ပြင်သစ်အစိုးရက ကော့ကေးဆပ်ဒေသတွင် စစ်ပွဲအသစ်ဖြစ်ပွားလာအောင် လှုံ့ဆော်ပေးနေကြောင်း အဇာဘိုင်ဂျန်သမ္မတ စွပ်စွဲပြောဆို

 796

Pika (NP News) - နိုဝင်ဘာ ၂၂

ပြင်သစ်အစိုးရသည် အာမေးနီးယားနိုင်ငံကို လက်နက်များထောက်ပံ့ပေးခြင်းဖြင့် ကော့ကေးဆပ်ဒေသတွင် ပဋိပက္ခများဖြစ်ပွားလာအောင် လှုံ့ဆော်ပေးနေကြောင်း အဇာဘိုင်ဂျန်သမ္မတ Ilham Aliyev က နိုဝင်ဘာလ(၂၁)ရက်တွင် စွပ်စွဲပြောဆိုခဲ့သည်။

အဇာဘိုင်ဂျန် နှင့် အာမေးနီးယားတို့သည် Nagorno-Karabakh ဒေသအတွက် ဆယ်စုနှစ်များစွာကြာ ပဋိပက္ခ ဖြစ်ပွားနေခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် အဇာဘိုင်ဂျန်အစိုးရသည် ပြီးခဲ့သည့်စက်တင်ဘာလတွင် အာမေးနီးယားလူမျိုး အများဆုံးနေထိုင်သော Nagorno-Karabakh ဒေသအပေါ် စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။

ထို့နောက် အဇာဘိုင်ဂျန်အစိုးရနှင့် အာမေးနီးယားခွဲထွက်ရေးသမားများကြား သဘောတူညီမှုရရှိပြီးနောက် Nagorno-Karabakh ဒေသသည် အဇာဘိုင်ဂျန်အစိုးရအုပ်ချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

Ilham Aliyev က "ပြင်သစ်နိုင်ငံဟာ အာမေးနီးယားနိုင်ငံကို လက်နက်ထောက်ပံ့ပေးခြင်း၊ အားမေးနီးယားမှာရှိတဲ့ ခွဲထွက်ရေးသမားတွေကို အားပေးခြင်းဖြင့် ကျွန်တော်တို့ဒေသတွင်းမှာ စစ်ပွဲအသစ်တွေ ဖြစ်ပွားလာစေဖို့အတွက် သူတို့ရဲ့စစ်လိုလားတဲ့ မူဝါဒကို ကျင့်သုံးနေပါတယ်" ဟု ပြောခဲ့သည်။

ပြင်သစ်အစိုးရသည် ၎င်း၏ ယခင်နှင့်လက်ရှိ ကိုလိုနီနယ်မြေများတွင်သာမက South Caucasus ဒေသတွင်လည်း ခွဲထွက်ရေးသမားများကို ထောက်ခံအားပေးကာ တည်ငြိမ်မှုများကို နှောင့်ယှက်နေကြောင်း Ilham Aliyev က ပြောခဲ့သည်။

ကော့ကေးဆပ်ဒေသတွင်းရှိ နယ်မြေပဋိပက္ခများတွင် အာမေးနီးယားလိုလားသော ဘက်လိုက်မှုများအတွက် ပြင်သစ်အစိုးရသည် အဇာဘိုင်ဂျန်အစိုးရ၏ ပြစ်တင်ဝေဖန်မှုများကို မကြာခဏခံရလေ့ရှိကြောင်း သိရသည်။

Zawgyi Version;
ျပင္သစ္အစိုးရက ေကာ့ေကးဆပ္ေဒသတြင္ စစ္ပြဲအသစ္ျဖစ္ပြားလာေအာင္ လႈံ႕ေဆာ္ေပးေနေၾကာင္း အဇာဘိုင္ဂ်န္သမၼတ စြပ္စြဲေျပာဆို
Pika (NP News) - ႏိုဝင္ဘာ ၂၂

ျပင္သစ္အစိုးရသည္ အာေမးနီးယားႏိုင္ငံကို လက္နက္မ်ားေထာက္ပံ့ေပးျခင္းျဖင့္ ေကာ့ေကးဆပ္ေဒသတြင္ ပဋိပကၡမ်ားျဖစ္ပြားလာေအာင္ လႈံ႕ေဆာ္ေပးေနေၾကာင္း အဇာဘိုင္ဂ်န္သမၼတ Ilham Aliyev က ႏိုဝင္ဘာလ(၂၁)ရက္တြင္ စြပ္စြဲေျပာဆိုခဲ့သည္။

အဇာဘိုင္ဂ်န္ ႏွင့္ အာေမးနီးယားတို႔သည္ Nagorno-Karabakh ေဒသအတြက္ ဆယ္စုႏွစ္မ်ားစြာၾကာ ပဋိပကၡ ျဖစ္ပြားေနခဲ့ေၾကာင္းလည္း သိရသည္။ ထို႔အျပင္ အဇာဘိုင္ဂ်န္အစိုးရသည္ ၿပီးခဲ့သည့္စက္တင္ဘာလတြင္ အာေမးနီးယားလူမ်ိဳး အမ်ားဆုံးေနထိုင္ေသာ Nagorno-Karabakh ေဒသအေပၚ စစ္ဆင္ေရးမ်ား လုပ္ေဆာင္ခဲ့ ေၾကာင္း သိရသည္။

ထို႔ေနာက္ အဇာဘိုင္ဂ်န္အစိုးရႏွင့္ အာေမးနီးယားခြဲထြက္ေရးသမားမ်ားၾကား သေဘာတူညီမႈရရွိၿပီးေနာက္ Nagorno-Karabakh ေဒသသည္ အဇာဘိုင္ဂ်န္အစိုးရအုပ္ခ်ဳပ္မႈေအာက္သို႔ ျပန္လည္ေရာက္ရွိခဲ့ေၾကာင္း သိရသည္။

Ilham Aliyev က "ျပင္သစ္ႏိုင္ငံဟာ အာေမးနီးယားႏိုင္ငံကို လက္နက္ေထာက္ပံ့ေပးျခင္း၊ အားေမးနီးယားမွာရွိတဲ့ ခြဲထြက္ေရးသမားေတြကို အားေပးျခင္းျဖင့္ ကြၽန္ေတာ္တို႔ေဒသတြင္းမွာ စစ္ပြဲအသစ္ေတြ ျဖစ္ပြားလာေစဖို႔အတြက္ သူတို႔ရဲ႕စစ္လိုလားတဲ့ မူဝါဒကို က်င့္သုံးေနပါတယ္" ဟု ေျပာခဲ့သည္။

ျပင္သစ္အစိုးရသည္ ၎၏ ယခင္ႏွင့္လက္ရွိ ကိုလိုနီနယ္ေျမမ်ားတြင္သာမက South Caucasus ေဒသတြင္လည္း ခြဲထြက္ေရးသမားမ်ားကို ေထာက္ခံအားေပးကာ တည္ၿငိမ္မႈမ်ားကို ေႏွာင့္ယွက္ေနေၾကာင္း Ilham Aliyev က ေျပာခဲ့သည္။

ေကာ့ေကးဆပ္ေဒသတြင္းရွိ နယ္ေျမပဋိပကၡမ်ားတြင္ အာေမးနီးယားလိုလားေသာ ဘက္လိုက္မႈမ်ားအတြက္ ျပင္သစ္အစိုးရသည္ အဇာဘိုင္ဂ်န္အစိုးရ၏ ျပစ္တင္ေဝဖန္မႈမ်ားကို မၾကာခဏခံရေလ့ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.