ပါကစ္စတန်နိုင်ငံရှိ ဈေးဝယ်စင်တာတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၉)ဦးသေဆုံး

473
Pika (NP News) - နိုဝင်ဘာ ၂၅
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချီမြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၉)ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများနှင့် ဒေသတွင်းမီဒီယာများက နိုဝင်ဘာလ(၂၅)ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
ပါကစ္စတန်နိုင်ငံ ကရာချီမြို့ရှိ အထပ်ပေါင်းများစွာရှိသော RJ ဈေးဝယ်စင်တာတွင် နိုဝင်ဘာလ(၂၅)ရက်၊ နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့သည် လူ(၅၀)ခန့်ကို ဈေးဝယ်စင်တာအတွင်းမှ ကယ်ထုတ်နိုင်ခဲ့သော်လည်း အထဲတွင် လူများစွာကျန်ရှိနေသေးကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
ကရာချီမြို့တော်ဝန် Murtaza Wahab Siddiqui က"မီးလောင်မှုကြောင့် သေဆုံးခဲ့တဲ့ အနည်းဆုံးလူ(၉)ဦးရဲ့ ရုပ်အလောင်းတွေကို ဒေသတွင်းဆေးရုံကို ပို့ဆောင်ပြီးပါပြီ။ မီးလောင်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ လူအများအပြားကလည်း ဆေးရုံမှာ ဆေးကုသမှုတွေ ခံယူနေပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုတော့ ဆက်လက်လုပ်ဆောင်နေပါတယ်"ဟု ပြောဆိုခဲ့သည်။
သို့သော်လည်း အဆိုပါမီးလောင်ကျွမ်းမှု ဖြစ်ပွားရသည့်အကြောင်းရင်းကို လက်ရှိအချိန်အထိ ရှင်းရှင်း လင်းလင်းမသိရှိရသေးကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

zawgyi version
ပါကစၥတန္ႏိုင္ငံရွိ ေဈးဝယ္စင္တာတစ္ခုတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၉)ဦးေသဆုံး
Pika (NP News) - ႏိုဝင္ဘာ ၂၅
ပါကစၥတန္ႏိုင္ငံေတာင္ပိုင္း ကရာခ်ီၿမိဳ႕ရွိ ေဈးဝယ္စင္တာတစ္ခုတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၉)ဦးေသဆုံးခဲ့ေၾကာင္း တာဝန္ရွိသူမ်ားႏွင့္ ေဒသတြင္းမီဒီယာမ်ားက ႏိုဝင္ဘာလ(၂၅)ရက္တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။
ပါကစၥတန္ႏိုင္ငံ ကရာခ်ီၿမိဳ႕ရွိ အထပ္ေပါင္းမ်ားစြာရွိေသာ RJ ေဈးဝယ္စင္တာတြင္ ႏိုဝင္ဘာလ(၂၅)ရက္၊ နံနက္အေစာပိုင္းက မီးေလာင္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး မီးသတ္တပ္ဖြဲ႕သည္ လူ(၅၀)ခန႔္ကို ေဈးဝယ္စင္တာအတြင္းမွ ကယ္ထုတ္ႏိုင္ခဲ့ေသာ္လည္း အထဲတြင္ လူမ်ားစြာက်န္ရွိေနေသးေၾကာင္း အာဏာပိုင္မ်ားကေျပာၾကားခဲ့သည္။
ကရာခ်ီၿမိဳ႕ေတာ္ဝန္ Murtaza Wahab Siddiqui က"မီးေလာင္မႈေၾကာင့္ ေသဆုံးခဲ့တဲ့ အနည္းဆုံးလူ(၉)ဦးရဲ႕ ႐ုပ္အေလာင္းေတြကို ေဒသတြင္းေဆး႐ုံကို ပို႔ေဆာင္ၿပီးပါၿပီ။ မီးေလာင္မႈအတြင္း ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့ လူအမ်ားအျပားကလည္း ေဆး႐ုံမွာ ေဆးကုသမႈေတြ ခံယူေနပါတယ္။ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကိုေတာ့ ဆက္လက္လုပ္ေဆာင္ေနပါတယ္"ဟု ေျပာဆိုခဲ့သည္။
သို႔ေသာ္လည္း အဆိုပါမီးေလာင္ကြၽမ္းမႈ ျဖစ္ပြားရသည့္အေၾကာင္းရင္းကို လက္ရွိအခ်ိန္အထိ ရွင္းရွင္း လင္းလင္းမသိရွိရေသးေၾကာင္း အာဏာပိုင္မ်ားကေျပာၾကားခဲ့သည္။