ဆောင်းရာသီတွင် ယူကရိန်းကိုတိုက်ခိုက်ရန်အတွက် ဒုံးကျည်အများအပြားကို ရုရှားက သိုလှောင်ထားကြောင်း နေတိုးအဖွဲ့အကြီးအကဲပြော

 1065

Pika (NP News) - နိုဝင်ဘာ ၃ဝ

ရုရှားစစ်တပ်သည် လာမည့်ဆောင်းရာသီတွင် ယူကရိန်းအခြေခံအဆောက်အဦးများကို တိုက်ခိုက်ရန်အတွက် ဒုံးကျည်အများအပြားကို စုဆောင်းသိုလှောင်ထားကြောင်း နေတိုးအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် ဂျန်စတိုလ် တန်ဘာ့ချ်က နိုဝင်ဘာလ(၂၉)ရက်တွင် ပြောကြားခဲ့သည်။

ဘရပ်ဆဲလ်မြို့တွင် ကျင်းပသော နေတိုးအဖွဲ့နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးတွင် ဂျန်စတိုလ် တန်ဘာ့ချ်က အနောက်အုပ်စုနိုင်ငံများအနေဖြင့် ရုရှားနိုင်ငံကို အထင်မသေးသင့်ကြောင်း ထပ်မံပြောခဲ့သည်။

၎င်း က "ရုရှားဟာ ဆောင်းရာသီမတိုင်မီ ဒုံးကျည်အများအပြား စုဆောင်းထားပါတယ်။ ယူကရိန်းရဲ့ ဓါတ်အားလိုင်း နဲ့ စွမ်းအင်အခြေခံအဆောက်အဦးတွေအပေါ် တိုက်ခိုက်ဖို့ကြိုးပမ်းမှုအသစ်တွေ၊ ယူကရိန်းကို မှောင်မဲပြီးအေးခဲနေ တဲ့အချိန်မှာထားဖို့ ကြိုးပမ်းမှုတွေကို ကျွန်တော်တို့ မြင်တွေ့ရတော့မှာပါ" ဟု ပြောခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် ဆောင်းရာသီကြောင့် ယူကရိန်းတပ်ဖွဲ့များ၏ ရှေ့တန်းစစ်မြေမျက်နှာပြင်တွင် တိုက်ခိုက်မှုများ နှေးကွေးခဲ့ချိန်တွင် ရုရှားသည် ယူကရိန်းစစ်တပ်နှင့် အခြေခံအဆောက်အဦးများအား ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုကို စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ဒုံးကျည်များ နှင့် ဒရုန်းများကို ရေဒါ နှင့် တိုက်လေယာဉ်ပစ် စနစ်များ၊ လောင်စာဆီ နှင့် ခဲယမ်းမီးကျည် သိုလှောင်ရုံများ၊ ယူကရိန်းတပ်ဖွဲ့ဝင်များ နှင့် နေရာအများအပြားရှိ စစ်လက်နက်ပစ္စည်းများကို တိုက်ခိုက်ရန်အတွက် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ(၂၉)ရက်တွင် ထုတ်ပြန်ပြောခဲ့သည်။

နိုဝင်ဘာလ(၂၅)ရက်က ပြုလုပ်ခဲ့သော ဒရုန်းဖြင့်တိုက်ခိုက်မှုများသည် ယူကရိန်းမြို့တော်ကိယက်ဗ် နှင့် အနီးတစ်ဝိုက်ဒေသများတွင်ရှိသော စွမ်းအင်အခြေခံအဆောက်အဦးများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန က ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတဇီလန်စကီးသည် ၎င်း၏ အနောက်အုပ်စုကျောထောက်နောက်ခံနိုင်ငံများထံမှ ပိုမိုကောင်းမွန် သော လေကြောင်းရန်ကာကွယ်ရေးစနစ်များကို လပေါင်းများစွာ တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ သို့သော် လည်း အမေရိကန်နိုင်ငံသည် ပြီးခဲ့သည့်နှစ်တည်းက ဇီလန်စကီးကတောင်းဆိုခဲ့သော ပက်ထရီယော့ ဘက်ထရီ များထက် NASAMS လေကြောင်းရန်ကာကွယ်ရေးစနစ်များအတွက် ခဲယမ်းမီးကျည်များ အပါအဝင် ပိုမိုကောင်းမွန် သော လေကြောင်းရန်ကာကွယ်ရေးစနစ်များကိုပေးပို့နိုင်မည့်အနေအထားတွင်မရှိသေးကြောင်း သိရသည်။

Zawgyi Version;
ေဆာင္းရာသီတြင္ ယူကရိန္းကိုတိုက္ခိုက္ရန္အတြက္ ဒုံးက်ည္အမ်ားအျပားကို ႐ုရွားက သိုေလွာင္ထားေၾကာင္း ေနတိုးအဖြဲ႕အႀကီးအကဲေျပာ
Pika (NP News) - ႏိုဝင္ဘာ ၃ဝ

႐ုရွားစစ္တပ္သည္ လာမည့္ေဆာင္းရာသီတြင္ ယူကရိန္းအေျခခံအေဆာက္အဦးမ်ားကို တိုက္ခိုက္ရန္အတြက္ ဒုံးက်ည္အမ်ားအျပားကို စုေဆာင္းသိုေလွာင္ထားေၾကာင္း ေနတိုးအဖြဲ႕အေထြေထြအတြင္းေရးမႉးခ်ဳပ္ ဂ်န္စတိုလ္ တန္ဘာ့ခ်္က ႏိုဝင္ဘာလ(၂၉)ရက္တြင္ ေျပာၾကားခဲ့သည္။

ဘရပ္ဆဲလ္ၿမိဳ႕တြင္ က်င္းပေသာ ေနတိုးအဖြဲ႕ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးအၿပီးတြင္ ဂ်န္စတိုလ္ တန္ဘာ့ခ်္က အေနာက္အုပ္စုႏိုင္ငံမ်ားအေနျဖင့္ ႐ုရွားႏိုင္ငံကို အထင္မေသးသင့္ေၾကာင္း ထပ္မံေျပာခဲ့သည္။

၎ က "႐ုရွားဟာ ေဆာင္းရာသီမတိုင္မီ ဒုံးက်ည္အမ်ားအျပား စုေဆာင္းထားပါတယ္။ ယူကရိန္းရဲ႕ ဓါတ္အားလိုင္း နဲ႔ စြမ္းအင္အေျခခံအေဆာက္အဦးေတြအေပၚ တိုက္ခိုက္ဖို႔ႀကိဳးပမ္းမႈအသစ္ေတြ၊ ယူကရိန္းကို ေမွာင္မဲၿပီးေအးခဲေန တဲ့အခ်ိန္မွာထားဖို႔ ႀကိဳးပမ္းမႈေတြကို ကြၽန္ေတာ္တို႔ ျမင္ေတြ႕ရေတာ့မွာပါ" ဟု ေျပာခဲ့သည္။

ၿပီးခဲ့သည့္ႏွစ္တြင္ ေဆာင္းရာသီေၾကာင့္ ယူကရိန္းတပ္ဖြဲ႕မ်ား၏ ေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္တြင္ တိုက္ခိုက္မႈမ်ား ေႏွးေကြးခဲ့ခ်ိန္တြင္ ႐ုရွားသည္ ယူကရိန္းစစ္တပ္ႏွင့္ အေျခခံအေဆာက္အဦးမ်ားအား ဒုံးက်ည္မ်ား၊ ဒ႐ုန္းမ်ားျဖင့္ တိုက္ခိုက္မႈကို စတင္လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။ ဒုံးက်ည္မ်ား ႏွင့္ ဒ႐ုန္းမ်ားကို ေရဒါ ႏွင့္ တိုက္ေလယာဥ္ပစ္ စနစ္မ်ား၊ ေလာင္စာဆီ ႏွင့္ ခဲယမ္းမီးက်ည္ သိုေလွာင္႐ုံမ်ား၊ ယူကရိန္းတပ္ဖြဲ႕ဝင္မ်ား ႏွင့္ ေနရာအမ်ားအျပားရွိ စစ္လက္နက္ပစၥည္းမ်ားကို တိုက္ခိုက္ရန္အတြက္ အသုံးျပဳခဲ့ျခင္းျဖစ္ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ႏိုဝင္ဘာလ(၂၉)ရက္တြင္ ထုတ္ျပန္ေျပာခဲ့သည္။

ႏိုဝင္ဘာလ(၂၅)ရက္က ျပဳလုပ္ခဲ့ေသာ ဒ႐ုန္းျဖင့္တိုက္ခိုက္မႈမ်ားသည္ ယူကရိန္းၿမိဳ႕ေတာ္ကိယက္ဗ္ ႏွင့္ အနီးတစ္ဝိုက္ေဒသမ်ားတြင္ရွိေသာ စြမ္းအင္အေျခခံအေဆာက္အဦးမ်ားကို ပစ္မွတ္ထား တိုက္ခိုက္ခဲ့ျခင္းျဖစ္ ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန က ေျပာၾကားခဲ့သည္။

ယူကရိန္းသမၼတဇီလန္စကီးသည္ ၎၏ အေနာက္အုပ္စုေက်ာေထာက္ေနာက္ခံႏိုင္ငံမ်ားထံမွ ပိုမိုေကာင္းမြန္ ေသာ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ားကို လေပါင္းမ်ားစြာ ေတာင္းဆိုခဲ့ေၾကာင္းလည္း သိရသည္။ သို႔ေသာ္ လည္း အေမရိကန္ႏိုင္ငံသည္ ၿပီးခဲ့သည့္ႏွစ္တည္းက ဇီလန္စကီးကေတာင္းဆိုခဲ့ေသာ ပက္ထရီေယာ့ ဘက္ထရီ မ်ားထက္ NASAMS ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ားအတြက္ ခဲယမ္းမီးက်ည္မ်ား အပါအဝင္ ပိုမိုေကာင္းမြန္ ေသာ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ားကိုေပးပို႔ႏိုင္မည့္အေနအထားတြင္မရွိေသးေၾကာင္း သိရသည္။

Picture

L Mone

30/11/2023 22:26

မြန်မာကိုယူကရိန်းလို..ဖြစ်စေချင်နေသော .ထိုင်ဝမ်ဟာ...ရန်သူစ်စစ်...ဖြစ်သွားပါပီ

Related news

© 2021. All rights reserved.