နေပြည်တော်ရှိမြို့နယ်(၈)ခုတွင် ခွာနာလျှာနာရောဂါကင်းမဲ့ဇုန်ဖော်ဆောင်ရန်ဆောင်ရွက်နေ

 117

သက်ပိုင်( NP News) -အောက်တိုဘာ ၆
နေပြည်တော်ကောင်စီနယ်မြေမှ မြို့နယ်(၈)ခုတွင် ခွာနာလျှာနာရောဂါ ကင်းမဲ့ဇုန်ဖော်ဆောင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်က ပြောကြားခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ (၅) ရက်ကနေပြည်တော်ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ရုံးအမှတ်(၃၆) စုဝေးဆောင်ခန်းမ၌ပြုလုပ်သည့် မဲခေါင်-လန်ချန်းစီမံကိန်း၏ အထောက်အပံ့ဖြင့်ဆောင်ရွက်သည့် နေပြည်တော်ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန် ကာကွယ်ဆေးထိုးနှံခြင်းနှင့်သုံးသပ်ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ပြည်ပသို့တရားဝင်ကျွဲ၊နွားတင်ပို့နိုင်ရန်အတွက် တိရစ္ဆာန်ထိန်းသိမ်း စောင့်ကြည့်ရေးစခန်း(AQS)၊ ခွာနာလျှာနာရောဂါကင်းရှင်းဇုန် (Disease Free Zone)၊ ခွာနာလျှာနာရောဂါကာကွယ်ဇုန်(Disease Protection Zone)၊ ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန် (Disease Control Zone)များကို သတ်မှတ်ချက်အတိုင်း တည်ထောင်နိုင်ရေးအတွက် ဝန်ကြီးဌာနက မူဝါဒချမှတ်ပြီး အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
နေပြည်တော် (၈) မြို့နယ်၌ ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန်အဖြစ် (၂၀၂၁) ခုနှစ် ၊ဇွန်လ (၁၁) ရက်မှ စ၍ ဌာနဘဏ္ဍာရန်ပုံငွေဖြင့် အခမဲ့ခွာနာလျှာနာရောဂါကာကွယ်ဆေးထိုးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပြီး ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်အဖြစ် (၂၀၂၃) ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်တွင် ကြေညာနိုင်ခဲ့ကြောင်း၊ ခွာနာလျှာနာရောဂါကင်းရှင်းဇုန် ကြေညာနိုင်ပါက နေပြည်တော်ကောင်စီနယ်မြေမှထွက်ရှိသည့် မွေးမြူရေးထွက်ကုန်အေးခဲသားများကို ပြည်ပသို့တိုက်ရိုက်တင်ပို့ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်ဟု သိရသည်။
ထို့အပြင် တင်ပို့ခြင်းလုပ်ငန်းအတွက်သက်ဆိုင်ရာနိုင်ငံအစိုးရ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး မကြာမီအသေးစိတ်ဆွေးနွေးမှုဆောင်ရွက်ကာ တစ်ဖက်တွင်လည်း ရောဂါကင်းရှင်းကြောင်းအတည်ပြုချက်များရရှိပြီးပါက ကုန်သွယ်ဖက်နိုင်ငံများသို့ တိုက်ရိုက်တင်ပို့ရောင်းချနိုင်ရန်စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း နှင့် မွေးမြူရေးလုပ်ငန်းကို စိတ်ဝင်စားပြီး အေးခဲသားများထုတ်လုပ်ရန် ဆန္ဒရှိသူများအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ကြပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ယင်းအပြင် လုပ်ငန်းလုပ်ကိုင်ခွင့်များရရှိပြီး ဆောလျင်စွာ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါက ပြည်ပတင်ပို့ခွင့်ရသည်နှင့်တစ်ပြိုင်တည်း အေးခဲသားများတင်ပို့နိုင်ကြမည်ဖြစ်၍ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းရှင်များအား ရှင်းလင်းဆွေးနွေးပြီး လိုအပ်ချက်များ ကူညီဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံ့စီးပွားကိုတစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏အသားတင် ထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်၍ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
ေနျပည္ေတာ္ရွိၿမိဳ႕နယ္(၈)ခုတြင္ ခြာနာလွ်ာနာေရာဂါကင္းမဲ့ဇုန္ေဖာ္ေဆာင္ရန္ေဆာင္႐ြက္ေန
သက္ပိုင္( NP News) -ေအာက္တိုဘာ ၆
ေနျပည္ေတာ္ေကာင္စီနယ္ေျမမွ ၿမိဳ႕နယ္(၈)ခုတြင္ ခြာနာလွ်ာနာေရာဂါ ကင္းမဲ့ဇုန္ေဖာ္ေဆာင္ရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးဦးမင္းေနာင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ႏိုဝင္ဘာလ (၅) ရက္ကေနျပည္ေတာ္ရွိ စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန ၊႐ုံးအမွတ္(၃၆) စုေဝးေဆာင္ခန္းမ၌ျပဳလုပ္သည့္ မဲေခါင္-လန္ခ်န္းစီမံကိန္း၏ အေထာက္အပံ့ျဖင့္ေဆာင္႐ြက္သည့္ ေနျပည္ေတာ္ခြာနာလွ်ာနာေရာဂါ ထိန္းခ်ဳပ္ဇုန္ ကာကြယ္ေဆးထိုးႏွံျခင္းႏွင့္သုံးသပ္ေဆြးေႏြးပြဲတြင္ ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ သတင္းထုတ္ျပန္ခ်က္အရသိရသည္။
ျပည္ပသို႔တရားဝင္ကြၽဲ၊ႏြားတင္ပို႔ႏိုင္ရန္အတြက္ တိရစာၦန္ထိန္းသိမ္း ေစာင့္ၾကည့္ေရးစခန္း(AQS)၊ ခြာနာလွ်ာနာေရာဂါကင္းရွင္းဇုန္ (Disease Free Zone)၊ ခြာနာလွ်ာနာေရာဂါကာကြယ္ဇုန္(Disease Protection Zone)၊ ခြာနာလွ်ာနာေရာဂါထိန္းခ်ဳပ္ဇုန္ (Disease Control Zone)မ်ားကို သတ္မွတ္ခ်က္အတိုင္း တည္ေထာင္ႏိုင္ေရးအတြက္ ဝန္ႀကီးဌာနက မူဝါဒခ်မွတ္ၿပီး အဆင့္ဆင့္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။
ေနျပည္ေတာ္ (၈) ၿမိဳ႕နယ္၌ ခြာနာလွ်ာနာေရာဂါ ထိန္းခ်ဳပ္ဇုန္အျဖစ္ (၂၀၂၁) ခုႏွစ္ ၊ဇြန္လ (၁၁) ရက္မွ စ၍ ဌာနဘ႑ာရန္ပုံေငြျဖင့္ အခမဲ့ခြာနာလွ်ာနာေရာဂါကာကြယ္ေဆးထိုးလုပ္ငန္းကို စတင္ေဆာင္႐ြက္ခဲ့ၿပီး ခြာနာလွ်ာနာေရာဂါထိန္းခ်ဳပ္ဇုန္အျဖစ္ (၂၀၂၃) ခုႏွစ္ ေဖေဖာ္ဝါရီလ (၁၃) ရက္တြင္ ေၾကညာႏိုင္ခဲ့ေၾကာင္း၊ ခြာနာလွ်ာနာေရာဂါကင္းရွင္းဇုန္ ေၾကညာႏိုင္ပါက ေနျပည္ေတာ္ေကာင္စီနယ္ေျမမွထြက္ရွိသည့္ ေမြးျမဴေရးထြက္ကုန္ေအးခဲသားမ်ားကို ျပည္ပသို႔တိုက္႐ိုက္တင္ပို႔ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့သည္ဟု သိရသည္။
ထို႔အျပင္ တင္ပို႔ျခင္းလုပ္ငန္းအတြက္သက္ဆိုင္ရာႏိုင္ငံအစိုးရ ဝန္ႀကီးဌာနမ်ားႏွင့္ ခ်ိတ္ဆက္ညႇိႏႈိင္းေဆာင္႐ြက္လ်က္ရွိၿပီး မၾကာမီအေသးစိတ္ေဆြးေႏြးမႈေဆာင္႐ြက္ကာ တစ္ဖက္တြင္လည္း ေရာဂါကင္းရွင္းေၾကာင္းအတည္ျပဳခ်က္မ်ားရရွိၿပီးပါက ကုန္သြယ္ဖက္ႏိုင္ငံမ်ားသို႔ တိုက္႐ိုက္တင္ပို႔ေရာင္းခ်ႏိုင္ရန္စီမံေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ႏွင့္ ေမြးျမဴေရးလုပ္ငန္းကို စိတ္ဝင္စားၿပီး ေအးခဲသားမ်ားထုတ္လုပ္ရန္ ဆႏၵရွိသူမ်ားအေနျဖင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ႏိုင္ၾကပါေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။
ယင္းအျပင္ လုပ္ငန္းလုပ္ကိုင္ခြင့္မ်ားရရွိၿပီး ေဆာလ်င္စြာ လုပ္ငန္းအေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ပါက ျပည္ပတင္ပို႔ခြင့္ရသည္ႏွင့္တစ္ၿပိဳင္တည္း ေအးခဲသားမ်ားတင္ပို႔ႏိုင္ၾကမည္ျဖစ္၍ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ တာဝန္ရွိသူမ်ားအေနျဖင့္ လုပ္ငန္းရွင္မ်ားအား ရွင္းလင္းေဆြးေႏြးၿပီး လိုအပ္ခ်က္မ်ား ကူညီေဆာင္႐ြက္ေပးၾကေစလိုေၾကာင္းႏွင့္ ထိုသို႔ေဆာင္႐ြက္ေပးျခင္းျဖင့္ ႏိုင္ငံ့စီးပြားကိုတစ္ဖက္တစ္လမ္းမွ ပံ့ပိုးေပးႏိုင္မည္ျဖစ္ၿပီး ႏိုင္ငံေတာ္၏အသားတင္ ထုတ္လုပ္မႈ တိုးျမႇင့္ေဆာင္႐ြက္ႏိုင္မည္ျဖစ္၍ အားလုံးဝိုင္းဝန္းပူးေပါင္းေဆာင္႐ြက္သြားၾကရန္ ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.