ကြော်ငြာဆိုင်းဘုတ်ပေါ်တက်နေသော လူငယ်ကြောင့် လူအများ စိုးရိမ်ခဲ့ရသော်လည်း အချိန်မီ ကယ်တင်နိုင်ခဲ့

412

သန့်ဇင် (NP News) - စက်တင်ဘာ ၁၉
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကြော်ငြာဆိုင်းဘုတ်ပေါ်တက်နေသော လူငယ်ကြောင့် လူအများ စိုးရိမ်ခဲ့ရသော်လည်း အချိန်မီ ကယ်တင်နိုင်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ယင်းဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာ ၁၈ ရက်)၊ ညနေ ၅ နာရီ ၁ဝ မိနစ်အချိန်ခန့်က ဘားအံမြို့နယ်၊ ဘားအံ-လှိုင်ဘွဲ့ကားလမ်းဘေး၊ မဲဘောင်တံတားအနီး ဆိုင်းဘုတ်ပေါ်တွင် တက်ကာခုန်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တက္ကသိုလ်တတိယနှစ် မြန်မာစာကျောင်းသားလို့တော့ အကြမ်းဖျင်းသိရတယ်။ အသက် (၂၀)ကျော်လောက်ပဲရှိ မယ်။ ဘာဖြစ်လို့လဲတော့ မသိဘူး။ ကျွန်တော်တို့ရောက်သွားတော့ ဖျောင်းဖျကြည့်သေးတယ်မရဘူးပေါ့။ အပေါ်မှာ ဖုန်းနဲ့ နားကြပ်နဲ့ကနေတာမျိုးတွေလုပ် သွားတာမျိုးတွေလုပ်သွားတာ။ ကျွန်တော်တို့မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့်ပူးပေါင်းပြီးလုပ်ဆောင်တာတော့ ကရိန်းနဲ့သူ့အပေါ်ကို ဖျောင်းဖျတယ်။ ကရိန်းအနားရောက်တော့ ခုန်ချမယ်လုပ်တော့ အောက်ကနေ အသက်ကယ်ဖော့နဲ့ခံပြီး ကယ်လိုက်ရတာပေါ့” ဟု ဒေသခံလူမှုကူညီ ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ခုန်ချသူအမျိုးသားမှာ ဘားအံတက္ကသိုလ်မှ မြန်မာစာတတိယနှစ်ကျောင်းသားတစ်ဦးဖြစ်ပြီး ဘားအံမြို့နယ်၊ ကော့ကလွေကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရကာ အခင်းဖြစ်ချိန်တွင် မိခင်လည်း ရောက်လာကာ သားဖြစ်သူကို ဖျောင့်ဖျခဲ့ရသည်။
“လူအုပ်များများနဲ့ ကယ်လိုက်တော့ အောက်ရောက်တော့ ခုန်ချတဲ့အရှိန်နဲ့ ကြောက်ပြီးတက်သွားသေးတယ်။ အဲဒါနဲ့ ကမန်းကတန်း ဆေးရုံပို့ခဲ့ရတာ။ အလုပ်တော့ရှုပ်သွားတာပေါ့။ ဘားအံမြို့က နာမည်ကြီးချင်ရင် အဲဒီလိုပဲ” ဟု ၎င်းက ဆက်ပြောသည်။
ထို့နောက် ခုန်ချသူအမျိုးသားကို ဘားအံမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေၾကာ္ျငာဆိုင္းဘုတ္ေပၚတက္ေနေသာ လူငယ္ေၾကာင့္ လူအမ်ား စိုးရိမ္ခဲ့ရေသာ္လည္း အခ်ိန္မီ ကယ္တင္ႏိုင္ခဲ့
သန႔္ဇင္ (NP News) - စက္တင္ဘာ ၁၉
ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕တြင္ ေၾကာ္ျငာဆိုင္းဘုတ္ေပၚတက္ေနေသာ လူငယ္ေၾကာင့္ လူအမ်ား စိုးရိမ္ခဲ့ရေသာ္လည္း အခ်ိန္မီ ကယ္တင္ႏိုင္ခဲ့ေၾကာင္း ေဒသခံမ်ားထံက သိရသည္။
ယင္းျဖစ္စဥ္မွာ ယမန္ေန႔ (စက္တင္ဘာ ၁၈ ရက္)၊ ညေန ၅ နာရီ ၁ဝ မိနစ္အခ်ိန္ခန႔္က ဘားအံၿမိဳ႕နယ္၊ ဘားအံ-လႈိင္ဘြဲ႕ကားလမ္းေဘး၊ မဲေဘာင္တံတားအနီး ဆိုင္းဘုတ္ေပၚတြင္ တက္ကာခုန္ခ်ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“တကၠသိုလ္တတိယႏွစ္ ျမန္မာစာေက်ာင္းသားလို႔ေတာ့ အၾကမ္းဖ်င္းသိရတယ္။ အသက္ (၂၀)ေက်ာ္ေလာက္ပဲရွိ မယ္။ ဘာျဖစ္လို႔လဲေတာ့ မသိဘူး။ ကြၽန္ေတာ္တို႔ေရာက္သြားေတာ့ ေဖ်ာင္းဖ်ၾကည့္ေသးတယ္မရဘူးေပါ့။ အေပၚမွာ ဖုန္းနဲ႔ နားၾကပ္နဲ႔ကေနတာမ်ိဳးေတြလုပ္ သြားတာမ်ိဳးေတြလုပ္သြားတာ။ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕ႏွင့္ပူးေပါင္းၿပီးလုပ္ေဆာင္တာေတာ့ ကရိန္းနဲ႔သူ႔အေပၚကို ေဖ်ာင္းဖ်တယ္။ ကရိန္းအနားေရာက္ေတာ့ ခုန္ခ်မယ္လုပ္ေတာ့ ေအာက္ကေန အသက္ကယ္ေဖာ့နဲ႔ခံၿပီး ကယ္လိုက္ရတာေပါ့” ဟု ေဒသခံလူမႈကူညီ ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ခုန္ခ်သူအမ်ိဳးသားမွာ ဘားအံတကၠသိုလ္မွ ျမန္မာစာတတိယႏွစ္ေက်ာင္းသားတစ္ဦးျဖစ္ၿပီး ဘားအံၿမိဳ႕နယ္၊ ေကာ့ကေလြေက်း႐ြာတြင္ ေနထိုင္သူျဖစ္ေၾကာင္း သိရကာ အခင္းျဖစ္ခ်ိန္တြင္ မိခင္လည္း ေရာက္လာကာ သားျဖစ္သူကို ေဖ်ာင့္ဖ်ခဲ့ရသည္။
“လူအုပ္မ်ားမ်ားနဲ႔ ကယ္လိုက္ေတာ့ ေအာက္ေရာက္ေတာ့ ခုန္ခ်တဲ့အရွိန္နဲ႔ ေၾကာက္ၿပီးတက္သြားေသးတယ္။ အဲဒါနဲ႔ ကမန္းကတန္း ေဆး႐ုံပို႔ခဲ့ရတာ။ အလုပ္ေတာ့ရႈပ္သြားတာေပါ့။ ဘားအံၿမိဳ႕က နာမည္ႀကီးခ်င္ရင္ အဲဒီလိုပဲ” ဟု ၎က ဆက္ေျပာသည္။
ထို႔ေနာက္ ခုန္ခ်သူအမ်ိဳးသားကို ဘားအံၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။