ရခိုင်ပြည်နယ်၌ ကျောင်းများပိတ်ထားခြင်းမရှိသော်လည်း ကျောင်းသားများအနေဖြင့် လုံခြုံရေးအရ ကျောင်းမတတ်နိုင်သည့်အခြေအနေများရှိနေ

577
Pearl (NP News) - နိုဝင်ဘာ ၂၄
ရခိုင်ပြည်နယ်၌ ကျောင်းများပိတ်ထားခြင်းမရှိသော်လည်း ကျောင်းသားများအနေဖြင့် လုံခြုံရေးအရ ကျောင်းမတတ်နိုင်သည့် အခြေအနေများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA သည် ပြီးခဲ့သော နိုဝင်ဘာလ (၁၃)ရက်မှစ၍ ရခိုင်ပြည်နယ်၌ တကျော့ပြန်စစ်ပွဲများကို ပြန်လည်ဖော်ဆောင်ခဲ့မှုကြောင့် ဒေသခံပြည်သူများအနေဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်မှုများရှိခဲ့သည်။
လက်တလော စစ်ပွဲကာလအတွင်း၌ ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ရခိုင်ပြည်နယ်(မြောက်ပိုင်း) ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ မြောက်ဦး နှင့် စစ်တွေ စသည့် မြို့နယ်(၁၀)မြို့နယ်၌ စာသင် ကျောင်း ၁၂၀၀ ခန့်ပိတ်ထားကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေမှုများရှိနေသည်။
ထိုသို့ ရေးသားဖြန့်ဝေမှုများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စာသင်ကျောင်းများပိတ်ထားမှုမရှိဘဲ ကျောင်းများပုံမှန်အတိုင်း ဖွင့်လှစ်လျက်ရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်ဟု နစကဘက်က ပြန်လည်တုံ့ပြန်ထားသည်။
"စစ်တွေမှာ မနက်ကတောင် စာသင်ကျောင်းကို သွားတဲ့ကလေးတွေ တွေ့လိုက်သေးတယ်။ တခြားမြို့တွေမှာ ကိုယ်မြင်သလောက်တော့ ဖွင့်နိုင်မှာ မဟုတ်ဘူး။ ပညာရေးဘက်ကတော့ ပိတ်တာ မဟုတ်ဘူး။ ကျောင်းတတ်တဲ့ ကလေးတွေ မသွားရဲတာ။ မိဘတွေ မလွှတ်ရဲတာပေါ့။ မြို့ပေါ်မှာ မနေရဲအောင် တစ်ဖက်က ဖိအားပေးတာတွေ ရှိတယ်။ မြောက်ဦးဘက်မှာကျတော့ မြို့ပေါ်မှာ မနေနဲ့ရှောင်ကြလို့ အဲဒီလိုမျိုးတွေ သတင်းလွှင့်တဲ့အခါကျ လူတွေက ကောလာဟလကြောင့် ရွာတွေဘက်ကို တိမ်းရှောင်နေကြတာတွေရှိတော့ ကျောင်းဘယ်တတ်နိုင်မလဲ။ အဲဒီလိုပုံစံမျိုးလေးတွေလည်းရှိတယ်"ဟု စစ်တွေမြို့ခံတစ်ဦးက NP News ကို ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့၌ အခြေခံပညာကျောင်းများကို ပုံမှန်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး အခြားသောမြို့များ၌ ကျောင်းများပိတ်ထားခြင်းမရှိသော်လည်း လုံခြုံရေးအခြေအနေအရ လာရောက်ကျောင်းမတတ်နိုင်သည့် ကျောင်းသားများရှိနေသည့်အတွက် ကျောင်းပိတ်ထားရသည့်အခြေ အနေများလည်းရှိနေကြောင်း ဒေသခံများက ပြောသည်။
"ပုဏ္ဏားကျွန်းမြို့မှာ အ.ထ.ကကျောင်း (၂)ကျောင်း၊ မူလတန်းကျောင်း (၄)ကျောင်းရှိတယ်။ ခုတော့ ပိတ်ထားတယ်။ မိဘတွေက ကြောက်ပြီးတော့ ကျောင်းမပို့ရဲတာပါ"ဟု ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက NP News ကို ပြောသည်။
ဒေသခံများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် ပညာရေးနှင့်ပတ်သက်၍ မဟုတ်မမှန်ရေးသားဖြန့်ဝေသည့် သတင်းများကို မယုံကြည်ရန် နှင့် မိမိတို့၏ သားသမီးများ၏ ပညာရေးကို ဆက်လက်အားပေးရန် လိုအပ်ကြောင်း နစကမှ တိုက်တွန်းပြောကြားထားသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ၎င်းတိုက်ပွဲများကြောင့် ရေကြောင်း၊ ကုန်းကြောင်း လမ်းပန်းဆက်သွယ်ရေးသည်လည်း ပိတ်ဆို့ရပ်တန့်လျက်ရှိသည်။

zawgyi version
ရခိုင္ျပည္နယ္၌ ေက်ာင္းမ်ားပိတ္ထားျခင္းမရွိေသာ္လည္း ေက်ာင္းသားမ်ားအေနျဖင့္ လုံၿခဳံေရးအရ ေက်ာင္းမတတ္ႏိုင္သည့္အေျခအေနမ်ားရွိေန
Pearl (NP News) - ႏိုဝင္ဘာ ၂၄
ရခိုင္ျပည္နယ္၌ ေက်ာင္းမ်ားပိတ္ထားျခင္းမရွိေသာ္လည္း ေက်ာင္းသားမ်ားအေနျဖင့္ လုံၿခဳံေရးအရ ေက်ာင္းမတတ္ႏိုင္သည့္ အေျခအေနမ်ားရွိေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ရခိုင္လက္နက္ကိုင္အဖြဲ႕ ULA/AA သည္ ၿပီးခဲ့ေသာ ႏိုဝင္ဘာလ (၁၃)ရက္မွစ၍ ရခိုင္ျပည္နယ္၌ တေက်ာ့ျပန္စစ္ပြဲမ်ားကို ျပန္လည္ေဖာ္ေဆာင္ခဲ့မႈေၾကာင့္ ေဒသခံျပည္သူမ်ားအေနျဖင့္ ေနရပ္စြန႔္ခြာ ထြက္ေျပးတိမ္းေရွာင္မႈမ်ားရွိခဲ့သည္။
လက္တေလာ စစ္ပြဲကာလအတြင္း၌ ရခိုင္ျပည္နယ္တြင္ လက္နက္ကိုင္မ်ား၏ အၾကမ္းဖက္လုပ္ရပ္မ်ားေၾကာင့္ ရခိုင္ျပည္နယ္(ေျမာက္ပိုင္း) ဘူးသီးေတာင္၊ ေမာင္ေတာ၊ ရေသ့ေတာင္၊ ပုဏၰားကြၽန္း၊ ေပါက္ေတာ၊ မင္းျပား၊ ေျမပုံ၊ ေက်ာက္ေတာ္၊ ေျမာက္ဦး ႏွင့္ စစ္ေတြ စသည့္ ၿမိဳ႕နယ္(၁၀)ၿမိဳ႕နယ္၌ စာသင္ ေက်ာင္း ၁၂၀၀ ခန႔္ပိတ္ထားေၾကာင္း လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ေရးသားျဖန႔္ေဝမႈမ်ားရွိေနသည္။
ထိုသို႔ ေရးသားျဖန႔္ေဝမႈမ်ားႏွင့္ပတ္သက္၍ ရခိုင္ျပည္နယ္ေျမာက္ပိုင္းတြင္ စာသင္ေက်ာင္းမ်ားပိတ္ထားမႈမရွိဘဲ ေက်ာင္းမ်ားပုံမွန္အတိုင္း ဖြင့္လွစ္လ်က္ရွိေၾကာင္း ရခိုင္ျပည္နယ္ ပညာေရးမႉး႐ုံးမွ တာဝန္ရွိသူတစ္ဦး၏ ေျပာၾကားခ်က္အရ သိရွိရသည္ဟု နစကဘက္က ျပန္လည္တုံ႔ျပန္ထားသည္။
"စစ္ေတြမွာ မနက္ကေတာင္ စာသင္ေက်ာင္းကို သြားတဲ့ကေလးေတြ ေတြ႕လိုက္ေသးတယ္။ တျခားၿမိဳ႕ေတြမွာ ကိုယ္ျမင္သေလာက္ေတာ့ ဖြင့္ႏိုင္မွာ မဟုတ္ဘူး။ ပညာေရးဘက္ကေတာ့ ပိတ္တာ မဟုတ္ဘူး။ ေက်ာင္းတတ္တဲ့ ကေလးေတြ မသြားရဲတာ။ မိဘေတြ မလႊတ္ရဲတာေပါ့။ ၿမိဳ႕ေပၚမွာ မေနရဲေအာင္ တစ္ဖက္က ဖိအားေပးတာေတြ ရွိတယ္။ ေျမာက္ဦးဘက္မွာက်ေတာ့ ၿမိဳ႕ေပၚမွာ မေနနဲ႔ေရွာင္ၾကလို႔ အဲဒီလိုမ်ိဳးေတြ သတင္းလႊင့္တဲ့အခါက် လူေတြက ေကာလာဟလေၾကာင့္ ႐ြာေတြဘက္ကို တိမ္းေရွာင္ေနၾကတာေတြရွိေတာ့ ေက်ာင္းဘယ္တတ္ႏိုင္မလဲ။ အဲဒီလိုပုံစံမ်ိဳးေလးေတြလည္းရွိတယ္"ဟု စစ္ေတြၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။
လက္ရွိတြင္ ရခိုင္ျပည္နယ္ရွိ စစ္ေတြၿမိဳ႕၌ အေျခခံပညာေက်ာင္းမ်ားကို ပုံမွန္ဖြင့္လွစ္သင္ၾကားေပးလ်က္ရွိၿပီး အျခားေသာၿမိဳ႕မ်ား၌ ေက်ာင္းမ်ားပိတ္ထားျခင္းမရွိေသာ္လည္း လုံၿခဳံေရးအေျခအေနအရ လာေရာက္ေက်ာင္းမတတ္ႏိုင္သည့္ ေက်ာင္းသားမ်ားရွိေနသည့္အတြက္ ေက်ာင္းပိတ္ထားရသည့္အေျခ အေနမ်ားလည္းရွိေနေၾကာင္း ေဒသခံမ်ားက ေျပာသည္။
"ပုဏၰားကြၽန္းၿမိဳ႕မွာ အ.ထ.ကေက်ာင္း (၂)ေက်ာင္း၊ မူလတန္းေက်ာင္း (၄)ေက်ာင္းရွိတယ္။ ခုေတာ့ ပိတ္ထားတယ္။ မိဘေတြက ေၾကာက္ၿပီးေတာ့ ေက်ာင္းမပို႔ရဲတာပါ"ဟု ပုဏၰားကြၽန္းၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။
ေဒသခံမ်ားအေနျဖင့္ လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ပညာေရးႏွင့္ပတ္သက္၍ မဟုတ္မမွန္ေရးသားျဖန႔္ေဝသည့္ သတင္းမ်ားကို မယုံၾကည္ရန္ ႏွင့္ မိမိတို႔၏ သားသမီးမ်ား၏ ပညာေရးကို ဆက္လက္အားေပးရန္ လိုအပ္ေၾကာင္း နစကမွ တိုက္တြန္းေျပာၾကားထားသည္။
လက္ရွိတြင္ ရခိုင္ျပည္နယ္၌ တပ္မေတာ္ႏွင့္ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA တို႔ၾကား တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိၿပီး ၎တိုက္ပြဲမ်ားေၾကာင့္ ေရေၾကာင္း၊ ကုန္းေၾကာင္း လမ္းပန္းဆက္သြယ္ေရးသည္လည္း ပိတ္ဆို႔ရပ္တန႔္လ်က္ရွိသည္။