ကျင်းပရန်ပြင်ဆင်နေသည့် ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်အား ဖျက်သိမ်း

 4174

ကျော် (NP News) - နိုဝင်ဘာ ၂၂

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ နှစ်စဥ်ကျင်းပမြဲဖြစ်သည့် ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်အား ယခုနှစ်တွင်လည်းကျင်းပရန် ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာမှ ဖျက်သိမ်းလိုက်ကြောင်း ဒေသခံများထံမှသိရသည်။

ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်အား မဟာအံ့ထူးကံသာဘုရားဝင်းအတွင်းရှိ မီးပုံပျံကွင်းတွင် (၁၇)ကြိမ်မြောက်အဖြစ် နိုဝင်ဘာလ ၂၄ ရက်မှ ၂၈ ရက်အထိ (၅)ရက်တိုင်ကျင်းပရန်စီစဥ်ကာ ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာမှ ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"တန်ဆောင်တိုင်မီးပုံးပျံပွဲလုပ်မယ့် မီးပုံးပျံကွင်းက နောင်ချိုအစပ်မှာရှိတာ အဲဒီတော့ လုံခြုံရေးအခြေ -အနေအရ လုံခြုံစိတ်ချရတာမရှိတဲ့အတွက် ဖျက်သိမ်းလိုက်တာလို့ ထင်တယ် အသေးစိတ်အ ချက်အလက်တွေကိုတော့ တာဝန်ရှိတဲ့လူတွေပဲသိလိမ့်မယ်"ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။

ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကျင်းပရန် အစမ်းလေ့ကျင့်မှုများ၊ ပွဲတော်အတွင်းဆိုင်ခန်းများဖွင့်လှစ်ရောင်းချရန် ဆိုင်ခန်းနေရာကြိုတင်ရောင်းချထားမှုများရှိခဲ့သော်လည်း ပွဲတော်ကျင်းပရန်စီစဥ်ထားမှုအား ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

"မီးပုံးပျံပွဲတော်ကိုဖျက်သိမ်းတယ်ပဲသိရတယ်။ ဒီနှစ်ထဲမှာပြန်လုပ်မလား မလုပ်ဘူးလားဆိုတာမသိရဘူး။ ဒီနှစ်ထဲမှာမလုပ်ဖြစ်ရင်တော့ နောက်နှစ်တန်ဆောင်တိုင်ကိုပဲမျှော်ရတော့မှာ"ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးကပြောသည်။

ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်အား မကျင်းပဖြစ်သော်လည်း မဟာအံ့ထူးကံသာဘုရား၌ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲနှင့်ဆီမီး ၉၀၀၀ ပူဇော်ပွဲတို့ကိုမူ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
က်င္းပရန္ျပင္ဆင္ေနသည့္ ျပင္ဦးလြင္တန္ေဆာင္တိုင္မီးပုံးပ်ံပြဲေတာ္အား ဖ်က္သိမ္း
ေက်ာ္ (NP News) - ႏိုဝင္ဘာ ၂၂

မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕၌ ႏွစ္စဥ္က်င္းပၿမဲျဖစ္သည့္ ျပင္ဦးလြင္တန္ေဆာင္တိုင္မီးပုံးပ်ံပြဲေတာ္အား ယခုႏွစ္တြင္လည္းက်င္းပရန္ ျပင္ဆင္မႈမ်ားျပဳလုပ္လ်က္ရွိရာမွဖ်က္သိမ္းလိုက္ေၾကာင္း ေဒသခံမ်ားထံမွသိရသည္။

ျပင္ဦးလြင္တန္ေဆာင္တိုင္မီးပုံးပ်ံပြဲေတာ္အား မဟာအံ့ထူးကံသာဘုရားဝင္းအတြင္းရွိ မီးပုံပ်ံကြင္းတြင္ (၁၇)ႀကိမ္ေျမာက္အျဖစ္ ႏိုဝင္ဘာလ ၂၄ ရက္မွ ၂၈ ရက္အထိ (၅)ရက္တိုင္က်င္းပရန္စီစဥ္ကာ ျပင္ဆင္မႈမ်ားျပဳလုပ္လ်က္ရွိရာမွ ဖ်က္သိမ္းလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

"တန္ေဆာင္တိုင္မီးပုံးပ်ံပြဲလုပ္မယ့္ မီးပုံးပ်ံကြင္းက ေနာင္ခ်ိဳအစပ္မွာရွိတာ အဲဒီေတာ့ လုံၿခဳံေရးအေျခ -အေနအရ လုံၿခဳံစိတ္ခ်ရတာမရွိတဲ့အတြက္ ဖ်က္သိမ္းလိုက္တာလို႔ ထင္တယ္ အေသးစိတ္အ ခ်က္အလက္ေတြကိုေတာ့ တာဝန္ရွိတဲ့လူေတြပဲသိလိမ့္မယ္"ဟု ျပင္ဦးလြင္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

ျပင္ဦးလြင္တန္ေဆာင္တိုင္မီးပုံးပ်ံပြဲေတာ္က်င္းပရန္ အစမ္းေလ့က်င့္မႈမ်ား၊ ပြဲေတာ္အတြင္းဆိုင္ခန္းမ်ားဖြင့္လွစ္ေရာင္းခ်ရန္ ဆိုင္ခန္းေနရာႀကိဳတင္ေရာင္းခ်ထားမႈမ်ားရွိခဲ့ေသာ္လည္း ပြဲေတာ္က်င္းပရန္စီစဥ္ထားမႈအား ဖ်က္သိမ္းခဲ့ေၾကာင္း သိရသည္။

"မီးပုံးပ်ံပြဲေတာ္ကိုဖ်က္သိမ္းတယ္ပဲသိရတယ္။ ဒီႏွစ္ထဲမွာျပန္လုပ္မလား မလုပ္ဘူးလားဆိုတာမသိရဘူး။ ဒီႏွစ္ထဲမွာမလုပ္ျဖစ္ရင္ေတာ့ ေနာက္ႏွစ္တန္ေဆာင္တိုင္ကိုပဲေမွ်ာ္ရေတာ့မွာ"ဟု ျပင္ဦးလြင္ၿမိဳ႕ခံတစ္ဦးကေျပာသည္။

ျပင္ဦးလြင္တန္ေဆာင္တိုင္မီးပုံးပ်ံပြဲေတာ္အား မက်င္းပျဖစ္ေသာ္လည္း မဟာအံ့ထူးကံသာဘုရား၌ မသိုးသကၤန္းရက္လုပ္ပူေဇာ္ပြဲႏွင့္ဆီမီး ၉၀၀၀ ပူေဇာ္ပြဲတို႔ကိုမူ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.