YESCတွင် တာဝန်ထမ်းဆောင်ရန် အငယ်တန်းအင်ဂျင်နီယာ (၂)ရာထူးအတွက် (၄၀)ကျော်ကို ခေါ်ယူနေ

 629

စော(NP News)-အောက်တိုဘာ ၂၉
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေး‌ရေးကော်ပိုရေးရှင်း(YESC)တွင် တာဝန်ထမ်းဆောင်ရန် အငယ်တန်းအင်ဂျင်နီယာ (၂)ရာထူးအတွက် လူ (၄၅)ဦးကို ခေါ်ယူနေကြောင်း သိရသည်။
အဆိုပါရာထူးအတွက် အနိမ့်ဆုံးပညာအရည်အချင်းသည် A.G.T.I (EP/EC/IT) ဘွဲ့ရရှိရမည်ဖြစ်ပြီး Electrical Power (EP)ဘာသာရပ်အတွက် အမျိုးသား (၂၇)ဦးနှင့် အမျိုးသမီး (၈)ဦး၊ Electronics(EC)ဘာသာရပ်အတွက် အမျိုးသား (၅)ဦးနှင့်အမျိုးသမီး (၃)ဦးနှင့် Information Technology(IT)ဘာသာရပ်အတွက် အမျိုးသား၊ အမျိုးသမီး (၁)ဦးစီ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများသည် သတ်မှတ်လျှောက်လွှာနှင့် စည်းကမ်းချက်များကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း၊ စီမံခန့်ခွဲရေးဌာနတွင် စာမေးပွဲဝင်ကြေးငွေ ကျပ် (၅၀၀၀) ပေးသွင်းသည့် ချလန်မူရင်းပြသ၍ ယနေ့ (အောက်တိုဘာ ၂၉ရက်)မှစ၍ ရုံးချိန်အတွင်း ထုတ်ယူနိုင်ပြီး (နိုဝင်ဘာ ၂၅ရက်) အတွင်း နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားရာတွင် အရည်အချင်းသတ်မှတ်ချက်နှင့် မကိုက်ညီသူများ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းအချက်အလက် မပြည့်စုံသူများနှင့် သတ်မှတ်ရက်ထက်နောက်ကျသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ကြောင်း သိရသည်။
စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို အမှတ် (၁၉၇-၁၉၉) အောက်ကြည့်မြင်တိုင်လမ်း၊ အလုံမြို့နယ်၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ စီမံခန့်ခွဲရေးဌာန၊ ဝန်ထမ်းရေးရာနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနခွဲတွင် ဒီဇင်ဘာ ၅ရက်နှင့် ၆ရက်အထိ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ရေးဖြေစာမေးပွဲကို ရန်ကုန်မြို့တွင်ကျင်းပမည်ဖြစ်ပြီး ဒီဇင်ဘာ ၇က် ၊နံနက် (၉:၀၀)နာရီမှ (၁၁:၀၀)နာရီအထိအင်္ဂလိပ်စာ ဘာသာရပ်ကိုဖြေဆိုရမည်ဖြစ်ပြီး မွန်းလွဲ (၁)နာရီမှ (၃)နာရီအထိ သက်ဆိုင်ရာအင်ဂျင်နီယာဘာသာရပ် ကို ဖြေဆိုရမည်ဖြစ်ကာ ဒီဇင်ဘာ ၉ရက်တွင် လူတွေ့စစ်ဆေးခြင်းကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
YESCတြင္ တာဝန္ထမ္းေဆာင္ရန္ အငယ္တန္းအင္ဂ်င္နီယာ (၂)ရာထူးအတြက္ (၄၀)ေက်ာ္ကို ေခၚယူေန
ေစာ(NP News)-ေအာက္တိုဘာ ၂၉
လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန၊ ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပး‌ေရးေကာ္ပိုေရးရွင္း(YESC)တြင္ တာဝန္ထမ္းေဆာင္ရန္ အငယ္တန္းအင္ဂ်င္နီယာ (၂)ရာထူးအတြက္ လူ (၄၅)ဦးကို ေခၚယူေနေၾကာင္း သိရသည္။
အဆိုပါရာထူးအတြက္ အနိမ့္ဆုံးပညာအရည္အခ်င္းသည္ A.G.T.I (EP/EC/IT) ဘြဲ႕ရရွိရမည္ျဖစ္ၿပီး Electrical Power (EP)ဘာသာရပ္အတြက္ အမ်ိဳးသား (၂၇)ဦးႏွင့္ အမ်ိဳးသမီး (၈)ဦး၊ Electronics(EC)ဘာသာရပ္အတြက္ အမ်ိဳးသား (၅)ဦးႏွင့္အမ်ိဳးသမီး (၃)ဦးႏွင့္ Information Technology(IT)ဘာသာရပ္အတြက္ အမ်ိဳးသား၊ အမ်ိဳးသမီး (၁)ဦးစီ ေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
ေလွ်ာက္ထားသူမ်ားသည္ သတ္မွတ္ေလွ်ာက္လႊာႏွင့္ စည္းကမ္းခ်က္မ်ားကို လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန၊ ရန္ကုန္လွ်ပ္စစ္ဓာတ္အား ေပးေရးေကာ္ပိုေရးရွင္း၊ စီမံခန႔္ခြဲေရးဌာနတြင္ စာေမးပြဲဝင္ေၾကးေငြ က်ပ္ (၅၀၀၀) ေပးသြင္းသည့္ ခ်လန္မူရင္းျပသ၍ ယေန႔ (ေအာက္တိုဘာ ၂၉ရက္)မွစ၍ ႐ုံးခ်ိန္အတြင္း ထုတ္ယူႏိုင္ၿပီး (ႏိုဝင္ဘာ ၂၅ရက္) အတြင္း ေနာက္ဆုံးထား၍ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။
ေလွ်ာက္ထားရာတြင္ အရည္အခ်င္းသတ္မွတ္ခ်က္ႏွင့္ မကိုက္ညီသူမ်ား၊ ပူးတြဲတင္ျပရမည့္ စာ႐ြက္စာတမ္းအခ်က္အလက္ မျပည့္စုံသူမ်ားႏွင့္ သတ္မွတ္ရက္ထက္ေနာက္က်ေသာ ေလွ်ာက္လႊာမ်ားကို လက္ခံစဥ္းစားမည္မဟုတ္ေၾကာင္း သိရသည္။
စာေမးပြဲေျဖဆိုခြင့္ကတ္ျပားမ်ားကို အမွတ္ (၁၉၇-၁၉၉) ေအာက္ၾကည့္ျမင္တိုင္လမ္း၊ အလုံၿမိဳ႕နယ္၊ ရန္ကုန္လွ်ပ္စစ္ ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း၊ စီမံခန႔္ခြဲေရးဌာန၊ ဝန္ထမ္းေရးရာႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဖြံ႕ၿဖိဳးေရးဌာနခြဲတြင္ ဒီဇင္ဘာ ၅ရက္ႏွင့္ ၆ရက္အထိ ထုတ္ေပးမည္ျဖစ္ေၾကာင္း သိရသည္။
ေရးေျဖစာေမးပြဲကို ရန္ကုန္ၿမိဳ႕တြင္က်င္းပမည္ျဖစ္ၿပီး ဒီဇင္ဘာ ရက္ ၊နံနက္ (၉:၀၀)နာရီမွ (၁၁:၀၀)နာရီအထိအဂၤလိပ္စာ ဘာသာရပ္ကိုေျဖဆိုရမည္ျဖစ္ၿပီး မြန္းလြဲ (၁)နာရီမွ (၃)နာရီအထိ သက္ဆိုင္ရာအင္ဂ်င္နီယာဘာသာရပ္ ကို ေျဖဆိုရမည္ျဖစ္ကာ ဒီဇင္ဘာ ၉ရက္တြင္ လူေတြ႕စစ္ေဆးျခင္းကို က်င္းပျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.