုစာရင္းမရွိသျဖင့္ အလြတ္ပုံစံမ်ားျဖင့္ ေကာက္ယူခဲ့သည့္ အိမ္ေထာင္စု ၂ ဒသမ ၈သန္းေက်ာ္၊ စုစုေပါင္းအိမ္ေထာင္စု ၁၄ ဒသမ ၉ သန္းေက်ာ္ ေကာက္ယူၿပီးစီးၿပီ ျဖစ္ေၾကာင္း သိရသည္။