ရွှေ-သမိုင်းတစ်လျှောက် လုံခြုံမှုလား/ လှည့်စားမှုလား

 894

တင်ဇာ (NP News) - အောက်တိုဘာလ ၂၉

လူ့သမိုင်းတစ်လျှောက် ရွှေဟာ သတ္တုတစ်မျိုး ထက် အမြဲတမ်းပိုခဲ့ပါတယ်။ အင်ပါယာတွေဟာ ရွှေ ကြောင့်ထူထောင်နိုင်ခဲ့ကြတယ်၊ စစ်ပွဲတွေဟာ ရွှေကြောင့်ဖြစ်ပွားခဲ့ကြတယ်၊ ငွေကြေးတွေဟာလည်း ရွှေနဲ့ ကျောထောက်နောက်ခံပြုခဲ့ကြရတယ်။ သို့သော်လည်း လူတွေ အလွန်အကြူးယုံကြည်မိတဲ့ ပုံပြင် တွေလိုပဲ ရွှေမှာလည်း မျက်လှည့်ဆန်တဲ့အခိုက်အ တန့်တွေရှိခဲ့ပါတယ်။ လူတွေရဲ့ လက်တွေ့ဘဝကို ပြင်းပြင်းထန်ထန်ပြိုလဲကျစေခဲ့တဲ့ အခိုက်အတန့် တွေပေါ့။ ဆိုးရွားတဲ့ အခြေအနေတွေမှာ အကောင်း ဆုံး စုဆောင်းမှုအဖြစ် မကြာခဏ သတ်မှတ်ခံရတဲ့ ရွှေဟာ လှည့်ဖြားမှုအရှိဆုံး အခန်းကဏ္ဍကနေ ပါဝင် ခဲ့တယ်လို့ သမိုင်းက ဖော်ပြပါတယ်။
(၁၉၇၀) ပြည့်လွန်နှစ်တွေနဲ့ (၁၉၈၀) ပြည့် လွန်နှစ်တွေ အစောပိုင်းတုန်းက ကမ္ဘာကြီးဟာ ရွှေပူဖောင်း (Gold Bubble) ရဲ့ သဘောတရားနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ (၁၉၇၁) ခုနှစ်မှာ အမေရိကန်က ရွှေစံနှုန်း (gold standard) ကို စွန့်လွှတ်လိုက်ပြီး တဲ့နောက် ရွှေဈေးတွေ စတက်လာခဲ့တယ်။ (၁၉၈၀) ပြည့်နှစ်အရောက်မှာတော့ ရွှေတစ်အောင်စကို ဒေါ်လာ (၈၅၀) ဝန်းကျင်အထိ မိုးထိုးတက်သွားခဲ့ပါတယ်။ အဲဒီ ခေတ်တုန်းက ဒီပမာဏဟာ အလွန်မြင့်မားတဲ့ ပမာဏ ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှု၊ နိုင်ငံရေး တင်းမာမှုနဲ့ ရေနံဈေးနှုန်း ရုတ်တရက် မြင့်တက်မှု တွေက ရင်းနှီးမြှုပ်နှံသူတွေကို ထိတ်လန့်စေပြီး သူတို့ ရဲ့ မျက်ကန်းယုံကြည်မှုနဲ့အတူ ရွှေဆီကိုသာ ဦး တည်သွားခဲ့တယ်။ ငွေစက္ကူအပေါ် ယုံကြည်မှု ပျောက်ဆုံးနေတဲ့လူတွေအတွက် ရွှေဟာ အစားထိုး ကိုးကွယ်ရာတစ်ခု ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ပူဖောင်း တွေဟာ ထူးဆန်းတဲ့အရာတွေဖြစ်ပါတယ်။ သူတို့ ဟာ လောဘကို အားယူသလိုပဲ ကြောက်ရွံ့မှုကိုလည်း အားယူကြတယ်။ အတိုးနှုန်းတွေ တက်လာပြီး ငွေ ကြေးဖောင်းပွမှု လျော့ကျသွားတာနဲ့တစ်ပြိုင်နက် ရွှေကို စုဆောင်းကြတဲ့ trend ကလည်း ပြန်ကျသွား တယ်။ ဒါ့ကြောင့် နှစ်နှစ်အတွင်းမှာ ရွှေဟာ သူ့တန်ဖိုး တစ်ဝက်ကျော်အထိ ပြန်ကျသွားခဲ့တယ်။ ဒီလိုနဲ့ပဲ ရွှေကို စုဆောင်းတာက ငွေကြေးဆိုင်ရာ လုံခြုံမှုရှိ တယ်လို့ ထင်ခဲ့တဲ့ လူအများအပြားဟာ အရှုံးတွေနဲ့ ထောင်ချောက်ဆင်ခံရတာကို တွေ့ခဲ့ကြရပါတယ်။
(၁၈၆၉) ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ " Black Friday " ရွှေအကြပ်အတည်းကတော့ အစောပိုင်း ကြုံတွေ့ခဲ့ရတဲ့ ရွှေပူဖောင်း ပေါက်ကွဲခြင်းက ဥပမာ တစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒီချိန်က ဓနရှင်တွေဖြစ်ကြတဲ့ Jay Gould နဲ့ James Fisk တို့ဟာ နိုင်ငံရေး အဆက်အသွယ်တွေကို အသုံးပြုပြီး အမေရိကန်ရဲ့ ရွှေဈေးကွက်ကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားခဲ့ကြပါ တယ်။ ရက်အနည်းငယ်ကြာတော့ အဲဒီနည်းလမ်း အလုပ်ဖြစ်ခဲ့ပြီး ဈေးနှုန်းတွေဟာ မိုးပျံအောင် မြင့်တက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အစိုးရက ဈေးကွက်ထဲကို ရွှေတွေအများကြီး ရုတ်တရက် ထည့် လိုက်တဲ့အခါမှာ အဲဒီပူဖောင်းဟာ တစ်ညတည်းနဲ့ ပေါက်ကွဲသွားခဲ့ပါတယ်။
ယ်ဝချမ်းသာမှုတွေ ပျောက်ဆုံးသွားတယ်၊ ရင်းနှီးမြှုပ်နှံသူတွေလည်း ဒေဝါလီခံခဲ့ကြရပြီး ဈေး ကွက်အပေါ် ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရပါတယ်။ ဒါဟာ ဈေး ကစားခြင်း (speculation)၊ နိုင်ငံရေး ဩဇာလွှမ်းမိုး မှုနဲ့ ပိုင်ဆိုင်မှုတွေအပေါ် ယုံကြည်မှုလွဲမှားခြင်းတို့ ပေါင်းစပ်ထားတဲ့ ပုံစံတစ်မျိုးပဲ ဖြစ်တယ်လို့ ဆိုရပါ မယ်။
(၂၁) ရာစုကာလဆီကို တစ်ဟုန်ထိုး ရောက်ရှိလာ ခဲ့သည့်တိုင် ရွှေဟာ အဲဒီလိုပဲ ဈေးကွက်ကို ကစားနေ တုန်းပါပဲ။ (၂၀ဝ၈) ခုနှစ် ငွေရေးကြေးရေး အကျပ် အတည်းကာလတုန်းက စတော့ဈေးကွက်တွေ လှုပ်ခတ်နေတုန်းမှာ ရွှေဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အချစ်တော် တစ်ဖန် ပြန်ဖြစ်လာခဲ့ပါတယ်။ ဈေးနှုန်း တွေဟာ တစ်အောင်စကို ဒေါ်လာ (၇၀ဝ) ဝန်းကျင် ကနေ (၂၀၁၁) ခုနှစ်မှာ ဒေါ်လာ (၁ယ၉၀ဝ) နီးပါး အထိ မြင့်တက်သွားခဲ့ပါတယ်။ ဒါကြောင့် အားလုံးရဲ့ စိတ်ထဲမှာ အရာအားလုံး ပြိုလဲသွားရင်တောင် ရွှေက မြဲမြံနေလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်ရှိလာပါတယ်။ ဒါပေမဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ပြီးဆုံးသွားပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြန်လည်နာလန်ထူလာတဲ့ အခါမှာတော့ ဈေးနှုန်းတွေ ပြန်လည်ကျဆင်းသွားခဲ့ ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အကြီးအကျယ် ပျက်စီး ဆုံးရှုံးမှုနဲ့ အဆုံးသတ်သွားခဲ့ခြင်း မရှိပေမယ့် ရွှေတန် ဖိုးဟာ ယုတ္တိဗေဒထက် ကျော်လွန်အောင် ဘယ်လောက် လွယ်လွယ်ကူကူ ဖောင်းပွနိုင်တယ်ဆိုတာကို ပြသခဲ့ ပါတယ်။
ယနေ့ခေတ်မှာရော ရွှေပူဖောင်းအသစ်တစ်ခု ထပ်မံဖြစ်ပေါ်လာမယ်ဆိုရင် ဘယ်လို အခြေအနေရှိ လာနိုင်မလဲ။ ယခု အခြေအနေတွေဟာ ပူဖောင်း တစ်ခုအတွက် အဆင်သင့် ဖြစ်နေပါတယ်။ နောက်ပြီး အကျိုးဆက်က အရင်ကထက် ပိုပြီး ရှုပ်ထွေးနိုင် ပါတယ်။ ငွေကြေးဖောင်းပွမှု၊ ပထဝီနိုင်ငံရေး ထိတ် လန့်မှုတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး မရေရာ မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ရွှေဈေးနှုန်းတွေဟာ စံချိန်တင် အမြင့်ဆုံးအနေအထားကို ရောက်ရှိ နေပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကနေစလို့ တူရကီအထိ သူတို့ရဲ့ ဗဟိုဘဏ်တွေဟာ ဒေါ်လာအသုံးပြုခြင်းကို ရှောင်ရှားဖို့အတွက်နဲ့ ရွှေတွေကို သိုလှောင်နေကြပါ တယ်။ လက်လီရင်းနှီးမြှုပ်နှံသူတွေကလည်း အဖွဲ့ အစည်းတွေကို မယုံကြည်တဲ့အတွက် ရွှေဒင်္ဂါးတွေနဲ့ ရွှေချောင်းတွေကို ဝယ်ယူနေကြပါတယ်။ ဒါဟာ ကြောက်ရွံ့မှု၊ ယုံကြည်မှုနဲ့ ဈေးကစားမှုဆိုတဲ့ ယခင်ပုံစံဟောင်းအတိုင်းပဲ ဖြစ်နေတာကို တွေ့ရပါ တယ်။
ဒါဆို ခုတစ်ကြိမ်မှာကော ရွှေပူဖောင်း ပေါက်ကွဲ ရင် ဘာဖြစ်လာမလဲ။ ပထမဆုံး လှိုင်းလုံးဟာ ရင်းနှီး မြှုပ်နှံသူတွေကို ထိခိုက်ပါလိမ့်မယ်။ လက်လီဝယ်ယူ သူတွေ၊ ငွေကြေးဖောင်းပွမှုဒဏ်ကို ကာကွယ်ဖို့ ရွှေကို သိုလှောင်ထားတဲ့ သာမန်ပြည်သူတွေဟာ သူတို့ရဲ့ ချမ်းသာြွကယ်ဝမှုတွေကျုံ့ဝင်သွားတာကို တွေ့ရပါလိမ့်မယ်။ ဒုတိယလှိုင်းလုံးကတော့ ရွှေအရန် ငွေများပြားတဲ့ စီးပွားရေးဖွံ့ဖြိုးဆဲနိုင်ငံတွေကို ထိ ခိုက်ပါလိမ့်မယ်။ ရွှေကို သူတို့ရဲ့ငွေကြေးတည်ငြိမ် အောင် ဒါမှမဟုတ် နိုင်ငံပိုင်ရန်ပုံငွေတွေကို ကျော ထောက်နောက်ခံပြုဖို့ အသုံးပြုနေတဲ့ နိုင်ငံတွေဟာ သူတို့ရဲ့ ငွေကြေးဆိုင်ရာ စိတ်ချလုံခြုံရေး ကွန်ရက် ပျောက်ကွယ်သွားတာကို တွေ့ရှိရပါလိမ့်မယ်။ ဗဟို ဘဏ်တွေက နောက်ထပ်ဆုံးရှုံးမှုတွေကို ကာကွယ်ဖို့ ရွှေတွေ ပြန်ထုတ်ရောင်းချဖို့ ကြိုးစားခဲ့ရင် ကွင်းဆက် အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဈေးနှုန်း တွေ ကျဆင်းခြင်း၊ ငွေကြေးလည်ပတ်မှု ပြတ်လပ်ခြင်း နဲ့ စတော့နဲ့ ငွေတိုက်စာချုပ် ဈေးကွက်တွေအထိပါ ရိုက်ခတ်မှုတွေ ဖြစ်လာနိုင်ပါတယ်။
Michael Lewis ရဲ့ The Big Short စာအုပ်မှာ အားကောင်းတဲ့အတွေးအခေါ်တစ်ခုရှိပါ တယ်။ အဲဒါကတော့ ပူဖောင်းတွေဟာ သူတို့ကြီး ထွားလာနေချိန်မှာ အမြဲတမ်း အဓိပ္ပာယ်ရှိတယ်ဆိုတဲ့ အချက်ပါပဲ။ လူတိုင်းက အဲဒါကို မှန်ကန်ကြောင်း သက် သေပြဖို့ " ဒီတစ်ကြိမ်ကတော့ မတူဘူး"ဆိုတဲ့ ဇာတ်ကြောင်းတစ်ခုကို ရှာဖွေတတ်ကြတယ်။ လူတွေက ရွှေဟာ ထာဝရတည်မြဲတဲ့ ရုပ်ဝတ္ထု ဖြစ်တဲ့အတွက် ပြိုလဲမှုဒဏ်ကို ခုခံနိုင်တယ်လို့ ငြင်းခုံပါလိမ့်မယ်။ ဒါပေမဲ့ အမှန်တကယ်တော့ ရွှေဈေးနှုန်းဟာ နည်းပညာစတော့တွေ၊ အိမ်ခြံမြေ ဈေးကွက်တွေ တစ်ဟုန်ထိုး တိုးတက်ဖို့တွန်းအားပေး တဲ့ အရာတစ်ခုသာသာပါပဲ။ လူတိုင်းက ရွှေကို မရှုံးနိမ့်နိုင်ဘူးလို့ စတင်သဘောထားတဲ့အချိန်ဟာ အများအားဖြင့် ရွှေဟာအပျက်စီးလွယ်ဆုံး ဖြစ်နေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။
Carmen Reinhart နဲ့ Kenneth Rogoff တို့ရဲ့ This Time Is Different စာအုပ်က ငွေရေးကြေးရေး အကျပ်အတည်းတွေအားလုံးမှာ မေ့လျော့မှုဆိုတဲ့ အခြေခံအကြောင်းရင်း တစ်ခုတည်း ရှိတယ်ဆိုတာကို ပြသပါတယ်။ အိမ်ခြံမြေ သို့မဟုတ် အကြွးပူဖောင်းတွေလိုပဲ ရွှေပူဖောင်းတွေဟာ ဈေးနှုန်းတွေ ကျဆင်းနိုင်တယ်ဆိုတဲ့အချက်ကို မေ့ထားခြင်းကြောင့် ကြုံတွေ့ရတာပဲ ဖြစ်ပါတယ်။ စာရေးသူတွေက ငွေကြေး သမိုင်းရဲ့ ရာစုနှစ် ရှစ်စု တစ်လျှောက် ဒီအချက်ကို ခြေရာခံခဲ့ကြပြီး အခြေ အနေတိုင်းမှာ လုံခြုံမှုရဲ့ လှည့်စားမှုဟာ ထိတ်လန့်တ ကြား ရောင်းချခြင်းနဲ့ပဲ အဆုံးသတ်သွားတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ခုလို ခေတ်သစ်ကမ္ဘာမှာ တော့ ပြိုလဲမှုအခြေအနေတစ်ခုရဲ့ အကျိုးဆက်တွေ ဟာ ငွေကြေး နယ်ပယ် ထက်ကို ကျော်လွန်သွားနိုင်ပါ တယ်။ ရွှေဟာ ပထဝီနိုင်ငံရေးမှာ သိမ်မွေ့ပေမယ့် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဥပမာအနေနဲ့ဆိုရရင် တရုတ်နိုင်ငံရဲ့ ရွှေအရန်ငွေ စုဆောင်းခြင်းဟာ ရင်းနှီးမြှုပ်နှံမှုသက်သက်သာ မဟုတ်ပါဘူး။ ဒါဟာ အမေရိကန်ဒေါ်လာရဲ့ လွှမ်းမိုးမှုကို ဆန့်ကျင်တဲ့အနေနဲ့ လုပ်ဆောင်ချက် တစ်ခုလည်း ဖြစ်ပါတယ်။
အကယ်၍ ရွှေဈေးနှုန်းတွေပြိုလဲခဲ့ရင် အဲဒီ လုပ်ဆောင်ချက်ကိုပါ လှုပ်ခါသွားစေနိုင်ပါတယ်။ ဒါကြောင့် စီးပွားရေးယုံကြည်မှုကို အားနည်းစေပြီး နိုင်ငံခြားရေးမူဝါဒ ရွေးချယ်မှုတွေကို သက်ရောက်မှု ရှိစေပါလိမ့်မယ်။ အလားတူပဲ ရွှေဟာ ယဉ်ကျေး မှုအရနဲ့ လူမှုရေးအရ အရေးပါတဲ့ အိန္ဒိယနိုင်ငံလို နိုင်ငံမျိုးမှာဆိုရင် ရွှေဈေးပြိုလဲမှုဟာ အိမ်ထောင်စု တွေရဲ့ စားဝတ်နေရေးအပြင် စားသုံးသူတွေအနေနဲ့ ဈေးကွက် မတည်ငြိမ်မှုရဲ့ ရုတ်ခတ်မှုတွေကို အပြင်း အထန်ခံစားရမှာ ဖြစ်ပါတယ်။
တစ်ဖက်ကကြည့်မယ်ဆိုရင်လည်း ဒီပြိုလဲမှု တွေကနေ အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ပါ တယ်။ ငွေကြေးတောင့်တင်းတဲ့ ရင်းနှီးမြှုပ်နှံသူတွေ ဟာ ရွှေကို ဈေးပေါပေါနဲ့ ပြန်လည်ဝယ်ယူနိုင်ပါ လိမ့်မယ်။ ဒါကြောင့် ဈေးကစားတဲ့ ရွှေသွင်းကုန် တွေအပေါ်မှာ ကြာရှည်စွာ ဓားစာခံဖြစ်နေခဲ့တဲ့ စီးပွား ရေးစနစ်တွေဟာ ပိုမိုအကျိုးဖြစ်ထွန်းစေတဲ့ ရင်း နှီးမြှုပ်နှံမှုတွေဆီ ဦးလှည့်သွားနိုင်ပါတယ်။
အခက်အခဲဆုံးအပိုင်းကတော့ အဲဒီလို အချိန် မျိုးတွေမှာ အစိုးရတွေနဲ့ ဗဟိုဘဏ်တွေဟာ မကြာ ခဏဆိုသလို ကြိုးတန်းပေါ် လမ်းလျှောက်နေရသလို ဖြစ်နေတာပါပဲ။ လွန်လွန်ကြူးကြူး ဝင်ရောက် စွက်ဖက်ခြင်းဟာ ထိတ်လန့်မှုကို ပိုမိုနက်ရှိုင်းစေ နိုင်ပါတယ်။ ဘာမှမလုပ်ဘဲနေခြင်းကလည်း ပိုဆိုး သွားစေနိုင်ပါတယ်။ နောက်တစ်ကြိမ် အကြီးစား ပြိုလဲမှုက ရွှေကနေ ဖြစ်ပေါ်လာခဲ့မယ်ဆိုရင် ဒါဟာ ပိုက်ဆံသက်သက်အကြောင်း မဟုတ်ပါဘူး။ ဒါဟာ စိတ်ပညာအကြောင်း ဖြစ်လာပါလိမ့်မယ်။ မရေရာတဲ့ ကမ္ဘာကြီးထဲမှာ လူတွေက တည်မြဲမှုဆိုတဲ့ အယူအဆ အပေါ် ဘယ်လောက်အထိ ယုံကြည်မှုထားရှိလဲ ဆိုတာကို ပြသတာပါပဲ။ ကမ္ဘာကြီးရဲ့ ရွှေအပေါ် စွဲလမ်းမှုဟာ စီးပွားရေးအကြောင်း ပြောတာထက် ကြောက်ရွံ့မှုအကြောင်း ပိုပြီး ပြောနေတာပါ။ ဆုံးရှုံး မှာကို ကြောက်ရွံ့ခြင်း၊ မတည်ငြိမ်မှာကို ကြောက်ရွံ့ ခြင်းနဲ့ စာချုပ်ကတိကဝတ်တွေကို ကြောက်ရွံ့ခြင်းတို့ပဲ ဖြစ်ပါတယ်။
စိတ်ဝင်စားစရာကောင်းတာက အမေရိကန်ပြည် ထောင်စုဟာ ရွှေပြိုလဲမှုဒဏ်ကို သိပ်ပြီး ခံစားရမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့ စီးပွားရေးဟာ ရွှေအရန်ငွေတွေနဲ့ တည်ဆောက်ထားတာ မဟုတ်ဘဲ နည်းပညာ၊ ဝန်ဆောင်မှုတွေနဲ့ ဒေါ်လာရဲ့ ကမ္ဘာလုံး ဆိုင်ရာ လွှမ်းမိုးမှုအပေါ်မှာ တည်ဆောက်ထား တာကြောင့် ဖြစ်ပါတယ်။ တခြားနိုင်ငံတွေ အထူး သဖြင့် သူတို့ရဲ့ ငွေကြေး သို့မဟုတ် အရန်ငွေတွေကို ကျောထောက်နောက်ခံပြုဖို့ ရွှေတွေ သိုလှောင်နေတဲ့ နိုင်ငံတွေဟာ သူတို့ရဲ့ ငွေရေးကြေးရေး အကာအကွယ်တွေ ညတွင်းချင်း တန်ဖိုးကျဆင်းသွားတဲ့အခါ ပိုပြီးပြင်းထန်တဲ့ ထိတ်လန့်မှုတွေကို ရင်ဆိုင်ရပါလိမ့်မယ်။

Zawgyi Version:
ေ႐ႊ-သမိုင္းတစ္ေလွ်ာက္ လုံၿခဳံမႈလား/ လွည့္စားမႈလား
တင္ဇာ (NP News) - ေအာက္တိုဘာလ ၂၉

လူ႔သမိုင္းတစ္ေလွ်ာက္ ေ႐ႊဟာ သတၱဳတစ္မ်ိဳး ထက္ အၿမဲတမ္းပိုခဲ့ပါတယ္။ အင္ပါယာေတြဟာ ေ႐ႊ ေၾကာင့္ထူေထာင္ႏိုင္ခဲ့ၾကတယ္၊ စစ္ပြဲေတြဟာ ေ႐ႊေၾကာင့္ျဖစ္ပြားခဲ့ၾကတယ္၊ ေငြေၾကးေတြဟာလည္း ေ႐ႊနဲ႔ ေက်ာေထာက္ေနာက္ခံျပဳခဲ့ၾကရတယ္။ သို႔ေသာ္လည္း လူေတြ အလြန္အၾကဴးယုံၾကည္မိတဲ့ ပုံျပင္ ေတြလိုပဲ ေ႐ႊမွာလည္း မ်က္လွည့္ဆန္တဲ့အခိုက္အ တန႔္ေတြရွိခဲ့ပါတယ္။ လူေတြရဲ႕ လက္ေတြ႕ဘဝကို ျပင္းျပင္းထန္ထန္ၿပိဳလဲက်ေစခဲ့တဲ့ အခိုက္အတန႔္ ေတြေပါ့။ ဆိုး႐ြားတဲ့ အေျခအေနေတြမွာ အေကာင္း ဆုံး စုေဆာင္းမႈအျဖစ္ မၾကာခဏ သတ္မွတ္ခံရတဲ့ ေ႐ႊဟာ လွည့္ျဖားမႈအရွိဆုံး အခန္းက႑ကေန ပါဝင္ ခဲ့တယ္လို႔ သမိုင္းက ေဖာ္ျပပါတယ္။
(၁၉၇၀) ျပည့္လြန္ႏွစ္ေတြနဲ႔ (၁၉၈၀) ျပည့္ လြန္ႏွစ္ေတြ အေစာပိုင္းတုန္းက ကမာၻႀကီးဟာ ေ႐ႊပူေဖာင္း (Gold Bubble) ရဲ႕ သေဘာတရားနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။ (၁၉၇၁) ခုႏွစ္မွာ အေမရိကန္က ေ႐ႊစံႏႈန္း (gold standard) ကို စြန႔္လႊတ္လိုက္ၿပီး တဲ့ေနာက္ ေ႐ႊေဈးေတြ စတက္လာခဲ့တယ္။ (၁၉၈၀) ျပည့္ႏွစ္အေရာက္မွာေတာ့ ေ႐ႊတစ္ေအာင္စကို ေဒၚလာ (၈၅၀) ဝန္းက်င္အထိ မိုးထိုးတက္သြားခဲ့ပါတယ္။ အဲဒီ ေခတ္တုန္းက ဒီပမာဏဟာ အလြန္ျမင့္မားတဲ့ ပမာဏ ျဖစ္ပါတယ္။ ေငြေၾကးေဖာင္းပြမႈ၊ ႏိုင္ငံေရး တင္းမာမႈနဲ႔ ေရနံေဈးႏႈန္း ႐ုတ္တရက္ ျမင့္တက္မႈ ေတြက ရင္းႏွီးျမႇဳပ္ႏွံသူေတြကို ထိတ္လန႔္ေစၿပီး သူတို႔ ရဲ႕ မ်က္ကန္းယုံၾကည္မႈနဲ႔အတူ ေ႐ႊဆီကိုသာ ဦး တည္သြားခဲ့တယ္။ ေငြစကၠဴအေပၚ ယုံၾကည္မႈ ေပ်ာက္ဆုံးေနတဲ့လူေတြအတြက္ ေ႐ႊဟာ အစားထိုး ကိုးကြယ္ရာတစ္ခု ျဖစ္လာခဲ့တယ္။ ဒါေပမဲ့ ပူေဖာင္း ေတြဟာ ထူးဆန္းတဲ့အရာေတြျဖစ္ပါတယ္။ သူတို႔ ဟာ ေလာဘကို အားယူသလိုပဲ ေၾကာက္႐ြံ႕မႈကိုလည္း အားယူၾကတယ္။ အတိုးႏႈန္းေတြ တက္လာၿပီး ေငြ ေၾကးေဖာင္းပြမႈ ေလ်ာ့က်သြားတာနဲ႔တစ္ၿပိဳင္နက္ ေ႐ႊကို စုေဆာင္းၾကတဲ့ trend ကလည္း ျပန္က်သြား တယ္။ ဒါ့ေၾကာင့္ ႏွစ္ႏွစ္အတြင္းမွာ ေ႐ႊဟာ သူ႔တန္ဖိုး တစ္ဝက္ေက်ာ္အထိ ျပန္က်သြားခဲ့တယ္။ ဒီလိုနဲ႔ပဲ ေ႐ႊကို စုေဆာင္းတာက ေငြေၾကးဆိုင္ရာ လုံၿခဳံမႈရွိ တယ္လို႔ ထင္ခဲ့တဲ့ လူအမ်ားအျပားဟာ အရႈံးေတြနဲ႔ ေထာင္ေခ်ာက္ဆင္ခံရတာကို ေတြ႕ခဲ့ၾကရပါတယ္။
(၁၈၆၉) ခုႏွစ္မွာ ျဖစ္ေပၚခဲ့တဲ့ " Black Friday " ေ႐ႊအၾကပ္အတည္းကေတာ့ အေစာပိုင္း ႀကဳံေတြ႕ခဲ့ရတဲ့ ေ႐ႊပူေဖာင္း ေပါက္ကြဲျခင္းက ဥပမာ တစ္ခုျဖစ္ခဲ့ပါတယ္။ အဲဒီခ်ိန္က ဓနရွင္ေတြျဖစ္ၾကတဲ့ Jay Gould နဲ႔ James Fisk တို႔ဟာ ႏိုင္ငံေရး အဆက္အသြယ္ေတြကို အသုံးျပဳၿပီး အေမရိကန္ရဲ႕ ေ႐ႊေဈးကြက္ကို လက္ဝါးႀကီးအုပ္ဖို႔ ႀကိဳးစားခဲ့ၾကပါ တယ္။ ရက္အနည္းငယ္ၾကာေတာ့ အဲဒီနည္းလမ္း အလုပ္ျဖစ္ခဲ့ၿပီး ေဈးႏႈန္းေတြဟာ မိုးပ်ံေအာင္ ျမင့္တက္ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ အစိုးရက ေဈးကြက္ထဲကို ေ႐ႊေတြအမ်ားႀကီး ႐ုတ္တရက္ ထည့္ လိုက္တဲ့အခါမွာ အဲဒီပူေဖာင္းဟာ တစ္ညတည္းနဲ႔ ေပါက္ကြဲသြားခဲ့ပါတယ္။
ယ္ဝခ်မ္းသာမႈေတြ ေပ်ာက္ဆုံးသြားတယ္၊ ရင္းႏွီးျမႇဳပ္ႏွံသူေတြလည္း ေဒဝါလီခံခဲ့ၾကရၿပီး ေဈး ကြက္အေပၚ ယုံၾကည္မႈ ျပန္လည္တည္ေဆာက္ဖို႔ ႏွစ္ေပါင္းမ်ားစြာ အခ်ိန္ယူခဲ့ရပါတယ္။ ဒါဟာ ေဈး ကစားျခင္း (speculation)၊ ႏိုင္ငံေရး ဩဇာလႊမ္းမိုး မႈနဲ႔ ပိုင္ဆိုင္မႈေတြအေပၚ ယုံၾကည္မႈလြဲမွားျခင္းတို႔ ေပါင္းစပ္ထားတဲ့ ပုံစံတစ္မ်ိဳးပဲ ျဖစ္တယ္လို႔ ဆိုရပါ မယ္။
(၂၁) ရာစုကာလဆီကို တစ္ဟုန္ထိုး ေရာက္ရွိလာ ခဲ့သည့္တိုင္ ေ႐ႊဟာ အဲဒီလိုပဲ ေဈးကြက္ကို ကစားေန တုန္းပါပဲ။ (၂၀ဝ၈) ခုႏွစ္ ေငြေရးေၾကးေရး အက်ပ္ အတည္းကာလတုန္းက စေတာ့ေဈးကြက္ေတြ လႈပ္ခတ္ေနတုန္းမွာ ေ႐ႊဟာ ရင္းႏွီးျမႇဳပ္ႏွံသူေတြရဲ႕ အခ်စ္ေတာ္ တစ္ဖန္ ျပန္ျဖစ္လာခဲ့ပါတယ္။ ေဈးႏႈန္း ေတြဟာ တစ္ေအာင္စကို ေဒၚလာ (၇၀ဝ) ဝန္းက်င္ ကေန (၂၀၁၁) ခုႏွစ္မွာ ေဒၚလာ (၁ယ၉၀ဝ) နီးပါး အထိ ျမင့္တက္သြားခဲ့ပါတယ္။ ဒါေၾကာင့္ အားလုံးရဲ႕ စိတ္ထဲမွာ အရာအားလုံး ၿပိဳလဲသြားရင္ေတာင္ ေ႐ႊက ၿမဲၿမံေနလိမ့္မယ္ဆိုတဲ့ ယုံၾကည္ခ်က္ရွိလာပါတယ္။ ဒါေပမဲ့ စိုးရိမ္ထိတ္လန႔္မႈေတြ ၿပီးဆုံးသြားၿပီး ကမာၻလုံးဆိုင္ရာ စီးပြားေရး ျပန္လည္နာလန္ထူလာတဲ့ အခါမွာေတာ့ ေဈးႏႈန္းေတြ ျပန္လည္က်ဆင္းသြားခဲ့ ပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ အႀကီးအက်ယ္ ပ်က္စီး ဆုံးရႈံးမႈနဲ႔ အဆုံးသတ္သြားခဲ့ျခင္း မရွိေပမယ့္ ေ႐ႊတန္ ဖိုးဟာ ယုတၱိေဗဒထက္ ေက်ာ္လြန္ေအာင္ ဘယ္ေလာက္ လြယ္လြယ္ကူကူ ေဖာင္းပြႏိုင္တယ္ဆိုတာကို ျပသခဲ့ ပါတယ္။
ယေန႔ေခတ္မွာေရာ ေ႐ႊပူေဖာင္းအသစ္တစ္ခု ထပ္မံျဖစ္ေပၚလာမယ္ဆိုရင္ ဘယ္လို အေျခအေနရွိ လာႏိုင္မလဲ။ ယခု အေျခအေနေတြဟာ ပူေဖာင္း တစ္ခုအတြက္ အဆင္သင့္ ျဖစ္ေနပါတယ္။ ေနာက္ၿပီး အက်ိဳးဆက္က အရင္ကထက္ ပိုၿပီး ရႈပ္ေထြးႏိုင္ ပါတယ္။ ေငြေၾကးေဖာင္းပြမႈ၊ ပထဝီႏိုင္ငံေရး ထိတ္ လန႔္မႈေတြနဲ႔ ကမာၻလုံးဆိုင္ရာ ကုန္သြယ္ေရး မေရရာ မႈေတြကို တုံ႔ျပန္တဲ့အေနနဲ႔ ေ႐ႊေဈးႏႈန္းေတြဟာ စံခ်ိန္တင္ အျမင့္ဆုံးအေနအထားကို ေရာက္ရွိ ေနၿပီ ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံကေနစလို႔ တူရကီအထိ သူတို႔ရဲ႕ ဗဟိုဘဏ္ေတြဟာ ေဒၚလာအသုံးျပဳျခင္းကို ေရွာင္ရွားဖို႔အတြက္နဲ႔ ေ႐ႊေတြကို သိုေလွာင္ေနၾကပါ တယ္။ လက္လီရင္းႏွီးျမႇဳပ္ႏွံသူေတြကလည္း အဖြဲ႕ အစည္းေတြကို မယုံၾကည္တဲ့အတြက္ ေ႐ႊဒဂၤါးေတြနဲ႔ ေ႐ႊေခ်ာင္းေတြကို ဝယ္ယူေနၾကပါတယ္။ ဒါဟာ ေၾကာက္႐ြံ႕မႈ၊ ယုံၾကည္မႈနဲ႔ ေဈးကစားမႈဆိုတဲ့ ယခင္ပုံစံေဟာင္းအတိုင္းပဲ ျဖစ္ေနတာကို ေတြ႕ရပါ တယ္။
ဒါဆို ခုတစ္ႀကိမ္မွာေကာ ေ႐ႊပူေဖာင္း ေပါက္ကြဲ ရင္ ဘာျဖစ္လာမလဲ။ ပထမဆုံး လႈိင္းလုံးဟာ ရင္းႏွီး ျမႇဳပ္ႏွံသူေတြကို ထိခိုက္ပါလိမ့္မယ္။ လက္လီဝယ္ယူ သူေတြ၊ ေငြေၾကးေဖာင္းပြမႈဒဏ္ကို ကာကြယ္ဖို႔ ေ႐ႊကို သိုေလွာင္ထားတဲ့ သာမန္ျပည္သူေတြဟာ သူတို႔ရဲ႕ ခ်မ္းသာျြကယ္ဝမႈေတြက်ဳံ႕ဝင္သြားတာကို ေတြ႕ရပါလိမ့္မယ္။ ဒုတိယလႈိင္းလုံးကေတာ့ ေ႐ႊအရန္ ေငြမ်ားျပားတဲ့ စီးပြားေရးဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြကို ထိ ခိုက္ပါလိမ့္မယ္။ ေ႐ႊကို သူတို႔ရဲ႕ေငြေၾကးတည္ၿငိမ္ ေအာင္ ဒါမွမဟုတ္ ႏိုင္ငံပိုင္ရန္ပုံေငြေတြကို ေက်ာ ေထာက္ေနာက္ခံျပဳဖို႔ အသုံးျပဳေနတဲ့ ႏိုင္ငံေတြဟာ သူတို႔ရဲ႕ ေငြေၾကးဆိုင္ရာ စိတ္ခ်လုံၿခဳံေရး ကြန္ရက္ ေပ်ာက္ကြယ္သြားတာကို ေတြ႕ရွိရပါလိမ့္မယ္။ ဗဟို ဘဏ္ေတြက ေနာက္ထပ္ဆုံးရႈံးမႈေတြကို ကာကြယ္ဖို႔ ေ႐ႊေတြ ျပန္ထုတ္ေရာင္းခ်ဖို႔ ႀကိဳးစားခဲ့ရင္ ကြင္းဆက္ အက်ိဳးဆက္ေတြ ျဖစ္ေပၚလာႏိုင္ပါတယ္။ ေဈးႏႈန္း ေတြ က်ဆင္းျခင္း၊ ေငြေၾကးလည္ပတ္မႈ ျပတ္လပ္ျခင္း နဲ႔ စေတာ့နဲ႔ ေငြတိုက္စာခ်ဳပ္ ေဈးကြက္ေတြအထိပါ ႐ိုက္ခတ္မႈေတြ ျဖစ္လာႏိုင္ပါတယ္။
Michael Lewis ရဲ႕ The Big Short စာအုပ္မွာ အားေကာင္းတဲ့အေတြးအေခၚတစ္ခုရွိပါ တယ္။ အဲဒါကေတာ့ ပူေဖာင္းေတြဟာ သူတို႔ႀကီး ထြားလာေနခ်ိန္မွာ အၿမဲတမ္း အဓိပၸာယ္ရွိတယ္ဆိုတဲ့ အခ်က္ပါပဲ။ လူတိုင္းက အဲဒါကို မွန္ကန္ေၾကာင္း သက္ ေသျပဖို႔ " ဒီတစ္ႀကိမ္ကေတာ့ မတူဘူး"ဆိုတဲ့ ဇာတ္ေၾကာင္းတစ္ခုကို ရွာေဖြတတ္ၾကတယ္။ လူေတြက ေ႐ႊဟာ ထာဝရတည္ၿမဲတဲ့ ႐ုပ္ဝတၳဳ ျဖစ္တဲ့အတြက္ ၿပိဳလဲမႈဒဏ္ကို ခုခံႏိုင္တယ္လို႔ ျငင္းခုံပါလိမ့္မယ္။ ဒါေပမဲ့ အမွန္တကယ္ေတာ့ ေ႐ႊေဈးႏႈန္းဟာ နည္းပညာစေတာ့ေတြ၊ အိမ္ၿခံေျမ ေဈးကြက္ေတြ တစ္ဟုန္ထိုး တိုးတက္ဖို႔တြန္းအားေပး တဲ့ အရာတစ္ခုသာသာပါပဲ။ လူတိုင္းက ေ႐ႊကို မရႈံးနိမ့္ႏိုင္ဘူးလို႔ စတင္သေဘာထားတဲ့အခ်ိန္ဟာ အမ်ားအားျဖင့္ ေ႐ႊဟာအပ်က္စီးလြယ္ဆုံး ျဖစ္ေနတဲ့ အခ်ိန္ပဲ ျဖစ္ပါတယ္။
Carmen Reinhart နဲ႔ Kenneth Rogoff တို႔ရဲ႕ This Time Is Different စာအုပ္က ေငြေရးေၾကးေရး အက်ပ္အတည္းေတြအားလုံးမွာ ေမ့ေလ်ာ့မႈဆိုတဲ့ အေျခခံအေၾကာင္းရင္း တစ္ခုတည္း ရွိတယ္ဆိုတာကို ျပသပါတယ္။ အိမ္ၿခံေျမ သို႔မဟုတ္ အႂကြးပူေဖာင္းေတြလိုပဲ ေ႐ႊပူေဖာင္းေတြဟာ ေဈးႏႈန္းေတြ က်ဆင္းႏိုင္တယ္ဆိုတဲ့အခ်က္ကို ေမ့ထားျခင္းေၾကာင့္ ႀကဳံေတြ႕ရတာပဲ ျဖစ္ပါတယ္။ စာေရးသူေတြက ေငြေၾကး သမိုင္းရဲ႕ ရာစုႏွစ္ ရွစ္စု တစ္ေလွ်ာက္ ဒီအခ်က္ကို ေျခရာခံခဲ့ၾကၿပီး အေျခ အေနတိုင္းမွာ လုံၿခဳံမႈရဲ႕ လွည့္စားမႈဟာ ထိတ္လန႔္တ ၾကား ေရာင္းခ်ျခင္းနဲ႔ပဲ အဆုံးသတ္သြားတယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါေပမဲ့ ခုလို ေခတ္သစ္ကမာၻမွာ ေတာ့ ၿပိဳလဲမႈအေျခအေနတစ္ခုရဲ႕ အက်ိဳးဆက္ေတြ ဟာ ေငြေၾကး နယ္ပယ္ ထက္ကို ေက်ာ္လြန္သြားႏိုင္ပါ တယ္။ ေ႐ႊဟာ ပထဝီႏိုင္ငံေရးမွာ သိမ္ေမြ႕ေပမယ့္ အေရးပါတဲ့ အခန္းက႑ကေန ပါဝင္ေနပါတယ္။ ဥပမာအေနနဲ႔ဆိုရရင္ တ႐ုတ္ႏိုင္ငံရဲ႕ ေ႐ႊအရန္ေငြ စုေဆာင္းျခင္းဟာ ရင္းႏွီးျမႇဳပ္ႏွံမႈသက္သက္သာ မဟုတ္ပါဘူး။ ဒါဟာ အေမရိကန္ေဒၚလာရဲ႕ လႊမ္းမိုးမႈကို ဆန႔္က်င္တဲ့အေနနဲ႔ လုပ္ေဆာင္ခ်က္ တစ္ခုလည္း ျဖစ္ပါတယ္။
အကယ္၍ ေ႐ႊေဈးႏႈန္းေတြၿပိဳလဲခဲ့ရင္ အဲဒီ လုပ္ေဆာင္ခ်က္ကိုပါ လႈပ္ခါသြားေစႏိုင္ပါတယ္။ ဒါေၾကာင့္ စီးပြားေရးယုံၾကည္မႈကို အားနည္းေစၿပီး ႏိုင္ငံျခားေရးမူဝါဒ ေ႐ြးခ်ယ္မႈေတြကို သက္ေရာက္မႈ ရွိေစပါလိမ့္မယ္။ အလားတူပဲ ေ႐ႊဟာ ယဥ္ေက်း မႈအရနဲ႔ လူမႈေရးအရ အေရးပါတဲ့ အိႏၵိယႏိုင္ငံလို ႏိုင္ငံမ်ိဳးမွာဆိုရင္ ေ႐ႊေဈးၿပိဳလဲမႈဟာ အိမ္ေထာင္စု ေတြရဲ႕ စားဝတ္ေနေရးအျပင္ စားသုံးသူေတြအေနနဲ႔ ေဈးကြက္ မတည္ၿငိမ္မႈရဲ႕ ႐ုတ္ခတ္မႈေတြကို အျပင္း အထန္ခံစားရမွာ ျဖစ္ပါတယ္။
တစ္ဖက္ကၾကည့္မယ္ဆိုရင္လည္း ဒီၿပိဳလဲမႈ ေတြကေန အခြင့္အလမ္းေတြကို ဖန္တီးေပးႏိုင္ပါ တယ္။ ေငြေၾကးေတာင့္တင္းတဲ့ ရင္းႏွီးျမႇဳပ္ႏွံသူေတြ ဟာ ေ႐ႊကို ေဈးေပါေပါနဲ႔ ျပန္လည္ဝယ္ယူႏိုင္ပါ လိမ့္မယ္။ ဒါေၾကာင့္ ေဈးကစားတဲ့ ေ႐ႊသြင္းကုန္ ေတြအေပၚမွာ ၾကာရွည္စြာ ဓားစာခံျဖစ္ေနခဲ့တဲ့ စီးပြား ေရးစနစ္ေတြဟာ ပိုမိုအက်ိဳးျဖစ္ထြန္းေစတဲ့ ရင္း ႏွီးျမႇဳပ္ႏွံမႈေတြဆီ ဦးလွည့္သြားႏိုင္ပါတယ္။
အခက္အခဲဆုံးအပိုင္းကေတာ့ အဲဒီလို အခ်ိန္ မ်ိဳးေတြမွာ အစိုးရေတြနဲ႔ ဗဟိုဘဏ္ေတြဟာ မၾကာ ခဏဆိုသလို ႀကိဳးတန္းေပၚ လမ္းေလွ်ာက္ေနရသလို ျဖစ္ေနတာပါပဲ။ လြန္လြန္ၾကဴးၾကဴး ဝင္ေရာက္ စြက္ဖက္ျခင္းဟာ ထိတ္လန႔္မႈကို ပိုမိုနက္ရႈိင္းေစ ႏိုင္ပါတယ္။ ဘာမွမလုပ္ဘဲေနျခင္းကလည္း ပိုဆိုး သြားေစႏိုင္ပါတယ္။ ေနာက္တစ္ႀကိမ္ အႀကီးစား ၿပိဳလဲမႈက ေ႐ႊကေန ျဖစ္ေပၚလာခဲ့မယ္ဆိုရင္ ဒါဟာ ပိုက္ဆံသက္သက္အေၾကာင္း မဟုတ္ပါဘူး။ ဒါဟာ စိတ္ပညာအေၾကာင္း ျဖစ္လာပါလိမ့္မယ္။ မေရရာတဲ့ ကမာၻႀကီးထဲမွာ လူေတြက တည္ၿမဲမႈဆိုတဲ့ အယူအဆ အေပၚ ဘယ္ေလာက္အထိ ယုံၾကည္မႈထားရွိလဲ ဆိုတာကို ျပသတာပါပဲ။ ကမာၻႀကီးရဲ႕ ေ႐ႊအေပၚ စြဲလမ္းမႈဟာ စီးပြားေရးအေၾကာင္း ေျပာတာထက္ ေၾကာက္႐ြံ႕မႈအေၾကာင္း ပိုၿပီး ေျပာေနတာပါ။ ဆုံးရႈံး မွာကို ေၾကာက္႐ြံ႕ျခင္း၊ မတည္ၿငိမ္မွာကို ေၾကာက္႐ြံ႕ ျခင္းနဲ႔ စာခ်ဳပ္ကတိကဝတ္ေတြကို ေၾကာက္႐ြံ႕ျခင္းတို႔ပဲ ျဖစ္ပါတယ္။
စိတ္ဝင္စားစရာေကာင္းတာက အေမရိကန္ျပည္ ေထာင္စုဟာ ေ႐ႊၿပိဳလဲမႈဒဏ္ကို သိပ္ၿပီး ခံစားရမွာ မဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ သူ႔ရဲ႕ စီးပြားေရးဟာ ေ႐ႊအရန္ေငြေတြနဲ႔ တည္ေဆာက္ထားတာ မဟုတ္ဘဲ နည္းပညာ၊ ဝန္ေဆာင္မႈေတြနဲ႔ ေဒၚလာရဲ႕ ကမာၻလုံး ဆိုင္ရာ လႊမ္းမိုးမႈအေပၚမွာ တည္ေဆာက္ထား တာေၾကာင့္ ျဖစ္ပါတယ္။ တျခားႏိုင္ငံေတြ အထူး သျဖင့္ သူတို႔ရဲ႕ ေငြေၾကး သို႔မဟုတ္ အရန္ေငြေတြကို ေက်ာေထာက္ေနာက္ခံျပဳဖို႔ ေ႐ႊေတြ သိုေလွာင္ေနတဲ့ ႏိုင္ငံေတြဟာ သူတို႔ရဲ႕ ေငြေရးေၾကးေရး အကာအကြယ္ေတြ ညတြင္းခ်င္း တန္ဖိုးက်ဆင္းသြားတဲ့အခါ ပိုၿပီးျပင္းထန္တဲ့ ထိတ္လန႔္မႈေတြကို ရင္ဆိုင္ရပါလိမ့္မယ္။

Related news

© 2021. All rights reserved.