မြန်မာနိုင်ငံ၌ မြေဆိပ်ဖြေဆေးထုတ်လုပ်ခြင်း နှင့် သွေးရည်ကြည် စုဆောင်းခြင်းစီမံချက်များကို ဘရာဇီးလ်နိုင်ငံနှင့် မကြာမီပူးပေါင်းဆောင်ရွက်မည်

870
Pearl (NP News) - နိုဝင်ဘာ ၂၀
မြန်မာနိုင်ငံ၌ အရည်အသွေးပြည့်မီသော မြေဆိပ်ဖြေဆေးထုတ်လုပ်ခြင်း နှင့် သွေးရည် ကြည်စုဆောင်းခြင်း စီမံချက်များကို ဘရာဇီးလ်နိုင်ငံနှင့် မကြာမီပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၇)ရက်တွင် ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံ နှင့် ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ ဘရာဇီးလ် ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ၊ အာဖရိက၊ အာရှ နှင့် သမုဒ္ဒရာကျွန်းစုဒေသဆိုင်ရာ နည်းပညာအထွေထွေပူးပေါင်းဆောင်ရွက်မှုဌာနခွဲ၏ အကြီးအကဲဖြစ်သူ Mr. Nelci Peres Caixeta တို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် မြန်မာ နှင့် ဘရာဇီးလ်ကြား လက်မှတ်ရေးထိုးထားသည့် မြန်မာနိုင်ငံတွင် မြွေဆိပ်ဖြေဆေးထုတ်လုပ်ရာ၌ အသုံးပြုသော နည်းပညာများမြှင့်တင်ရေး စီမံကိန်း သဘောတူညီချက်အရ အကောင်အထည် ဖော်ဆောင်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အတူ နှစ်နိုင်ငံ နည်းပညာ၊ ကျွမ်းကျင်ပညာရှင်များ အပြန်အလှန်ဆွေးနွေးဖလှယ်မှု အစီအစဉ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
စီမံကိန်းသဘောတူညီချက်မှတစ်ဆင့် မြန်မာ့ဆေးဝါးစက်ရုံ - အင်းစိန် (BPI) နှင့် ဘရာဇီးလ်နိုင်ငံ၊ ဆောင်ပိုလိုမြို့အခြေစိုက် Butantan Institute တို့ကြား မြန်မာနိုင်ငံတွင် အရည် အသွေးပြည့်မီသည့် မြေဆိပ်ဖြေဆေးအပြင် ကာကွယ်ဆေးထိုးခြင်းနှင့် သွေးရည်ကြည် စုဆောင်းခြင်း စီမံချက်များလည်း မကြာမီ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ (၁၄)ရက်ကလည်း မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်)၌ မြွေဆိပ်ဖြေဆေး အေးခဲခြောက်ထုတ်လုပ်ရေးစက်(Freeze Dryer Machine) သစ်ကိုလည်း ဖွင့်လှစ်ခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သော စစ်ကိုင်း၊ ပဲခူး၊ မကွေး အပါအဝင် ဧရာဝတီတိုင်းရှိ မြို့နယ်အချို့တွင် မြွေအန္တရာယ် များပြားကြောင်း သိရသည်။

zawgyi version
ျမန္မာႏိုင္ငံ၌ ေျမဆိပ္ေျဖေဆးထုတ္လုပ္ျခင္း ႏွင့္ ေသြးရည္ၾကည္ စုေဆာင္းျခင္းစီမံခ်က္မ်ားကို ဘရာဇီးလ္ႏိုင္ငံႏွင့္ မၾကာမီပူးေပါင္းေဆာင္႐ြက္မည္
Pearl (NP News) - ႏိုဝင္ဘာ ၂၀
ျမန္မာႏိုင္ငံ၌ အရည္အေသြးျပည့္မီေသာ ေျမဆိပ္ေျဖေဆးထုတ္လုပ္ျခင္း ႏွင့္ ေသြးရည္ ၾကည္စုေဆာင္းျခင္း စီမံခ်က္မ်ားကို ဘရာဇီးလ္ႏိုင္ငံႏွင့္ မၾကာမီပူးေပါင္းေဆာင္႐ြက္မည္ ျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ ႏိုဝင္ဘာလ (၁၇)ရက္တြင္ ဘရာဇီးလ္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေအာင္ေက်ာ္ဇံ ႏွင့္ ဘရာဇီးလ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနလက္ေအာက္ရွိ ဘရာဇီးလ္ ဖြံ႕ၿဖိဳး တိုးတက္ေရးေအဂ်င္စီ၊ အာဖရိက၊ အာရွ ႏွင့္ သမုဒၵရာကြၽန္းစုေဒသဆိုင္ရာ နည္းပညာအေထြေထြပူးေပါင္းေဆာင္႐ြက္မႈဌာနခြဲ၏ အႀကီးအကဲျဖစ္သူ Mr. Nelci Peres Caixeta တို႔ ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။
ေတြ႕ဆုံစဥ္ ျမန္မာ ႏွင့္ ဘရာဇီးလ္ၾကား လက္မွတ္ေရးထိုးထားသည့္ ျမန္မာႏိုင္ငံတြင္ ေႁမြဆိပ္ေျဖေဆးထုတ္လုပ္ရာ၌ အသုံးျပဳေသာ နည္းပညာမ်ားျမႇင့္တင္ေရး စီမံကိန္း သေဘာတူညီခ်က္အရ အေကာင္အထည္ ေဖာ္ေဆာင္မည့္လုပ္ငန္းစဥ္မ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔အတူ ႏွစ္ႏိုင္ငံ နည္းပညာ၊ ကြၽမ္းက်င္ပညာရွင္မ်ား အျပန္အလွန္ေဆြးေႏြးဖလွယ္မႈ အစီအစဥ္မ်ားကိုလည္း ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
စီမံကိန္းသေဘာတူညီခ်က္မွတစ္ဆင့္ ျမန္မာ့ေဆးဝါးစက္႐ုံ - အင္းစိန္ (BPI) ႏွင့္ ဘရာဇီးလ္ႏိုင္ငံ၊ ေဆာင္ပိုလိုၿမိဳ႕အေျခစိုက္ Butantan Institute တို႔ၾကား ျမန္မာႏိုင္ငံတြင္ အရည္ အေသြးျပည့္မီသည့္ ေျမဆိပ္ေျဖေဆးအျပင္ ကာကြယ္ေဆးထိုးျခင္းႏွင့္ ေသြးရည္ၾကည္ စုေဆာင္းျခင္း စီမံခ်က္မ်ားလည္း မၾကာမီ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ၾသဂုတ္လ (၁၄)ရက္ကလည္း ျမန္မာ့ေဆးဝါးလုပ္ငန္း၊ ေဆးဝါးစက္႐ုံ(အင္းစိန္)၌ ေႁမြဆိပ္ေျဖေဆး ေအးခဲေျခာက္ထုတ္လုပ္ေရးစက္(Freeze Dryer Machine) သစ္ကိုလည္း ဖြင့္လွစ္ခဲ့သည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသမ်ားျဖစ္ေသာ စစ္ကိုင္း၊ ပဲခူး၊ မေကြး အပါအဝင္ ဧရာဝတီတိုင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ ေႁမြအႏၲရာယ္ မ်ားျပားေၾကာင္း သိရသည္။