တရုတ်နိုင်ငံနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ပွားလာစေဖို့ ကြိုးပမ်းမှာ မဟုတ်ဘူးလို့ အမေရိကန်ပြော

148

Pika (NP News) - စက်တင်ဘာ ၁၄
တရုတ်နိုင်ငံနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ပွားလာစေဖို့ အမေရိကန်က ကြိုးပမ်းမှာမဟုတ်ဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတီဟတ်ဆတ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပီတီဟတ်ဆတ်ဟာ တရုတ်ကာကွယ်ရေး ဝန်ကြီး ဒေါင်ဂျန်နဲ့ပထမဆုံးအကြိမ်ဖုန်းခေါ်ဆိုမှုအတွင်း ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ အမေရိကန် နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ ပီတီဟတ်ဆတ်နဲ့ ဒေါင်ဂျန်တို့ရဲ့ဖုန်းပြောဆိုမှုထွက်ပေါ် လာတာဖြစ်ပါတယ်။
ဒါ့ပြင် တရုတ်နိုင်ငံရဲ့ခြိမ်းခြောက်မှုဟာ အမှန်တကယ်ဖြစ်ပြီး မကြာခင်အချိန်အတွင်းဖြစ်ပွားလာနိုင်တယ်လို့ ပီတီဟတ်ဆတ်ကပြောကြားခဲ့ပြီး အာရှ-ပစိဖိတ်ဒေသမှာရှိတဲ့နိုင်ငံတွေကို စစ်အသုံးစရိတ်တိုးမြှင့်ဖို့ ပြီးခဲ့တဲ့ မေလမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက လုပ်ဆောင်ခဲ့တဲ့ ဖုန်းခေါ်ဆိုမှုအတွင်း အမေရိကန် ဟာ ထိပ်တိုက်တွေ့ဆုံမှုအပြင် တရုတ်မှာ အစိုးရအပြောင်းအလဲတွေဖြစ်အောင် ကြိုးပမ်းနေတာမျိုးမရှိဘူးလို့ ပီတီဟတ်ဆတ်က အလေးပေးပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အမေရိကန်ဟာ အာရှ-ပစိဖိတ်ဒေသမှာရှိတဲ့ ၎င်းရဲ့ အရေးပါတဲ့အကျိုးစီးပွားတွေကို ပြတ်ပြတ်သားသား ကာကွယ်သွားမှာဖြစ်တယ်လို့ ပီတီဟတ်ဆတ်က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံနဲ႔ ထိပ္တိုက္ေတြ႕ဆုံမႈေတြျဖစ္ပြားလာေစဖို႔ ႀကိဳးပမ္းမွာ မဟုတ္ဘူးလို႔ အေမရိကန္ေျပာ
Pika (NP News) - စက္တင္ဘာ ၁၄
တ႐ုတ္ႏိုင္ငံနဲ႔ ထိပ္တိုက္ေတြ႕ဆုံမႈေတြျဖစ္ပြားလာေစဖို႔ အေမရိကန္က ႀကိဳးပမ္းမွာမဟုတ္ဘူးလို႔ အေမရိကန္ ကာကြယ္ေရးဝန္ႀကီး ပီတီဟတ္ဆတ္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ပီတီဟတ္ဆတ္ဟာ တ႐ုတ္ကာကြယ္ေရး ဝန္ႀကီး ေဒါင္ဂ်န္နဲ႔ပထမဆုံးအႀကိမ္ဖုန္းေခၚဆိုမႈအတြင္း ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။ အေမရိကန္ နဲ႔ တ႐ုတ္ႏိုင္ငံၾကား တင္းမာမႈေတြျမင့္တက္ေနခ်ိန္မွာပဲ ပီတီဟတ္ဆတ္နဲ႔ ေဒါင္ဂ်န္တို႔ရဲ႕ဖုန္းေျပာဆိုမႈထြက္ေပၚ လာတာျဖစ္ပါတယ္။
ဒါ့ျပင္ တ႐ုတ္ႏိုင္ငံရဲ႕ၿခိမ္းေျခာက္မႈဟာ အမွန္တကယ္ျဖစ္ၿပီး မၾကာခင္အခ်ိန္အတြင္းျဖစ္ပြားလာႏိုင္တယ္လို႔ ပီတီဟတ္ဆတ္ကေျပာၾကားခဲ့ၿပီး အာရွ-ပစိဖိတ္ေဒသမွာရွိတဲ့ႏိုင္ငံေတြကို စစ္အသုံးစရိတ္တိုးျမႇင့္ဖို႔ ၿပီးခဲ့တဲ့ ေမလမွာ တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက လုပ္ေဆာင္ခဲ့တဲ့ ဖုန္းေခၚဆိုမႈအတြင္း အေမရိကန္ ဟာ ထိပ္တိုက္ေတြ႕ဆုံမႈအျပင္ တ႐ုတ္မွာ အစိုးရအေျပာင္းအလဲေတြျဖစ္ေအာင္ ႀကိဳးပမ္းေနတာမ်ိဳးမရွိဘူးလို႔ ပီတီဟတ္ဆတ္က အေလးေပးေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အေမရိကန္ဟာ အာရွ-ပစိဖိတ္ေဒသမွာရွိတဲ့ ၎ရဲ႕ အေရးပါတဲ့အက်ိဳးစီးပြားေတြကို ျပတ္ျပတ္သားသား ကာကြယ္သြားမွာျဖစ္တယ္လို႔ ပီတီဟတ္ဆတ္က ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။