မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်ကို ဆက်သွယ်ပေးသော အတ္တရံမြစ်ကူးတံတား မိုင်းခွဲဖျက်ဆီးခံရ၍ ကျိုးကျပျက်စီးခဲ့

 9104

မြူနစ် (NP News) - နိုဝင်ဘာ ၁၈

မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်ကို ဆက်သွယ်ပေးသော အတ္တရံမြစ်ကူးတံတား(ချောင်းနှစ်ခွ)သည် မိုင်းခွဲဖျက်ဆီးခံရ၍ ကျိုးကျပျက်စီးသွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အတ္တရံတံတား(ချောင်းနှစ်ခွ)သည် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာတွင် တည်ရှိပြီး နိုဝင်ဘာလ ၁၆ ရက် ညပိုင်းတွင် မိုင်းခွဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။

“တံတားအောက်ခြေဆုံကို မိုင်းကပ်ပြီး ခွဲသွားတာပေါ့။ တံတားကတော့ လုံးဝကျိုးကျသွားတယ်။ KNU ကပဲ လုပ်တာပေါ့။ ကြာအင်းဆိပ်ကြီးနဲ့ မွန်ပြည်နယ် အဆက်အသွယ်ပြတ်သွားတဲ့ သဘောမျိုးပေါ့” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူက ဆက်လက်ပြောသည်။

၎င်းအတ္တရံမြစ်ကူးတံတား(ချောင်းနှစ်ခွ)ကို KNU ပူးပေါင်းလက်နက်ကိုင်အဖွဲ့က မိုင်းခွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထိုသို့ မိုင်းခွဲခံရမှုကြောင့် အတ္တရံမြစ်ကူးတံတားသည် ကျိုးကျပျက်စီးသွားခဲ့ပြီး လက်ရှိတွင် လမ်းပန်း ဆက်သွယ်ရေးများ ပြတ်တောက်နေကာ ဒေသခံပြည်သူများအတွက် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကြားမှာရှိတဲ့ တံတားလို့လည်း ပြောလို့ရတာပေါ့။ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူနဲ့ မွန်ပြည်နယ်ကို ဆက်တဲ့တံတားလေ။ အစိုးရအဖွဲ့တွေနဲ့ ဒေသခံတွေက အဲဒီတံတားကို အသုံးပြုတာများပါတယ်။ ဒေသဆိုင်ရာ ကုန်စည်စီးဆင်းမှုအပိုင်းမှာလည်း ထိခိုက်နိုင်တာပေါ့။ အခုတော့ အဆက်အသွယ်ပြတ်တောက်နေတာပေါ့”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူက ပြောသည်။

ပြီးခဲ့သောကာလများအတွင်းကလည်း KNU၊ PDF ပူးပေါင်းအဖွဲ့များသည် ပဲခူးတိုင်း၊ ကျောက်ကြီး၊ နတ်သံကွင်းတကြောရှိ တံတားများကို မိုင်းခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့ဖူးသည်။

zawgyi version
မြန္ျပည္နယ္ ႏွင့္ ကရင္ျပည္နယ္ကို ဆက္သြယ္ေပးေသာ အတၱရံျမစ္ကူးတံတား မိုင္းခြဲဖ်က္ဆီးခံရ၍ က်ိဳးက်ပ်က္စီးခဲ့
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၁၈

မြန္ျပည္နယ္ ႏွင့္ ကရင္ျပည္နယ္ကို ဆက္သြယ္ေပးေသာ အတၱရံျမစ္ကူးတံတား(ေခ်ာင္းႏွစ္ခြ)သည္ မိုင္းခြဲဖ်က္ဆီးခံရ၍ က်ိဳးက်ပ်က္စီးသြားခဲ့ေၾကာင္း သတင္းရရွိသည္။

အဆိုပါ အတၱရံတံတား(ေခ်ာင္းႏွစ္ခြ)သည္ မြန္ျပည္နယ္၊ က်ိဳက္မေရာၿမိဳ႕နယ္၊ ေခ်ာင္းႏွစ္ခြေက်း႐ြာတြင္ တည္ရွိၿပီး ႏိုဝင္ဘာလ ၁၆ ရက္ ညပိုင္းတြင္ မိုင္းခြဲဖ်က္ဆီးခံခဲ့ရျခင္းျဖစ္ေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။

“တံတားေအာက္ေျခဆုံကို မိုင္းကပ္ၿပီး ခြဲသြားတာေပါ့။ တံတားကေတာ့ လုံးဝက်ိဳးက်သြားတယ္။ KNU ကပဲ လုပ္တာေပါ့။ ၾကာအင္းဆိပ္ႀကီးနဲ႔ မြန္ျပည္နယ္ အဆက္အသြယ္ျပတ္သြားတဲ့ သေဘာမ်ိဳးေပါ့” ဟု မြန္ျပည္နယ္အစိုးရအဖြဲ႕ႏွင့္နီးစပ္သူက ဆက္လက္ေျပာသည္။

၎အတၱရံျမစ္ကူးတံတား(ေခ်ာင္းႏွစ္ခြ)ကို KNU ပူးေပါင္းလက္နက္ကိုင္အဖြဲ႕က မိုင္းခြဲခဲ့ျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

ထိုသို႔ မိုင္းခြဲခံရမႈေၾကာင့္ အတၱရံျမစ္ကူးတံတားသည္ က်ိဳးက်ပ်က္စီးသြားခဲ့ၿပီး လက္ရွိတြင္ လမ္းပန္း ဆက္သြယ္ေရးမ်ား ျပတ္ေတာက္ေနကာ ေဒသခံျပည္သူမ်ားအတြက္ အခက္အခဲျဖစ္ေပၚလ်က္ရွိေၾကာင္း သိရသည္။

“မြန္ျပည္နယ္နဲ႔ ကရင္ျပည္နယ္ၾကားမွာရွိတဲ့ တံတားလို႔လည္း ေျပာလို႔ရတာေပါ့။ ၾကာအင္းဆိပ္ႀကီး၊ ဘုရားသုံးဆူနဲ႔ မြန္ျပည္နယ္ကို ဆက္တဲ့တံတားေလ။ အစိုးရအဖြဲ႕ေတြနဲ႔ ေဒသခံေတြက အဲဒီတံတားကို အသုံးျပဳတာမ်ားပါတယ္။ ေဒသဆိုင္ရာ ကုန္စည္စီးဆင္းမႈအပိုင္းမွာလည္း ထိခိုက္ႏိုင္တာေပါ့။ အခုေတာ့ အဆက္အသြယ္ျပတ္ေတာက္ေနတာေပါ့”ဟု မြန္ျပည္နယ္အစိုးရအဖြဲ႕ႏွင့္နီးစပ္သူက ေျပာသည္။

ၿပီးခဲ့ေသာကာလမ်ားအတြင္းကလည္း KNU၊ PDF ပူးေပါင္းအဖြဲ႕မ်ားသည္ ပဲခူးတိုင္း၊ ေက်ာက္ႀကီး၊ နတ္သံကြင္းတေၾကာရွိ တံတားမ်ားကို မိုင္းခြဲဖ်က္ဆီးမႈမ်ား ျပဳလုပ္ခဲ့ဖူးသည္။

Related news

© 2021. All rights reserved.